(၂၀၂၁) ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းများနှင့်ဒုက္ခသည်များနေ့အတွက်ရဟန်းမင်းကြီးဖရန်စစ်၏သတင်းစကား

(၂၀၂၁) ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းများနှင့်ဒုက္ခသည်များနေ့အတွက်ရဟန်းမင်းကြီးဖရန်စစ်၏သတင်းစကား

ချစ်ခင်ရပါသောညီအစ်ကိုမောင်နှမအပေါင်းတို့

          ကျွန်ုပ်၏စာချွန်တော်ထဲ၌ ကျွန်ုပ်စိုးရိမ်ကြောင်းနှင့်မျှော်လင့်ကြောင်းထည့်သွင်းမိန့်ကြားခဲ့ပါသည်။ ထိုမိန့်ကြား ချက်ကား လက်ရှိကမ္ဘာကြီးကြုံတွေ့ရင်ဆိုင်နေသော ကပ်ရောဂါအရေးလွန်မြောက်သွားသောအခါ ကျွန်ုပ်တို့အတွက်ပို၍ ကြီးမားသောစိန်ခေါ်မှုကား အလွန်ထိတ်လန့်စရာကောင်းသောပေါပေါလောလောထုတ်၍ ပေါပေါလောလောသုံးဖြုန်း သည့်စနစ်နှင့်အတ္တကြီးစိုးသောပုံစံသစ်တစ်ရပ်ပေါ်လာမည်။ ဘုရားသခင်သည် ‘သူတို့’ ‘သူတို့ကို’ ကိုဦးစားပေးလုပ်စေချင်သော်လည်း ထိုကိုယ်ကျိုးကို သာတွက်သောပုံစံသစ်သည် ‘ကျွန်ုပ်တို့’ အတွက်ကိုသာစဉ်းစားတော့မည့် နေထိုင်မှုပုံစံဖြစ် သည်။ (စာချွန်တော်- ၃၅)

                ထို့ကြောင့် ယခုနှစ် ‘အပြည်ပြည်ဆိုင်ရာပြောင်းရွေ့များနှင့်ဒုက္ခသည်များနေ့’ အတွက်သတင်းစကားပါးရာ တွင် "အမြဲတစေ၊ ကျယ်ပြန့်စွာလုပ်ဆောင် နိုင်မှုဆီသို့"  ဆိုတဲ့ အကြောင်းအရာကို မိန့်ကြားလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံး ၏လောကအသက်တာခရီးဖြတ်လျှောက်ရာ၌ လူတိုင်းအတွက်အကျုံး၀င်စေရန်ဖြစ်သည်။ 

အများကိန်းနာမ်စား ‘ကျွန်ုပ်တို့’ ၏သမိုင်း

            ထိုလောကအသက်တာသည် ဘုရားသခင်၏ဖန်ဆင်းခြင်းအကြံစဉ်တော်၌ပါရှိပြီးဖြစ်သည်။ ဘုရားသခင်သည် အမျိုးသားနှင့်အမျိုးသမီးတို့ကိုသူ၏ပုံသဣာန်တော်အတိုင်းဖန်ဆင်းခဲ့သည်။ ဘုရားသခင်၄င်းတို့အားကောင်းကြီး လည်းပေးပြီး၊ ‘ပွားများကြရန်’ လည်းတာ၀န်လည်းပေးအပ်ခဲ့သည်။ (ကမ္ဘာဦး ၁း၂၇-၂၈) ဘုရားသခင်သည် ကျွန်ုပ်တို့ အားကျားနှင့်မဟူ၍ဖန်ဆင်းခဲ့သည်။ ခြားနားသော်လည်း မှီခိုအားကိုးကြရသည်။ သို့မှသာ ‘ကျွန်ုပ်’ ဟူသောအများကိန်း ကိုပေါ်လွင်စေမည်။ မွေးဖွားခြင်းဖြင့်တိုးပွားစေရမည်။ ဘုရားသခင်သည် လူတို့ကိုသူ၏ပုံသဣာန်တော်အတိုင်းဖန် ဆင်းတော်မူ၏။ ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား၏ ပုံသဣာန်တော်အတိုင်းဖန်ဆင်းခဲ့သည်။ ပုဂ္ဂိုလ်သုံးပါး၏ပုံသဣာန် တော်ကား ‘အသွင်ကွဲနေသော်လည်းစည်းလုံးလျှက်ရှိခြင်း’ ဖြစ်သည်။

