၀ါတွင်းကာလ ထောက်ရှု့စရာ ပါပါး၏ မင်္ဂလာတရား

၀ါတွင်းကာလ‌ထောက်ရှု့စရာ ပါပါး၏ မင်္ဂလာတရား

ကျွန်ုပ်တို့ရဲ့ အပြစ်တွေကြောင့် စွန့်ပယ်ခံရတယ်လို့ ဘယ်နှစ်ကြိမ်ခံစားဖူးကြလည်း

ရှိပါတယ် ခဏခဏပါပဲ

သခင်ခရစ်တော်က ကျွန်ုပ်တို့ကိုပြောနေပါတယ်၊ လာပါ၊ သတ္တိရှိရှိနဲ့လာပါ

ကျွန်ုပ်အတွက်ကတော့ သင်ဟာ စွန့်ပယ်ထားခံရသူမဟုတ်ပါဘူး

သတ္တိရှိပါသမီးငယ်၊ သားငယ်
သင်ဟာ ကျွန်ုပ်ရဲ့ သမီးလေး၊ သားလေးပါပဲ

ဒီအချိန်ဟာ ကျေးဇူးတော်အချိန် ကာလဖြစ်တယ်
ခွင့်လွှတ်ခြင်းခံရမဲ့အချိန်ဖြစ်တယ်

သခင်ခရစ်တော်ရဲ့ ဘ၀ထဲမှာပါ၀င်တဲ့အချိန်ကာလဖြစ်တယ်

အသင်းတော်ကြီးရဲ့ ဘ၀ထဲမှာပါ၀င်တဲ့အချိန် သနားခြင်းခံရမဲ့ အချိန်ကာလ

ကျွန်ုပ်တို့အားလုံးဟာ အပြစ်သားတွေပါ

ကျွန်ုပ်တို့ဟာ အပြစ်သားအကြီးကြီး (သို့) အပြစ်သားငယ်ငယ်လေးတွေပဲပေါ့

ဒါပေမဲ့ ကျွန်ုပ်တို့အားလုံးကို

သခင်ခရစ်တော်ပြောနေတယ် သတ္တိရှိပါ လာပါ

ကျွန်ုပ်တို့ဟာ ဘယ်တော့မှစွန့်ပစ် ခံရသူတွေမဟုတ်ကြပါဘူး

သင့်ကိုကျွန်ုပ်ခွင့်လွတ်ပါတယ် ထွေပိုက်ပါတယ်ဆိုတဲ့စကားဟာ

ဘုရားရှင်ရဲ့ သနားခြင်းပါပဲ ဒါ့ကြောင့်

ကျွန်ုပ်တို့သတ္တိရှိရှိနဲ့ ဘုရားဆီချဉ်းကပ်ကြရမယ်

အပြစ်တွေအတွက် ခွင့်လွှတ်ခြင်းတောင်းခံပြီး ရှေ့ဆက်ကြမယ်လေနော့

 

#RVAMyanmarLentenSeason

Add new comment

4 + 7 =