၀ါတွင်း၀ါရှောင်ခြင်းနှင့်စပ်လျင်း၍ရဟန်းမင်းကြီးများ၏သွန်သင်ချက်များအပိုင်း( ၂ ) 

'၀ိညာဉ်အားပြုပြင်ပုံသွင်းသောကျင့်စဉ်' ဖြစ်ကြောင်း ၀ါတွင်း၀ါရှောင်ခြင်းနှင့် စပ်လျင်း၍ရဟန်းမင်းကြီးများ၏သွန်သင်ချက်များ အပိုင်း ( ၂ ) 

 

What does fasting represent?
၀ါရှောင်ခြင်းသည်မည်သည့်အရာကိုပုံဆောင်သနည်း။

၀ါတွင်း၀ိညာဉ်ရေးခရီး၌ ၀ါရှောင်ခြင်းသည်အစာ သို့မဟုတ် ၀တ္ထုအစာကိုရှောင်ရုံမျှမဟုတ်ပေ။ အမှန်မှာပုံစံအမျိုးမျိုးရှိပြီး အမှန်တကယ်စစ်မှန်သောလုပ်ဆောင်ချက်တစ်ခုဖြစ် သည်ဟု စိန့်ဂျွန်ပေါလ် (၂) က (မတ်လ ၂၁၊ ၁၉၇၉) ခုနှစ်က စိန့်ပီတာရင်ပြင်၌မိန့်ကြားခဲ့သည်။ ၀ါရှောင်ခြင်းသည် အမှတ်သက်ေတတစ်ခု၊ နိမိတ်တစ်ခု၊ အလွန်အရေးပါပြီး လက်ခံရန် သို့မဟုတ် ငြင်းဆန်ရန်တိုက်တွန်းချက်တစ်ခုဖြစ်သည်။ ငြင်းဆန်ရမည့်အရာကား 'အတ္တ (မိမိ)' ကိုယ်ကိုငြင်းဆန်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာကျွန်ုပ်တို့၌ရှိသော များပြားလှစွာသော အကျင့်ဆိုးများ သို့မဟုတ် မကောင်းသောလုပ်ဆောင်လိုစိတ်များ၊ မိမိ၏အားနည်းချက်၊ လွန်ကဲစွာစွဲမြဲနေသော၀ါသနာ၊ တရားတော်နှင့်မညီသောတပ်မက်မှုများကိုငြင်းပယ်ရန်ဖြစ်ပါသည်။

၀ါရှောင်ခြင်းဟုဆိုရာ၌ များစွာသောဆန္ဒကိုကန့်သတ်ပစ်လိုက်ခြင်းဖြစ်သည်။ တစ်ခါ တစ်ရံ၌မကောင်းသောအမှုများသာမဟုတ်။ ကောင်းသောအမှုများကိုပင် အကန့်အသတ်နှင့်လုပ်ဆောင်ရန်ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းမှာ မိမိကိုယ်မိမိအုပ်ထိန်းနိုင်ရန်၊ မိမိ၏အလို ကိုထိန်းချုပ်တတ်ရန်၊ ဆန္ဒကောင်းကိုလုပ်ဆောင်တတ်အောင်ပုံစံသွင်းခြင်းဖြစ်သည်။ ၀ါရှောင်ခြင်းဟုဆိုရာ၌ အခြားသူတစ်ဦး၏လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် မိမိကအနစ်နာခံလိုက်ခြင်းဖြစ်သည်။ ဤသို့အားဖြင့် ကောင်းမှုကိုပြုလုပ်နိုင်လာပြီး၊ ကရုဏာလုပ်ငန်းကိုလည်းလုပ်ဆောင်ရာရောက်သည်ဟုမိန့်ကြားခဲ့သည်။

Which fasting is to be preferred?
မည်သို့သော၀ါရှောင်ခြင်းကိုပို၍နှစ်ခြိုက်သင့်သနည်း။