            ဘုရားသခင်၏အမိန့်တော်ကိုနာမခံဘဲ ဘုရားသခင်နှင့်‌ဝေးကွာနေခဲ့သော်လည်း လူသားများသူနှင့်ပြန်လည် ကြေအေးနိုင်ရန် ဘုရားသခင်သည်လမ်းကြောင်းဖောက်ပေးခဲ့သည်။ ‘ကြည့်လော့။ ဘုရားသခင်စံမြန်းတော်မူ ရာအိမ် တော်သည် လူတို့နှင့်အတူရှိ၏။ ကိုယ်တော်သည် လူတို့နှင့်အတူစံမြန်းတော်မူ၍ သူတို့သည် ကိုယ်တော်၏လူမျိုးတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည်လည်း ကိုယ်တော်တိုင် သူတို့နှင့်အတူရှိတော်မူလိမ့်မည်။ ဘုရားသခင်ကိုမနာခံသော အခါ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ‌ေ၀းကွာသွား၏။ သို့သော်ဘုရားသခင်၏ချစ်ခြင်း၌ သူနှင့်ပြန်လည်သင့်မြတ်နိုင် ရန်ဘုရားသခင်လမ်းတော်ကိုဖောက်လုပ်ပေးသည်။ ထိုသင့်မြတ်ခြင်းသည် တစ်ဦးတစ်ယောက်စီအတွက်မဟုတ်ဘဲ လူ သားထုတစ်ရပ်လုံးအတွက်ဖြစ်သည်။ မည်သည့်ချွင်းချက်မျှမထားပေ။ ဗျာဒိတ်တော်ကျမ်း (၂၁း၃) ၌ဆိုထားသည်မှာ ‘ကြည့်လော့။ ဘုရားသခင်၏အိတ်တော်သည် သေကျေပျက်စီးတတ်သောလူသာများအလယ်တွင်ရှိနေသည်။ ဘုရားသ ခင်သည်လူသားတို့နှင့်သီတင်းသုံးတော်မမည်။ ဘုရားသခင်ကိုယ်တော်တိုင် လူသားတို့နှင့်ရှိနေပေမည်’ ဟုဆိုသည်။

            ကယ်တင်ခြင်းသမိုင်းသည် မည်သည့်အခါမျှ အနည်းကိန်း ‘ကျွန်ုပ်’ ဟူ၍မရှိ။ ‘ကျွန်ုပ်တို့’ ဟူသောနာမ်စားဖြင့် သာအစပျိုးခဲ့သည်။ ‘ကျွန်ုပ်တို့’ နာမ်စား၏ဗဟို၌သေခြင်းမှရှင်ပြန်ထမြောက်ပြီး၊ ဘုရားနှင့်လူသားများအားလုံး တစ် စည်းတစ်လုံးတည်းရှိသည့် ‘ခရစ္စတူး’ ၏နက်နဲရာတည်ရှိနေသည်။ (သံယောဟန် ၁၇း၂၁) လက်ရှိအချိန်၌ကား အဆိုပါ ‘ကျွန်ုပ်တို့’ နာမ်စားအစိပ်စိပ်အမွှာမွှာကွဲသွားခြင်း၊ အပိုင်းပိုင်းပြတ်သွားခြင်း၊ ထိခိုက်ပွန်းပဲ့သွားခြင်း၊ ပုံဖျက်ခံနေရသည်။ ဤအဖြစ်မျိုးသည် အခက်အခဲအကြပ်အတည်းများနှင့်ကြုံလာရလေပို၍သိသာထင်ရှားလာလေဖြစ်နေသည်။ လက်ရှိ ကမ္ဘာကြီးတစ်ခုလုံးကြုံနေရသောကပ်ရောဂါဆိုးသည်သာဓကတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ‘ကျွန်ုပ်တို့’ နာမ်စားသည် အလွန်ကျဉ်းမြောင်းသောစိတ်နေသဘောထား၊ အကြမ်းဖက်လုပ်ရပ်‌နွယ်သောလူမျိုးရေးစိတ်ဓာတ်များ၊ အလွန်အမြစ်စွဲ ခိုင်မာနေသောဖာတိဖာသာနေထိုင်လိုစိတ်များကြောင့်တစ်ဖြေးဖြေးနှင့်ပွန်းပဲ့အက်ကွဲကြွေသွားရသည်။ (ကိုးကား - cf. Fratelli Tutti, 11၊ 105 စာချွန်တော်မှ) ဤအခြေအနေကိုဆိုးဆိုးရွားရွားခံကြရသူများမှာ အင်အားကြီးမားသောအဖွဲ့အ စည်း၏ ‘သူစိမ်း၊ ရွေ့ပြောင်းလာရောက်နေထိုင်ကြသူများ၊ စွန့်ပစ်ခံများ၊ လူသွားလူလာနည်းသောဆင်ခြေဖုံးရပ်ကွက် များ၌နေထိုင်သူများဖြစ်ကြသည်။

