၁၀၅ ကြိမ်မြောက် ကမ္ဘာရွေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များနေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် အကြို သတင်းစကား

၁၀၅ ကြိမ်မြောက် ကမ္ဘာရွေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များနေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် အကြို သတင်းစကား
ဇူလိုင်လ ၂၊ ၂၀၁၉

ကမ္ဘာရွေ့ပြောင်းနေထိုင်သူများအရေးသက်သက်မဟုတ် မည်သူမျှ ဖယ်ကျင်းချန်လှပ်ထားခြင်းမခံရရေးဖြစ်တယ်။

၂၀၁၉ ခု ဇူလိုင်လ ၂ ရက် အဂါင်္ နေ့က စက်တင်ဘာလ ၂၉ နေ့တွင်ကျရောက်မည့် ၁၀၅ ကြိမ်မြောက် ကမ္ဘာရွေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များနေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် အကြို ဗီဒီယို သတင်းစကားကို သင်တို့သည် ဤသူငယ်တို့တွင်တစ်ဦးမျှ မထီမဲ့မြင်မပြုမိစေရန် သတိပြုုကြလော အကြောင်းမူကား သင်တို့အားငါအမှန်ဆိုသည်မှာ ဤသူငယ်တို့၏ ကောင်းကင်တမန်တော်တို့သည် ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်ဘုရားကို အစဉ်မပြတ်ဖူးမျှော်လျက်ရှိကြ၏ ဟူသော ရှင်မာတေဦး ၁၈ း ၁၀ ကို အခြေခံပြီး ထုတ်ပြန်ခဲ့ပါသည်။

အတင်းအကြပ် မိမိတို့ုိ့တိုင်းပြည်မှ မောင်းထုတ်ခံနေရသော သူများအရေးနှင့် စပ်လျှင်းပြီး ယနေ့ခေတ်ကမ္ဘာကြီမှာ ထူးချွန်ကောင်းမွန်သော လက်ရွေးစဉ်များကိုသာ မွေးထုတ်ရန် ရည်ရွယ်ကြသော ဝါဒ တိုးပွားလာနေပြီး၊ အပယ်ခံများအပေါ် ရက်စက်မူ့ှများပိုမိုများပြားလာနေကြောင်း၊ ဖွ့ံဖြိုးပြီး နိုင်ငံများမှ လူသားအရင်းအမြစ် သဘာဝအရင်းအမြစ်များကို အခွင့်ထူးခံလူသား အနည်းစုအတွက်သာ စျေးကွက်ဝင်သုံးစွဲ​နေကြကြောင်း၊

စစ်ဖြစ်ရာတချို့နေရာတွေကို လက်နက်များ ရောင်းချပေးပြီး ပြသနာပိုမို ပွားများအောင် မီးမွှေးပေးနေကြကြောင်း၊ စစ်ဖြစ်ရာတချို့နေရာတွေကို လက်နက်​များ ရောင်းချပေးတယ် ဒါပေမဲ့ စစ်ဖြစ်လို့ထွက်ပြေးလာကြရတဲ့ ဒုက္ခသည်တွေကို တော့ အဲ့ဒီလက်နက်ရောင်းတဲ့ နိုင်ငံတွေက လက်မခံခြင်ကြပါဘူး။ အဲ့ဒီလူတွေရဲ့မကောင်းတဲ့ စိတ်နေစိတ်ထားရဲ့အကျိုးဆက်ကို ဆင်ရဲသားနဲ့ အခုအခံအကာကွယ်မဲ့ဘဝတွေသာ ပိုမိုခံစားနေကြရတာပါ၊ သူတို့ဘဝတွေက အငြင်းပယ်ခံဘဝများဖြစ်ပြီး အတူစားပွဲမှာစားသောက်ခွင့်မရကြပဲ ဒုက္ခရဲ့အကျိုးဆက်များသာ ခံစားကြရသူတွေပါ။

ငါတို့ကို ငါတို့အဖွဲ့အစည်းကပဲ စွန့်ပြစ်နေကြတယ်၊ အဲ့ဒီလူတွေဖက်ကနေ ရပ်တည်ပြီး မကြောက်မရွံရဲရင့်စွာပြောဆိုကြဖို့ ကက်သလစ်သာသနာတော်မှာ တာဝန်ရှိတယ်၊ခွဲခြားဖယ်ကျင်းသော၊ ပြစ်ပယ်သော ဖွံဖြိုးတိုးတက်မူ့ှဆိုတာ ချမ်းသာသူတွေပိုမို ချမ်းသာပြီး ဆင်ရဲသူတွေပိုမို ဆင်ရဲစေတဲ့ပုံစံဖြစ်စေတယ်။ တကယ့်စစ်မှန်တဲ့ဖွံဖြိုး တိုးတက်မှူ့ဆိုတာ အားလုံးပါဝင်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ယောကျ်ား မိန်းမတိုင်းက အနာဂတ်မျိုးဆက်သစ်များရဲ့ လိုအပ်ချက်ကို သိမြင်ခံစားတပ်ခြင်းပါပဲ။ စစ်မှန်တဲ့ဖွံဖြိုးတိုးတက်ခြင်းဟာ အနာဂတ်ကို ရှေရှု့သော အားလုံးပါဝင်ပြီး တိုးတက်လာခြင်းဖြစ်တယ်။

https://www.vaticannews.va/en/pope/news/2019-07/pope-francis-video-messa...

#pope, #migrants, #refugees, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 1 =