၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံ Odisha ဒေသ ဟိန္ဒုဘာသာဝင် အစွန်းရောက်တို့၏ သတ်ဖြတ်ခြင်းမှ လွတ်မြောက်ခဲ့သော ကက်သလစ် ခရစ်ယာန် ဘာသာဝင်မောင်နှမ နှစ်ဦး မိမိတို့ဘဝတစ်​သက်တာလုံးကို ဘုရားသခင်ထံ ဆက်ကပ်ပြီး သာသနာ့အမူထမ်းဖြစ်လာ

ခွင့်လွတ်ခြင်း

၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံ Odisha ဒေသ ဟိန္ဒုဘာသာဝင် အစွန်းရောက်တို့၏ သတ်ဖြတ်ခြင်းမှ လွတ်မြောက်ခဲ့သော ကက်သလစ် ခရစ်ယာန် ဘာသာဝင်မောင်နှမ နှစ်ဦး မိမိတို့ဘဝတစ်​သက်တာလုံးကို ဘုရားသခင်ထံ ဆက်ကပ်ပြီး သာသနာ့အမူထမ်းဖြစ်လာ
ဇန်နဝါရီ ၅၊ ၂၀၁၉

၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံ Odisha ဒေသ ဟိန္ဒုဘာသာဝင် အစွန်းရောက်တို့၏ သတ်ဖြတ်ခြင်းမှ လွတ်မြောက်ခဲ့သော ကက်သလစ် ခရစ်ယာန် ဘာသာဝင်မောင်နှမ နှစ်ဦးသည်​ မိမိတို့ဘဝတစ်​သက်တာလုံးကို ဘုရားသခင်ထံ ဆက်ကပ်ပြီး သာသနာ့အမူထမ်းဖြစ်လာခဲ့ကြသည်။
၎င်းတို့မှာ ဒီဇင်္ဘာလ ၂၇၊ ၂၀၁၈ ခုနှစ်တွင် ထာဝရ ရဟန်းသိက္ခာခံယူခဲ့သော စိန့်ဖရန်စစ် အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး Anand Pradhan ဖြစ်ပြီး သူ၏ ညီမဖြစ်သူ စစ္စတာရ်​ Anjali Pradhan သည်
စိန့် ဗင်းဆင်းဒီပေါ ကရုဏာရေးအသင်းဂိုဏ်းတွင်​ ထို​နေ့ရက်​မှာပဲ တစ်သက် ကတိသစ္စာကို ခံယူခဲ့ပါသည်။

လွန်ခဲ့သော ဆယ်နှစ်က ယင်းမောင်နှမ နှစ်ဦးသည် မိမိတို့ အသက်ရှင်နိုင်ရေးအတွက် ဘာသာရေးအစွန်းရောက်သတ်ဖြတ်သူများလက်မှ လွတ်မြောက်အောင်ထွက်ပြေးခဲ့ကြရပြီး သူတို့၏ နေအိမ်ကိုလည်း ယင်းအစွန်းရောက်များမှ ဖျက်စီးပစ်ခဲ့ကြကြောင်း ပြောပြခဲ့ပါသည်။

၂၀၁၈ ဒီဇင်္ဘာလ ၂၇ ရက်နေ့တွင် Anand Pradhan ထာဝရ ရဟန်းသိက္ခာခံယူခြင်းနှင့် စစ္စတာရ်​ Anjali Pradhan ၏ အသင်းဂိုဏ်းတွင် တစ်သက်သစ္စာပြုခြင်း အခမ်း​အနားတွင် လူပေါင်း တစ်​ေ​ထာင့်ငါးရာခန့်ပါဝင်ခဲ့ပါသည်။ ယင်း အခမ်​းအနားတွင် ဘုန်းတော်ကြီး Anand Pradhan မှ ကျွနု်​ပ်​
တို့သည်​ တမြေတည်းနေ တရေတည်းသော မိသားစုဝင် အိန္ဒိယနိုင်ငံသားများဖြစ်ကြပါတယ်၊ ဘုရားသခင်ဟာ ကျွနု်​ပ်တို့ကို သူရဲ့ရွေပုံသဏ္ဍန်တော်နှင့်ဖန်ဆင်းခဲ့တာဖြစ်ပြီး ကျွနုပ်တို့အယောက်တိုင်းစီကို စည်းလုံးစွာ၊ ငြိမ်းချမ်းသာယာစွာ နေထိုင်စေလိုကြောင်း နှင့် ကြေ​အေးသင့်မြတ်ခြင်း နှင့် ခွင့်လွတ်ခြင်းသည် ခရစ်ယာန်တို့၏ ယုံကြည်ခြင်း ဖြစ်ကြောင်း ဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/church/news/2019-01/india-2008-kandhamal-c...

#asianews, #vaticannews, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

9 + 10 =