            အမှန်တရားမှာ ကျွန်ုပ်တို့အားလုံးသည် တစ်လှေထဲစီး၍ တစ်ခရီးထဲသွားကြမည့်သူများဖြစ်ခြင်းဖြစ်သည်။ အတူ တကွလုပ်ကိုင်ရန်ခေါ်တော်မူခြင်းခံထားရသည်။ လူမျိုးရေး၊ ဘာသာရေး၊ နေရာဒေသတံတိုင်းများ၊ အရောင်အသွေးများ ဖြင့်ခွဲခြားရန်အကြောင်းမရှိတော့ပေ။ ဘ၀၌သော်လည်းကောင်း၊ အလုပ်၌သော်လည်း‌ကောင်းတွေ့ကြုံရသူများကို ‘ကျွန်ုပ်တို့’ ဟူသောနာမ်စား၌ သိမ်းကျုံးထွေးပိုက်ရမည်။ ထိုကြောင့် ယခုနှစ်၌ ‘အပြည်ပြည်ဆိုင်ရာရွေ့ပြောင်းနေထိုင်သူ များနေ့’ ၌ အကြောင်းအရာ (၂) ခုကိုပန်ကြားလိုပါသည်။ ပထမပန်ကြားချက်ကိုမူ ကက်သလစ်ဘာသာတူများအားဖြစ် ပြီး၊ ဒုတိယပန်ကြားချက်ကိုမူအမျိုးသား၊ အမျိုးသမီးတိုင်းကိုပန်ကြားခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤ ‘ကျွန်ုပ်တို့’ နာမ်စာကိုပိုမိုလေးနက်ကျယ်ပြန့်လာစေလိုသည်။       

သာသနာတစ်ခုသည် ပို၍ ပို၍ ‘ကက်သလစ်’ ဖြစ်စေရမည်။

            ကက်သလစ်ဘာသာ၀င်များအတွက် ယခုပန်ကြားချက်ကိုလက်တွေ့ဖော်ဆောင်ရန်မှာ ‘ကက်သလစ်’ ပီသစွာခံ ယူကျင့်ကြံရမည်ဖြစ်သည်။ တမန်တော်ပေါလုက ဧဖက်ဆု့မှသူ၏ဘာသာတူများအား ‘သင်တို့သည် သင်တို့၏ခေါ်တော် မူခြင်းနှင့်သက်ဆိုင်သည့် တစ်ခုတည်းသောမျှော်လင့်ခြင်းသို့ခေါ်တော်မူခြင်းခံကြရသည့်နည်းတူ ကိုယ်ခနွာတစ်ခု၊ ၀ိညာဉ်တော်တစ်ပါး၊  သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဆေးကြောခြင်းတစ်ပါးတည်းသာရှိတော်မူ၏’ ဟုတိုက် တွန်းနိုးဆော်ခဲ့သည်။ (ဧဖက်ဆု ၄း၄-၅)

