(၂၀၂၀) ခရစ္စမတ်သည် မငြီးမငြူဘဲအခြားသူများအားကူညီရန်အခွင့်အရေးကောင်းဖြစ်သည်။

(၂၀၂၀) ခရစ္စမတ်သည် မငြီးမငြူဘဲအခြားသူများအားကူညီရန်အခွင့်အရေးကောင်းဖြစ်သည်။

ပြီးခဲ့သောတနင်္ဂနွေနေ့သည် အာဒ်၀င်တူးကာလစတုတ္ထပတ်တနင်္ဂနွေနေ့လည်းပြီးပြီး၊ အာဒ်၀င်တူးကာလ၏ နောက် ဆုံးတနင်္ဂနွေနေ့လည်းဖြစ် သည်။ ထိုနေ့မွန်းတည်အချိန် စိန့်ပီတာရင်ပြင်၌ အန်ဂျေလူးဆုတောင်းမေတ္တာရွတ်ဆိုပူ ဇော်စဉ်အတွင်း ပုပ်ရဟန်းမင်း ကြီးက ထိုနေ့၌ဖတ်ကြားထောက်ရူရသောဧဝံဂေလိကျမ်းစာဖြစ်သော သံလုကာ (၁၈:၂၆-၃၈) ကိုထောက်ရူခဲ့သည်။

ကယ်တင်ရှင်မယ်ဆီးယား၏ မိခင်အဖြစ်ရွေးချယ်ခံရာ၌ ပျော်ရွှင်မူနှင့်စိန်ခေါ်ချက်များဒွန်တွဲပါလာ သည်။ ကျမ်းစာတော်မြတ်အရ အမိမယ်တော်သည်စိန့်ဂျိုးဇက်နှင့်ထိမ်းမြှားရန်စေ့စပ်ထားသူဖြစ်သည်။ ဤအခြေအနေမျိုး ၌ခြေ လွန်လက်လွန်ဖြစ်ပြီး၊ ကိုယ်လေးလက်၀န်ရှိကြောင်းဘာသာရေး၊ လူမူရေးအသိုင်းအဝိုင်း ကသိသွားလျင်ခဲဖြင့်ပေါက် သတ်သည့်အပြစ်ဒဏ်သင့် ရောက်သည်။ အမိမယ်တော်သည် ဘုရား၏အလိုတော်ကိုဖြည့်ဆည်းလိုက်၍အထက်ကဆိုခဲ့ သောအပြစ်ဒဏ်မျိုးသင့် ရောက်နိုင်သော်လည်းကြောက် စိတ်မပိုခဲ့။ အဘယ် ကြောင့်ဆိုသော် ဘုရားသခင် ၏သတင်းစကား သည်သူ့အားအတွင်းစိတ်ငြိမ်သက်ခြင်းနှင့်အခြေအနေအမျိုးမျိုးကိုရင်ဆိုင်ကျော်ဖြတ်ရန်ခွန် အားဖြစ်စေခဲ့သည်။

(‘အသင့်ရှိပါသည်’ ဟုဘုရားသခင်အား တက်ကြွစွာဖြေကြားတုန့်ပြန်ပါ’)

အမိမယ်တော်သည် ဘုရား သခင်အား ‘ကိုယ်တော်၏ အလိုတော်အတိုင်းဖြစ်ပါစေ’ ဟုစိတ်ပါကိုယ်ရောက်ဖြေ ကြား ခဲ့သည်။ အမိမယ်တော် ၏တုန့်ပြန်ဖြေဆိုမူသည် ဘုရားသခင်၏အလိုကိုရွက်ဆောင်ခြင်းထက်မည်သည့်အရာကိုမျှမူမည့် ဟန်မရှိပေ။ ဤသို့တုန့်ပြန်ဖြေဆိုရသည်မှာလွယ်ကူရိုးရှင်းလှသည်တော့မဟုတ်။ လုံး၀ဥသုန် အလုံးစုံအပ်နှံရန်လိုသည်။ အမိမယ် တော်သည် သူ၏ဘ၀တစ်ခုလုံးကိုစိတ်ကြိုက်အသုံးပြုရန်ဘုရားသခင်အားထိုးအပ်ထားသည်။ သူသည်ဘုရားသခင် အတွက်မိမိ၏ဘ၀တစ်ခုလုံးကိုတွယ်ကပ်စွဲမက်မနေဘဲချက်ချင်းရက်ရောစွာပေးရန်အသင့်ရှိနေသူဖြစ်သည်။ အကြောင်းပြ ခြင်းမျိုး၊ အခြေအနေပေါ်မူတည်ခြင်းမျိုးမရှိ။

(နစ်နာသည်ကိုမတွက်)

