၀ါတွင်းကာလသည် ပွင့်လင်းစွာဆွေးနွေးပြောဆိုပြီး၊ ညီရင်းအစ်စိတ်မွေးရမည့်အချိန်ဖြစ်ကြောင်းရဟန်းမင်းကြီးဖရန်စစ်ဘရာဇီး နိုင်ငံသားတို့အားမိန့်ကြား

၀ါတွင်းကာလသည် ပွင့်လင်းစွာဆွေးနွေးပြောဆိုပြီး၊ ညီရင်းအစ်စိတ်မွေးရမည့်အချိန်ဖြစ်ကြောင်းရဟန်းမင်းကြီးဖရန်စစ်ဘရာဇီး နိုင်ငံသားတို့အားမိန့်ကြား

၀ါတွင်းကာလသည် ပွင့်လင်းစွာဆွေးနွေးပြောဆိုပြီး၊ ညီရင်းအစ်စိတ်မွေးရမည့်အချိန်ဖြစ်ကြောင်းရဟန်းမင်းကြီးဖရန်စစ်ဘရာဇီး နိုင်ငံသားတို့အားမိန့်ကြား

ဘရာဇီးကက်သလစ်ဆရာ တော်များအဖွဲ့ချုပ်နှင့်ခရစ် ယာန်အသင်းတော်များအဖွဲ့ချုပ်တို့သည် ပြာခံ၍၀ါ၀င်သောပြီးခဲ့ သည့်ဗုဒ္ဓဟူးနေ့က၀ါတွင်းလှုပ်ရှားမူတစ်ခုကိုစတင်လိုက်သည်။ ဘရာဇီးကက်သလစ်ဆရာတော်များအနေဖြင့်၀ါတွင်းကာလ၌ နှစ်စဉ်လုပ်လေ့ရှိသော်လည်း ယခုကဲ့သို့အခြားသောခရစ် ယာန်အသင်းတော်များအဖွဲ့ချုပ်နှင့်မူ (၅) တစ်ကြိမ် သာပူးပေါင်းကျင်းပလေ့ ရှိသည်။ ဤအခါသမယအတွက်ရဟန်း မင်းကြီးကအောက်ပါသတင်း စကားကိုမိန့်ကြားခဲ့သည်။

ကပ်ရောဂါဆိုးကြီးကာလ၌ ပို၍တစ်စိတ်တစ်၀မ်းတည်းရှိရန်လို

ယခုနှစ်လှုပ်ရှားမူအတွက်ထောက်ရူဆင်ခြင်ရန်ခေါင်း စဉ်မှာ ‘ညီအစ်ကိုရင်းစိတ်နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ချစ်ခြင်း၌ဆက် ကပ်ခြင်း’ ဖြစ် သည်။ ဤထောက်ရူချက်ကိုရဟန်းမင်းကြီးက ‘ဧဖက်ဆု’ ဘာသာတူများထံပေးပို့သောဆုံးမဩ၀ါဒစာမှကောက်နှုတ် ထားခြင်းဖြစ်သည်။

‘ခရစ္စတူးသခင်သည်ကျွန်ုပ်တို့၏ငြိမ်းချမ်းရေးဖြစ်သည်။ သူသည် နှစ်ခုကိုတစ်ခုတည်းဖြစ်အောင်၊ တံတိုင်းခြားနေ ခြင်းကိုဖြိုချ၍ပေါင်းစည်းခြင်းကိုသူ၏သွေးသားဖြင့်တည် ဆောက်ခဲ့သည်။

သတင်းစကား၌ ရဟန်းမင်း ကြီးက ၀ါတွင်းကာလ၏ အ ခြေခံသဘောတရားကိုမိန့်ကြားထားသည်။ ပထမဦးဆုံးအနေဖြင့် ၀ါတွင်းကာလကိုလက်တွေ့ကျကျရှင်သန်ဖြတ် သန်းရန်မှာကပ်ရောဂါဆိုးကြီးကိုရင်ဆိုင်ဖြတ်သန်းရန်ဖြစ်သည်။ ကပ်ရောဂါဆိုးကြီး သည်ဘရာဇီးလ်နိုင်ငံကိုအ တော်ဆိုးရွားစွာရိုက်ခတ်ခဲ့သည်။ ခရစ္စတူးသခင်သည် ကျွန်ုပ်တို့အား ဤကပ်ရောဂါ ဆိုးကြီးကြောင့်အသက်ဆုံးရှုံးခဲ့ရသောသူများအတွက်ဆု တောင်းပေးရန်၊ ကိုယ်ကျိုးမဖက်သောကျန်းမာရေးနှင့်ဆိုင်သည့်၀န်ဆောင်မူများကိုပေးရန်နှင့် စိတ်ကောင်းရှိသောသူတို့၏ပူးပေါင်းပါ၀င်မူကိုလည်းအားပေးကြိုဆိုရန်တိုက်တွန်းနေကြောင်း၊ ထို့အတူဧဝံဂေလိကျမ်းလာကောင်း သောဆာမာရီတန်၏ပုံဥပမာကဲ့သို့ ကျွန်ုပ်တို့ကိုယ်ကိုလည်းဂရု စိုက်စောင့်ရှောက်ရန်၊ အချင်း ချင်းကိုဂရုစိုက်တတ်ရန်ကိုလည်းတိုက် တွန်းလျှက်ရှိသည်။