            အမိသာသနာတော်ကြီးသည် သူ၏တစ်ကမ္ဘာလုံးနှင့်ဆိုင်သောဗီဇကို ရာစုအဆက်ဆက်ထွေးပွေ့ရမည်။ ဖော် ထုတ်ပြသရမည်။ ‘ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်ရှိနေမည်’ ဟုဘုရားသခင် ကတိထားတော်မူသည့်အတိုင်း သူ၏အလိုတော်နှင့်ကျေးဇူးတော်နှင့်အညီဖော်ထုတ်၍ဘုရားသခင်လူတို့နှင့်ရှိနေကြောင်းကိုဖော်ပြရမည်။ (သံမာတေဦး ၂၈း၂၀) လူ့အစွမ်းဖြင့် မတူညီမူကိုစုစည်းရန်၊ သူတို့၌ရှိနေသောအသွင်မတူသည့်ကောင်းသောအကျင့်တို့ကိုလက်ခံကာ စည်းလုံးသောအဖွဲ့အစည်းတစ်ခုအဖြစ်လက်ခံတည်ဆောက်ရန်မှာခက်ခဲမည်ဖြစ်သော်လည်း သန့်ရှင်းသော၀ိညာဉ် တော်၏ကျေးဇူးတော်သည်တတ်စွမ်းနိုင်သည်။ မိမိနှင့်မရင်းနှီးသောသူများ၊ ပြောင်းရွေ့နေထိုင်လာကြသူများ၊ ဒုက္ခသည် များနှင်မတူညီသောယဉ်ကျေးမူကိုပူးတွဲရာ၌ သာသနာ၏အဂ်ါရပ်များနှင့်ညီအောင်ရှင်သန်ခွင့်နှင့်လူအကြောင်း၊ မတူညီ သောယဉ်ကျေးမူများအကြောင်းကို အချင်းချင်းပိုမိုသိရှိလာအောင်ကူညီပေးနိုင်ကြသည်။ ဆေးကြောခြင်းစက္ကရာမင်တူး ခံယူထားသူများသည် မည်သည့်နေရာ၌ရှိနေ၊ ရောက်နေစေကာမူ မိမိတို့ရောက်ရှိနေသောနေရာရှိ ဒေသန္တာရသာသနာ နှင့်ဘာသာရေးအဖွဲ့အစည်း၏အဖွဲ့၀င်များဖြစ်သည်။ ဤသို့ဖြင့်မိသားစုကြီးတစ်ခုဖြစ်သော သာသနာနှင့်အချိပ်အဆက်မ ပြတ်ရှိနေမည်။  

            ကက်သလစ်ဘာသာတူများသည် မိမိတို့အသင်းအဖွဲ့၌ရှိနေရင်း အတူတကွလုပ်ဆောင်ရန်၊ သာသနာတော်ကြီး၌ လူတိုင်းပါ၀င်နိုင်ရန်နှင့်ယေဇူးသခင်တမန်တော်ကြီးတို့အား ‘သင်တို့သွားကြစဉ်တွင် ကောင်းကင်နိုင်ငံတော်သည် တည် လုနီးပြီဟုဟောပြောကြလော့။ ဖျားနာသောသူတို့ကိုကုသပေးကြလော့။ သေသောသူတို့ကိုပြန်ရှင်စေကြလော့။ အာနာ ကြီးရောဂါသည်တို့ကိုစင်ကြယ်ပျောက်ကင်းစေကြလော့။ နတ်ဆိုးများကိုနှင်ထုတ်ကြလော့။ သင်တို့သည်အဖိုးအခမပေး ဘဲခံယူရရှိကြသည်ဖြစ်၍ အဖိုးအခမယူဘဲပေးကမ်းကြလော့’ ဟု  မိန့်မြွတ်ပေးအပ်ခဲ့သော အမူတော်မြတ်၌၄င်းတို့လည်း ပါ၀င်ရန်ခေါ်တော်မူခြင်းခံရကြောင်းသိရမည်။ (သံမာတေးဦး ၁၀း၇-၈)

