Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
၂၀၁၈ ဒီဇင်္ဘာလ ၂၂ ရက်နေက အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဆူနာမီ ငလျှင် ကြောင့် ဒုက္ခခံနေကြရသော ညီကိုမောင်နှမများ ကူညီကယ်ဆယ်ရေးအတွက် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ကနဦးအကူအညီ ပေးခြင်း
၂၀၁၈ ဒီဇင်္ဘာလ ၂၂ ရက်နေက အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဆူနာမီ ငလျှင် ကြောင့် ဒုက္ခခံနေကြရသော ညီကိုမောင်နှမများ ကူညီကယ်ဆယ်ရေးအတွက် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ကနဦးအကူအညီ ပေးခြင်း
ဒီဇင်ဘာ ၂၉၊ ၂၀၁၈
၂၀၁၈ ဒီဇင်္ဘာလ ၂၂ ရက်နေက အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဆူနာမီ ငလျှင် ကြောင့် ဒုက္ခခံနေကြရသော ညီကိုမောင်နှမများ ကို ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ကနဦးအကူအညီအဖြစ် ကူညီပေးမူကို ပြီးခဲ့သော စနေနေ့က ဗာတီကန် ရဟန်းမင်းကြီး ရုံးတော် လူမှုဘဝမြှင့်တင်ရေးအဖွဲ့အစည်းမှ ဖော်ပြခဲ့ပါဖော်ပြခဲ့ပါသည်။
၂၀၁၈ ဒီဇင်္ဘာလ ၂၂ ရက်နေက Anak Krakatau ကျွန်း မီးတောင် ပေါက်ကွဲပြိုကျမူကြောင့် ဖြစ်ပေါ်လာသော ဆူနာမီ ငလျှင် ကြောင့် ရေလှိုင်းများ ၅ မီတာထိ မြင်တက်ခဲ့ပြီး ဆူမာတြာနှင့် ဂျာဗားကျွန်း ကြားတွင်ရှိသော Sunda Strait ပင်လယ်ကမ်းခြေဒေသကို ထိခိုက်ခဲ့ပြီး လူပေါင်း ၄၂၆ ဦးသေဆုံးခဲ့ပြီး ၂၃ဦးပျောက်ဆုံးနေသေးပြီး၊ ၁၅၀၀ ခန့် ဒဏ်ရရှိခဲ့ကာ၊ လူပေါင်း ၄၀၀၀၀ ခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်ဟု အင်ဒိုနီးရှား နိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာနှမှ ဖော်ပြထားပါသည်။
ယင်းအကူအညီနှင့် အတူ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ်မှ သူ၏ဆုတောင်းမေတ္တာများ အတူတကွပူးပေါင်း၍ ကူညီဆုတောင်းပေးနေကြောင်း အကူအညီကို အင်ဒိုနီးရှားနိုင်ငံ ကက်သလစ် ခရစ်ယာန် ကရုဏာရေးအဖွဲ့များမှ တဆင့်ကူညီသွားရန် စီစဉ်ထားကြောင်း ရဟန်းမင်းကြီးရုံတော်မှ ဖော်ပြထားပါသည်။ ရဟန်းမင်းကြီး ဒုက္ခသည်များနှင့်အတူရှိမူကို ဖော်ပြလို၍ သတင်းကို အရင်ထုတ်ပြန်ခဲ့ပြီး ကူညီမည့်ငွေပမာဏကို လာမည့်ရက်ထဲတွင် ဖော်ပြပေးမည်ဟု ပြောကြားထားပါသည်။ Sunda Strait မြို့ခံလူများကိုလည်း နောက်ထပ်ဖြစ်ပေါ်လာနိုင်သည့် ဆူနာမီကြောင့် ပင်လယ်ကမ်းခြေ နှင့် တစ်ကီလိုမီတာ နေထိုင်ကြရန် မြိုတော်လုံခြုံရေး မှ သတိပေးဖော်ပြသည်ကိုလည်း ဗာတီကန် သတင်းတွင်ဖော်ပြထားပါသည်။
https://www.vaticannews.va/en/pope/news/2018-12/pope-s-initial-contribut...
#indonesia, #tsunami, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment