၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံမှ လူငယ်များအတွက် သတင်းစကား

နိုင်ဂျီးရီးယားမှ အသက် ၂၉ နှစ်အရွယ် Vincent Paul Nneji
၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံမှ လူငယ်များအတွက် သတင်းစကား
အောက်တိုဘာ ၁၂၊ ၂၀၁၈

"လူငယ်များနှင့် သူတို့၏ ယုံကြည်ခြင်း၊ ခေါ်တော်မှုခြင်းဆိုင်ရာ သုံးသပ်ဆန်းစစ်ခြင်း" အစည်းအဝေးခေါင်းစဉ်ဖြင့် ကျင်းပနေသော ၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ တွင် တက်ရောက်လျှက်ရှိသော လူငယ်များထဲမှ လူငယ်ကိုယ်စလှယ်တစ်ဦးဖြစ်သူ နိုင်ဂျီးရီးယားမှ
အသက် ၂၉ နှစ်အရွယ် Vincent Paul Nneji မှ နိုင်ဂျီးယားနိုင်ငံမှလူငယ်တဦးအနေဖြင့် ဒီညီလာခံမှာ ဆရာတော်ကြီးတွေက သူတို့ရဲ့ပျော့ကွက် ဟာကွက်တွေ၊ အားနည်းချက်တွေဝန်ခံတာတွေနဲ့ ပြီးတော့ အခု ဆရာတော်ကြီးတွေက လူငယ်တွေအသံကို နားထောင်ဖို့ အဆင်သင်ြ့ဖစ်နေပြီဆိုတဲ့ သတင်းစကားဟာ ကျွန်တော့်အတွက် အလွန် အံ့အားသင့်စေခဲ့တဲ့ ဝမ်းသာစရာ သတင်းစကားပါပဲ။
နိုင်ဂျီးရီးယား နိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး ဦဆောင်မှု့ညံဖျင်းနေတဲ့အခြေအနေမှာ လူငယ်တွေက ခေါင်းဆောင်ပေးနိုင်မယ့် သူကိုရှာဖွေရင်းနဲ့အသင်းတော်ကို တွေ့လာတယ်။ လူငယ်တွေရှာဖွေနေတဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ နဲ့ ဘဝလုံခြုံမှုကို အသင်းတော်မှာရှာတွေ့တယ်၊ တစ်ချိန်ထဲမှာပဲ လူငယ်တွေက သူတို့ရဲ့စွမ်းအားနဲ့ အသင်းတော်ရဲ့လိုအပ်ချက်ကိုဖြည့်ပေးဖို့လည်းရှာဖွေနေကြတာဖြစ်တယ်။ လူငယ်တွေက အသင်းတော်ကို ဘာတွေလုပ်ပေးနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ နှစ်ခုရှိတယ်။ တစ်ခုက လက်တွဲလုပ်ဖို့ကို အဆင်သင့်ဖြစ်နေတာ၊ နောက်တခုက အသင်းတော်အပေါ်မှာ အပြည့်အဝယုံကြည်တာ ထားတာပါပဲ။
ကျွန်တော် ဒီညီလာခံကို လူငယ်တွေရဲ့ ခံစားချက်တွေ၊ ဒုက္ခတွေ၊ မျှော်လင့်ချက်တွေသယ်လာတယ်၊ ပြီးတော့ အဲ့လိုဒုက္ခတွေကြားမှာ အသင်းတော်အပေါ်မှာ ယုံကြည်မှု့အပြည့်အဝထားတဲ့လူငယ်တွေကို ကျေးဇူးတင်တယ်၊ သူတို့အတွက် ဒီညီလာခံကနေ သတင်းကောင်းတွေသယ်သွားမယ်။
နောက်တခုပြောချင်တာက တို့လူငယ်တွေကို ဒီညီလာခံက ထွက်လာတဲ့ စာတွေ စာမျက်နှာ ၁၀၀၊ ၂၀၀ ပါတာတွေ ကြိုးစားပြီးဖတ်ပါတယ်။ ဒါပေမဲ့တို့လိုချင်တာက အဲ့စာတွေကို လူငယ်တွေဖတ်ချင်လာအောင် ဆွဲဆောင်နိုင်တဲ့နည်းလမ်းနဲ့ ရေးဖို့ပါ။ အဓိက က တို့လူငယ်တွေဆီ ဒီအချက်တွေရောက်သွားပြီး သူတို့သိရှိလာဖို့ပါပဲဟု လူငယ်များထဲမှ လူငယ်ကိုယ်စလှယ်တစ်ဦးဖြစ်သူ နိုင်ဂျီးရီးယားမှ
အသက် ၂၉ နှစ်အရွယ် Vincent Paul Nneji မှ
အင်တာဗြူးတခုတွင်ဖြေကြားခဲ့ပါသည်။

https://www.vaticannews.va/en/church/news/2018-10/synod-youth-2018-new-message-vincent-paul-nneji.html

#synod, #youth, #bishop, #pope, #peterkm,
Photo credit to Vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

11 + 6 =