            မျက်မှောက်ခေတ်၌မူ သာသနာတော်ကြီးသည် ကြောက်ရွံ့စိုးထိတ်ခြင်းမရှိ၊ စီရင်ဆုံးဖြတ်ခြင်းမပြု၊ သူစိမ်းသူ ကျက်ဟုခွဲခြားလည်းမရှိဘဲ လမ်းများ၊ ဆင်ခြေဖုံးများသို့သွား၍ အနာရောဂါများကိုကုသရန်၊ ပျောက်ဆုံးသူများကိုရှာဖွေ ၍အားလုံးကိုလှိုက်လှဲနွေးထွေးစွာကြိုဆိုရမည်။ ထိုဆင်ခြေဖုံးဒေသများ၌ရှိနေကြသောသူတို့သည် များသောအားဖြင့် ရွေ့ပြောင်းနေထိုင်ကြသူများ၊ အိုးမဲအိမ်မဲ့များ၊ လူကုန်ကူးမူ၊ လုပ်အားခေါင်းပုံဖြတ်မူခံရ၍အခြေအနေမဲ့ဖြစ်နေကြသူများ ဖြစ်ကြသည်။ ယေဇူးသခင်သည် ဤသူများအားသူ၏ချစ်ခြင်းကိုပြသရန်၊ သူ၏ကယ်တင်ခြင်းသတင်းကိုကြေညာရန် အလိုတော်ရှိသည်။ ရွေ့ပြောင်းနေထိုင်သူများ၏အရေးသည် နယ်စည်းမခြားသောသာသနာလုပ်ငန်းတစ်ခုအဖြစ်သာ သနာတော်ကြီးကကြုံတွေ့နေရပြီး၊ ယေဇူးသခင်၏အကြောင်းနှင့်ဧ၀ဂေလိတရားကို တစ်အိမ်၀င်ထွက်၍ဟောကြားရန် အခွင့်အရေးပင်ဖြစ်သည်။ ထို့အတူ ခရစ်ယာန်ယုံကြည်ချက်ဖြစ်သည့် ချစ်ခြင်း၊ အခြားသောဘာသာရေးအသင်းအဖွဲ့များ ကိုလေးစားတန်ဖိုးထားခြင်း စသောအလွန်လက်တွေ့ကျသည့်သက်သေခံချက်လည်းဖြစ်သည်။ ကက်သလစ်မဟုတ် သောခရစ်ယာန်ဒုက္ခသည်များ၊ ခရစ်ယာန်မဟုတ်သောဒုက္ခသည်များနှင့်တွေ့ဆုံရခြင်းတို့သည် ဧ၀ံဂေလိတရားဟော ကြားရန်၊ င်ယုံကြည်မူမတူညီသက်၀င်ယုံကြည်မူမတူသော ဘာသာအချင်းချင်း ဆွေးနွေးသိကျွမ်းလာရန်ဖြစ်သည်။ (Address to the National Directors of Pastoral Care for Migrants, 22 September 2017).      