၀ါတွင်းကာလသည် ငြင်းပယ်ခြင်းနှင့်အပြစ်ဒဏ်ဆပ်ဖြေသည်ကာလတစ်ခုဖြစ်သည်။ ထို့အတူ ပေါင်းစည်းခြင်းနှင့်ထပ်တူ‌ေ၀မျှခံစားသည့်ကာလတစ်ခုဖြစ်ကြောင်း ရဟန်းမင်းကြီးပေါလ် (၆) ကသူ၏ (၁၉၇၃) ခုနှစ် ၀ါတွင်းသတင်းစကား၌မိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးက ဘာသာတူများအား ပရောဖက်အီဇယ၏တိုက်တွန်းချက်ကိုဆင်ခြင်ရန်နှိုး ဆော်ထားသည်။ ထိုတိုက်တွန်းချက်ကား 'ဤသည်ကား ငါနှစ်သက်သော၀ါရှောင်ခြင်းဖြစ်သည်။ သင်တို့၏ပေါင်မုန့်များကိုဆာလောင်သူများအား‌ေ၀မျှပေးကမ်းကြလော့။ ဖိနှိပ်ခံရသူတို့နှင့်အိုးမဲ့အိမ်မဲ့များအားခိုစရာပေးကြလော့။ အ၀တ်အချည်းအစည်းရှိသူတို့ကိုသင်တို့ မြင်တွေ့ရသောအခါ မျက်ကွယ်ပြုမသွားဘဲ အ၀တ်ဖြင့်ဖုံးအုပ်ပေးကြလော့' ဟုဖြစ်ပါသည်။ ဤတိုက်တွန်းချက်သည် ယနေ့လူသားများ၏စိုးစိတ်ကြောင့်ကျနေမှုကိုပဲ့တင်ရိုက်ခတ်နေပါ သည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်စီ၏‌ေ၀ဒနာနှင့်အနိဌာရုံများကို‌အမှန်တကယ် ‌ေ၀မျှရန်ဖြစ်ပါသည်။

ရဟန်းမင်းကြီးပေါလ် (၆) ၏ထောက်ရှုချက်သည် ရဟန်းမင်းကြီးဂျွန် (၂၃) ၏ (၁၉၆၃) ခုနှစ် ၀ါတွင်းသတင်းစကားကိုရေဒီယိုမှထုတ်လွှင့်ခဲ့သည်။ ရဟန်းမင်းကြီးက 'သာသနာတော်ကြီးသည် သူ၏ရင်သွေးဘာသာတူများအား လွန်ရိုးရှင်းသောအပေါ်အပြင်၀တ္တရားတစ်ပါးကိုသင်ကြားပေးနေခြင်းမဟုတ်။ ရှေးယခင် ပရောဖက်တို့၏သွန်သင်ချက်အလင်းတန်းအတိုင်းပင် လေးနက်သောချစ်ခြင်းမေတ္တာနှင့်ကောင်းသောအမှုကိုရက်ရောခြင်းဖြင့် ညီအစ်ကိုမောင်နှမတို့အားဆက်ကပ်လုပ်ဆောင်ပေးနိုင်ရန်သင်ကြားနေခြင်းဖြစ်သည်။

သူ၏မတိုင်ခင်ရဟန်းမင်းကြီးအမှုတော်ထမ်းဆောင်ခဲ့သောရဟန်းမင်းကြီးအတိုင်းပင်လျှင် ရဟန်းမင်းကြီး ဂျွန် (၂၃) သည် ပရောဖက်အီဇယ၏ကျမ်းစာလာ၀ါရှောင်ခြင်းအကြောင်းဖြစ်သော 'ငါနှစ်ခြိုက်သော၀ါရှောင်နည်းကားဤသို့ဖြစ်၏။ မကောင်းမှုအထုံးအဖွဲ့ များကိုဖြေလျော့ပစ်ရန်၊ ထမ်းပိုးများကိုဖြေလျော့ရန်၊ ဖိနှိပ်ချုပ်နှောင်ခံများအားလွှတ်လပ်ခွင့်ပေးရန်၊ ထမ်းပိုးတိုင်းကိုချိုးဖျက်ပစ်ရန်ဖြစ်သည်။ ဆာလောင်နေသောသူများအားပေါင်မုန့်ကို ‌ဝေမျှပေးရန်၊ အိုးမဲ့အိမ်မဲ့များအားသင်တို့၏အိမ်သို့တည်းခိုခွင့်ပြုရန်ဖြစ်သည်။ ဤသို့ဖြင့်သင်တို့၏ကောင်းသောအလင်းတန်းသည် အာရုဏ်ဦးမှစတင်ထွန်းလင်းနေပေမည်။ သင်တို့၏အနာတရာသည်လည်းလျှင်မြန်စွာကုစားနိုင်ပေမည်။ သင်တို့၏ရိုးသားဖြောင့်မတ်ခြင်းသည်လည်း သင်တို့ရှေ့၌သွားပေမည်။ ဘုရားသခင်၏ဘုန်းတော်သည်သင်တို့နှင့်အစဉ်ရှိနေပေလိမ့်မည်' ဟုကိုးကားထားသည်။ (ပရောဖက်အီဇယ ၅၈း၆-၈) CNA

အာဗီအေဘာသာပြန်- ဖာသာရ် ကလဲမင့်အားတယ်

https://bit.ly/3Zswy8g

Add new comment

3 + 13 =