ယခုနှစ်၀ါတွင်းကာလ၏ ပေါင်း စည်းလှုပ်ရှားမူအတွက်ရွေးချယ်ထားသောခေါင်းစဉ်မှာ ဘရာဇီးလ်နိုင်ငံရှိခရစ် ယာန်အချင်း ချင်းကြား၌ တွေ့ ဆုံဆွေးနွေးမူရှိရန်အသား ပေးထားသည်။ တွေ့ဆုံဆွေးနွေးခြင်းနှင့်ပတ်သက်၍ ရဟန်း မင်းကြီး၏အနက်ဖွင့်ဆိုချက် ကား ‘မျှော်လင့်ချက်အတွက်အကြောင်းတရား’ ဟုဖြစ် သည်။ အဘယ်ကြောင့်ဆိုသော်ခရစ်ယာန်များသည် မျှော်လင့်ချက်ဖြင့်ရှင် သန်နေကြသူများဖြစ်သည်ကိုဦးစွာရှင်သန်ပြသရမည်။ ဤအ ချက်ကိုဖော်ဆောင်ရန်မှာခရစ်ယာန်များအချင်းချင်းတွေ့ဆုံဆွေးနွေး ခြင်းမှစတင်ရမည်။ ဤတွေ့ဆုံဆွေးနွေးခြင်းသည် ကျွန်ုပ်တို့၏ ခရီး သွားဖော်များအား စိတ်နှလုံးကျယ်ပြောစွာဖွင့်လှစ်ထားရန်၊ ကြောက်ရန်လည်းမလို။ သံသ ယ၀င်စရာလည်းမလို။ ကျွန်ုပ်တို့စုပေါင်းလိုက်ရှာသောဘုံအချက်ဖြစ်သည့် ‘တစ်ဆူတည်းသောဘုရား ရှေ့၌ငြိမ်း ချမ်းရေးကိုရှာနေသည်’ ဆိုသည့်အချက်ကိုသာထောက်ရူဆင်ခြင်ရမည်။ ယခုကဲ့သို့ခရစ်ယာန်များအချင်းချင်းလေးစားစွာ ဆက်ဆံခြင်းနှင့်ဝေမျှခြင်းမှညီအစ်ကိုချင်းစိတ်ဓာတ်ပေါက်ဖွားလာခြင်း၊ လူမူအသင်းအဖွဲ့အတွင်း၌ တရားမျှတမူများကိုတိုးမြင့်လုပ် ဆောင်ခြင်းစသောအ လွန်တန်ဖိုးရှိသည့်အကျိုးများကိုသီးပွင့်လာစေပါ သည်။ ဤစိတ်ဓာတ်ခံသည်လက်ရှိရင် ဆိုင်နေရသော ကပ်ရော ဂါဆိုးကြီး ကိုလည်းကျော်ဖြတ်နိုင်မည်။ ဤနည်းသည်ကွဲပြားခြင်းကိုအောင်မြင်ကျော် လွှား ၍စည်းလုံးစေသည်။ ဤကပ်ဆိုးကြီးလွန် မြောက်သွားပြီးနောက်ပိုင်း၌ ယခင်ကအမှားများ ဖြစ်သောဖြုန်းတီးခြင်းနှင့်တစ်ကိုယ်ကောင်းဆန် သည်ဟုမထင်ရသောကိုယ် ကျိုး ကိုကာကွယ်သည့်နည်းလမ်းများထဲသို့ပြန်လည်မကျရောက်မိရန်သတိရှိရမည်။ နောက်ဆုံး၌ရဟန်းမင်းကြီးက ၀ါတွင်းကာလ၏ အခရာကျ သောကျင့်စဉ်သုံးခုဖြစ်သည့် ‘ဆုတောင်းခြင်း၊ ၀ါရှောင်ခြင်းနှင့်ကရုဏာရေးလုပ်ငန်းလုပ်ခြင်း’ တို့ကိုအမြဲဆောင်ထားရန် တိုက်တွန်းခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3scmJuc

Add new comment

6 + 6 =