 ယခင်ထက်ပို၍ပါ၀င်သောကမ္ဘာဖြစ်လာရန်ကြိုစားပါ။

            ဤတောင်းဆိုချက်ကို ကက်သလစ်ဘာသာတူများကိုသာမဟုတ်။ လောက၌အတူယှဉ်တွဲနေထိုင်ကြသောသူများ အားလုံးကို ‘ကျွန်ုပ်တို့’ ဟူသည့်နာမ်စားကိုပိုမိုကျယ်ပြန်စေ‌ရေးလုပ်ဆောင်ရန်၊ ဤသို့တိုက်တွန်းရခြင်းမှာ လူမူအသိုင်းအ ၀ိုင်းအကျိုးအတွက်ဖြစ်ကြောင်း၊ တရားမျှတပြီး၊ ငြိမ်းချမ်းသော၊ အဘယ်သူမျှဖယ်ကျင်ခံရ၊ စွန့်ပစ်မေ့လျော့ခံရခြင်းမရှိ သောအနာဂါတ်ကိုအတူတကွတည်ဆောက်ရန်ဖြစ်သည်။ ကျွန်ုပ်တို့၏လူမူအသိုင်းအ၀ိုင်းသည် ‘အရောင်အသွေးစုံလင်’ သောအနာဂါတ်ဖြစ်လိမ့်မည်။ မတူညီသောအသွင်များဖြင့်တန်ဆာဆင်ထားမည်။ မတူညီသောယဉ်ကျေးမူများဖလှယ် ခြင်းများရှိသောအနာဂါတ်ဖြစ်လာလိမ့်မည်။ ထိုအခြေအနေမျိုး၌ ကျွန်ုပ်တို့သည် သဟဇာတဖြစ်အောင်၊ ငြိမ်းချမ်းအောင် နေထိုင်နိုင်ရန် ယခုမှစ၍ပြင်ဆင်ထားရတော့မည်ဖြစ်သည်။ ဤအကြောင်းအရာကိုထောက်ရူမိတိုင်း တမန်တော်၀တ္ထု၏ အတွေ့အကြုံကိုပြန်လည်မြင်ယောင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ‘သာသနာတော်မွေးဖွားသည့်နေ့’ ဖြစ်သည့် ‘သန့်ရှင်းသော၀ိညာဉ်တော်’ ဆင်းသက်သည့်နေ့၌ ဂျေရုဆလင်မြို့သို့ ဘုရားဖူးရန်ရောက်ရှိနေသောဒေသခြားများဖြစ် သည့် ‘ပါသိယလူမျိုး၊ မေ‌ဒေလူမျိုး၊ ဧလာမိလူမျိုး၊ မေဆိုပိုတမိယ၊ ဂျူးဒေးယ၊ ကပ္ပါဒိုးစီးယပြည်၊ ပုန္တုပြည်၊ အာရှ၊ ဖရိဂျီး ယနှင့်ပမ်ဖိလိယပြည်၊ အီဂျစ်ပြည်၊ ဆီရီနေမြို့လက်အောက်ရှိလစ်ဗျားပြည်မှနယ်ပယ်တို့တွင်နေထိုင်သူများ၊ ရောမမြို့မှ လာကြသော ဂျူးလူမျိုးများနှင့်ဂျူးဘာသာသို့ကူးပြောင်းလာသူများ၊ ခရိကျွန်းသူကျွန်းသားများနှင့်အာရေးဘိယပြည် သားများဖြစ်ကြသော ငါတို့သည် ဤသူတို့ပြောဆိုနေကြသော ဘုရားသခင်၏အံ့သြဖွယ်ရာအမူတော်များကို ငါတို့၏ဘာ သာစကားအသီးသီးဖြင့်ကြားနေရပါသည်တကားဟုဆိုကြလေ၏။ (တမန်တော် ၂း၉-၁၁)  