ကျွန်ုပ်တို့သည်တစ်ခုခုပြု လုပ်ပေးရန်တောင်းဆိုခံရ၊ တာ၀န်ပေးအပ်ခံရသောအခါ အကြောင်းအမျိုးမျိုးပြသည်။ နေ့ရွေ့ညရွေ့ရွေ့တတ်ကြသည်။ ဤအခြေအနေမျိုးနှင့်ကြုံနေရလျှင် များများဆု တောင်းပါ။ ဆုတောင်းပါဟုပြောလျှင် လည်းဆုတောင်းရန်အချိန်မရှိဟုဆိုကြပေမည်။ သူတစ်ပါးကိုကူညီခြင်းသည်အရေးကြီး၏။ သို့သော်ယနေ့ကျွန်ုပ်မအားပါ။ နက်ဖန်ခါကျွန်ုပ်လုပ်ပါမည်’ ဟုရွေ့ဆိုင်းတတ်ကြသည်။ ကျွန်ုပ်တို့သည်ခရစ္စမတ်ကာလဆီသို့ဦးတည်နေသည်။ ထို့ကြောင့် အမိမယ်တော်ကဘုရားသခင်အားကျွန်ုပ်တို့၏ ‘အသင့်ရှိပါသည်’ ဟုရဲရင့်ပြတ်သားစွာတုန့်ပြန်နိုင်ရန်၊ မယ်တော်ကတိုက် တွန်းနေပါသည်။ ဤသို့တုန့်ပြန်လိုက်၍ မည်မျှပင်ထိခိုက်နှစ်နာစေကာမူဂရုမစိုက်။

(ခက်ခဲသော်လည်း ...)

ဘုရားသခင်သည် ခရစ်ယာန်များအား အမိမယ်တော်ကဲ့သို့ မည်သည့်နေရာ၊ အခြေအနေမျိုး၊ အခက်အခဲမျိုး၌ ဖြစ်စေ ‘အသင့်ရှိပါသည်’ ဟုဖြေဆိုတတ်စေလိုသည်။ အထူး သ ဖြင့် ယခုနှစ် (၂၀၂၀) ခရစ္စ မတ်ကဲ့သို့အခက်အခဲများဖြင့်ခြုံ လွှမ်းနေသောအချိန်ကာလမျိုး၌ပို၍ဖြေဆိုတတ်စေလို သည်။

ကိုးဗစ် (၁၉) ကြောင့်သွားချင်လာချင်သည့်နေရာများ သို့မ သွားမလာရ၊ လုပ်ချင်ကိုင်ချင်သည်များမလုပ်မကိုင်ရသော ကြောင့် ငြီးငြူနေမည့်အစား မိမိတို့ထက်ပို၍ခက်ခဲသောအခြေ အ‌နေကြုံတွေ့နေရသူများအတွက်တစ်စုံတစ်ခုပြုလုပ်ပေးသင့်သည်။ အစဉ်ရရှိတတ်သောလက်ဆောင်များဖြင့်ကျွန်ုပ်တို့ အတွက်၊ ကျွန်ုပ်တို့မိတ်ဆွေများအတွက်စီစဉ်၍အကုန်ကျခံ၊ အလုပ်ရှုပ်ခံမည့်အစား အဘယ်သူမျှဂရုစိုက်ဖော်၊ သတိရဖော် မရှိကြသောအမှန်တကယ်လိုအပ်နေသောသူများအတွက်တစ်စုံတစ်ရာပြုလုပ်ပေးကြပါစို့။

ခရစ္စမတ်ပွဲမတိုင်မီလက် ဆောင် ပစ္စည်းများ၀ယ်ယူခြင်းဖြင့်ငွေကြေးများကိုမသုံးမဖြုန်းမိရန်သတိပေးထားပါ သည်။ အသုံးဖြုန်းခြင်းအလေ့ အထသည် အဓိ ပ္ပါယ်ရှိလှ သောခရစ္စမတ်၏အနစ်သာရကိုဖျက်ဆီးပစ်နေသည်။ အ ဘယ်ကြောင့်ဆိုသော်သန့်ရှင်းသောအိမ်ထောင်စုသည် အ ပြောမကျယ်လှသောစားခွက်ကိုပင်လှုံခြုံအောင်မဖုံးအုပ်ပေးနိုင်အောင်ချို့တဲ့နေခဲ့ရှာ သည်။ သို့သော်ခြွေတာမူချစ်ခြင်း နွေးထွေး စေခဲ့သည်။ အမိမယ်တော်ကဲ့သို့ အပြစ်မ ကောင်းမူမှကင်းရှင်းစွာနေ ထိုင်ပြီး၊ ယေဇူးသူငယ် တော်ကိုထိုက်တန်နွေး ထွေးစွာကြိုဆိုနိုင်ရန်အတွက်ကျွန်ုပ်တို့၏နှလုံးသားများကိုအသင့်ပြင်ဆင်ထားကြပါစို့။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3poGxJs

Add new comment

4 + 1 =