            ထိုအခြေအနေသည် သမ္မာကျမ်းစာထဲ၌ မိန့်ထားသည့် ဂျေရုဆလင်မြို့တော်သစ်၏အခြေအနေပင်ဖြစ်သည်။ (ပ ရောဖက်အီဇယ ၆၀၊ ဗျာဒိတ်ကျမ်း ၂၁း၃) ထိုမြို့တော်သစ်၌ လူမျိုးပေါင်းစုံတို့သည် ငြိမ်းချမ်းခြင်းနှင့်သဟဇာတရှိစွာ နေထိုင်ကြမည်ဖြစ်သည်။ ဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့်ဖန်ဆင်းခြင်းကိုခံစားရမည်။ ဤအခြေအနေကိုဖန်တီးနိုင် ရန်မှာ ကျွန်ုပ်တို့ကြား၌ကာဆီးဟန့်တားနေသော၊ ခြားနေသောတံတိုင်းကိုဖြိုချနိုင်ရမည်။ ကျွန်ုပ်တို့လေးနက်သောချိပ် ဆက်နေမူ၊ ပေါင်းကူးတံတားတည်ဆောက်မူ၊ တွေးဆုံဆွေးနွေးညှိနှိုင်းသည့်ယဉ်ကျေးမူကိုတည်ဆောက်မှသာဖြစ်နိုင်ချေ ရှိသည်။ ယနေ့ရွေ့ပြောင်းနေမူဖြစ်စဉ်သည် အခွင့်အရေးကောင်းတစ်ခုကိုလက်တို့ထိုးပေးနေသည်။ ထိုအခွင့်အရေး ကောင်းကား ကျွန်ုပ်တို့၏စိုးရိမ်ကြောက်ရွံ့စိတ်ကိုကျော်လွှာရန်နှင့်တစ်ဦးစီပိုင်ဆိုင်ထားသောအစွမ်းအစများ၏ပါ၀င်လုပ် ဆောင်မူကိုလက်ခံကြိုဆိုရမည်။ ဆန္ဒကြီးပါက မိမိတို့ခတ်ထားသောဘောင်များကို တွေ့ဆုံရန်နေရာအဖြစ် အခွင့် ကောင်းဖန်တီးလိုက်ပါ။ ဤသို့ပြုနိုင်ပါက ကြီးမားထူးခြားသောအံ့ဖွယ်ရာဖြစ်သည့် ‘ကျွန်ုပ်တို့’ ဟူသည့်နာမ်စားကို ယခင်ကထက်ပို၍ကျယ်ပြောအောင်ချဲ့ထွင်နိုင်ပေမည်။ ကျွန်ုပ်အနေဖြင့် ကမ္ဘာပေါ်ရှိအမျိုးသား၊ အမျိုးသမီးတိုင်းကို ဘု ရားသခင်ပေးသနားသောလက်ဆောင်မွန်များကိုတိုးပွားအောင်ထိန်းသိမ်းပြီး၊ ဖန်ဆင်းခြင်းကိုပို၍လှပအောင်လုပ်ဆောင် ရန်ဖိတ်ခေါ်ပါသည်။ ‘မင်းသားတစ်ပါးသည် ဘုရင်အရိုက်အရာကိုခံယူ၍ပြန်လာရန် ‌ေ၀းလံသောတိုင်းပြည် တစ်ပြည် သို့ထွက်သွားလေ၏။ သူသည်မိမိအစေခံဆယ်ယောက်ကိုခေါ်၍ သူတို့အားငွေဒဂ်ါးပြားဆယ်ပြားကိုပေးပြီးလျှင် ငါပြန် လာသည့်တိုင်အောင်ကုန်သွယ်ကြလော့’ ဟုသူတို့အားဆို၏။ (သံလုကာ ၁၉း၁၂-၁၃) ဤသို့ပင် ယေဇူးသခင်သည် လည်းကျွန်ုပ်တို့ထံမှပြန်လည်တောင်းခံမည်ဖြစ်သည် ထို့ကြောင့် ဘုံအကျိုးအတွက်ပေးထားသောကမ္ဘာကြီးအားထိန်း သိမ်းစောင့်ရှောက်ရမည်ဖြစ်။ ကျွန်ုပ်တို့သည် ‘ကျွန်ုပ်တို့’ တစ်စု တစ်ဖွဲ့ဖြစ်လာရမည်။ ကမ္ဘာကြီးအား မည်သည့်ကောင်း ကျိုးကိုပြုသည်ဖြစ်စေ လက်ရှိမျိုးဆက်နှင့်အနာဂါတ်မျိုး ဆက်၏ကောင်းကျိုးအတွက်ဖြစ်သည်ကိုမမေ့ပါနှင့်။ ကျွန်ုပ်တို့ ၏လုပ်ဆောင်မူများအားလုံးသည် တစ်ကိုယ်တည်းထီး ထီးကြီးမဖြစ်စေရ။ အများနှင့်လုပ်ဆောင်၍ဒုက္ခခံစားနေရသော ကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမများအားလုံးအတွက် သင့်လျှော်သော၊ ဘက်မျှမူရှိသော၊ အားလုံးပါ၀င်သောပန်းတိုင်ဆီသို့ ဖြစ်ဦးတည်သည်။ နိုင်ငံသားနှင့်နိုင်ငံခြားသား၊ အမြဲတမ်းနေထိုင်သူများနှင့်ဧည့်သည်ဟုခွဲခြားမူမရှိသောဆက်ကပ်မူဖြစ်ရ မည်။ ဤဆက်ကပ်မူသည် အလွန်အဖိုးအခကြီးသောရတနာတစ်ပါးအဖြစ်ကျွန်ုပ်တို့အားလုံးတန်ဖိုးထားမြတ်နိုးရမည်။ ဤသို့အားဖြင့် အဘယ်သူမျှစွန့်ပယ်ခံရမူ၊ မေ့လျော့ခံရမူ၊ အခွင့်အရေးဆုံးရှုံးမူရှိမည်မဟုတ်ပေ။    

စိတ်ကူးအစပြုပြီ။

            ပရောဖက်ဂျိုအဲလ်၏ကျမ်းစာ၌ ‘လူမျိုးတကာတို့အပေါ်သို့ငါ၏၀ိညာဉ်တော်ကို သွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့်ဟောပြောကြလိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိမ်မက်တိုကိုမြင် မက်ရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည်လည်း ဗျာဒိတ်ရူပါရုံတို့ကိုမြင်ရကြလိမ့်မည်’ ဟုထာ၀ရဘုရား၏ဗျာ ဒိတ်တော်ခံခဲ့ရသည်။ ကျွန်ုပ်တို့အားလုံးလည်း မကြောက်မရွံ့ဘဲ ခရီးတစ်ခုထဲကိုအတူနင်နေကြသော ဘုရားသခင်၏ မိသားစုကြီးတစ်ခုကဲ့သို့ အိမ်မက်ကိုအတူတကွမက်ကြရန်တိုက်တွန်းနေပါသည်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာကြီး သည်ကျွန်ုပ်တို့ညီအစ်ကိုမမောင်နှအားလုံး၏မိသားစုအိမ်ဖြစ်သည်။ (cf. Fratelli Tutti, 8).

ဆုတောင်း

သန့်ရှင်း၍ချစ်ခင်ရသောခမည်းတော်ဘုရား ...

            ကိုယ်တော့်သားတော်ယေဇူးခရစ္စတူးကျွန်ုပ်တို့အားသင်ကြားပြသသည်မှာ ပျောက်ဆုံးသူအားပြန်လည်တွေ့ရှိ ခြင်မူကိုး၊ ဖယ်ကျင်းခံ၊ ငြင်းပယ်ခံ၊ မဖက်လုပ်မခံရသောသူတို့သည်သည် ‘ကျွန်ုပ်တို့’ ဟုသည့်အသိုင်းအ၀ိုင်းထဲသို့ထည့် သွင်းခံရလျှင် ကောင်းကင်နိုင်ငံတော်၌ အလွန်ကြီးမားသောပျော်ရွှင်ခြင်းရှိသည်ဟုမိန့်ကြားပါသည်။ ဤသို့ဖြင့်လူမူအစု အဖွဲ့သည်ပို၍ကျယ်၀န်းလာသည်။ ယေဇူးသခင်၏နောက်လိုက်များနှင့်နောက်လိုက်များမဟုတ်သောလူသားများအား လောက၌ရှိစဉ် ကိုယ်တော်၏အလိုတော်ကိုလုပ်ဆောင်နိုင်ရန်ကောင်းကြီးပေးတော်မူပါ။ ကြိုဆိုမူပြုခြင်း၊ အသိုင်းအ ၀ိုင်း၏စွန့်ပယ်ခြင်းခံရသူများအား အသိုင်းအ၀ိုင်းထဲသို့လည်းကောင်း၊ သာသနာတော်ကြီးထဲသို့လည်းကောင်းပြန် လည်ရောက်ရှိလာအောင်လုပ်ဆောင်သောသူများ၏လုပ်ရပ်ကိုကောင်းကြီးပေးတော်မူပါ။ သို့မှသာကျွန်ုပ်တို့၏ကမ္ဘာ ကြီးသည် ကိုယ်တော်ဖန်ဆင်းထားခဲ့သကဲ့သို့ပြန်လည် ထိန်းသိမ်းနိုင်မည်ဖြစ်သည်။          

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Youtube/google images

https://bit.ly/2TTPlwg

 

Add new comment

7 + 1 =