ယေဇူးဘုရင်ပွဲတော်နေ့ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် သြဝါဒ

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်း
ယေဇူးဘုရင်ပွဲတော်နေ့ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် သြဝါဒ
နိုဝင်ဘာ ၂၅၊ ၂၀၁၈

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်းတွင် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သည် ထို့အတွက်ကြောင့် သခင်ခရစ်တော်၏ နိုင်ငံတော်သည် ချစ်ခြင်းမေတ္တာပေါ်တွင်တည်သော နိုင်ငံတော်ဖြစ်သည် ဟု ဟေားကြားခဲ့ပါသည်။
ဘုရားသခင်ဖန်ဆင်းထားသောအရာများသည် သူအလိုလျှောက် တိုးပွားလာခြင်းမဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက် နောက်ဆုံးပန်းတိုင်ဖြစ်သော ဘုရားသခင်၏ နိုင်ငံတော် ကို တည်ဆောက်ရန်တွက် တိုးတက်ပြောင်းလဲနေခြင်းဖြစ်ပါသည်။
သခင်ခရစ်တော်ကို ပီလာတုမင်းက သင်သည် ရှင်ဘုရင်ဖြစ်သလော ဟုမေးသောအခါ သခင်ခရစ်တော်က ငါ၏နိုင်ငံတော်သည် ဤလောကနှင့်မဆိုင်၊ ယင်းဖြေဆိုခြင်းသည် နိုင်ငံရေးနှင့် သခင်ခရစ်တော်လုံးဝပါဝင်ပတ်သက်မူ့မရှိကြောင်းကိုဖော်ပြသော အဖြေဖြစ်တယ်။ ပါမုန့်ငါးလုံးနှင့် ငါးနှစ်ကောင်းကို ပွားများစေပြီးလူတွေကိုကြွေးခဲ့စဉ်က လူတွေသခင်ခရစ်တော်ကို ရောမတွေကိုမောင်းထုတ်ပြီး ဘုရင်တင်ဖို့လူတွေကြံစည်းခဲ့ကြတယ်။ သခင်ခရစ်တော် လူအုပ်ကိုရှောင်ခွာပြီး တပါးတည်း ဆုတောင်းတော်မူခဲ့တယ်။ ယင်းအချက်တွေဟာ သခင်ခရစ်တော် လောက နိုင်ငံရေးနှင့် မသက်ဆိုကြောင်းဖော်ပြခဲ့ခြင်းဖြစ်တယ်။
ပီလာတု မင်းနှင့် သခင်ခရစ်တော် ကို ပီလာတုမင်းထပ်အပ်နှံသူတွေ နားမလည်တာက နိုင်ငံရေးအာဏာ ပါဝါထက်မြင့်တဲ့အရာ လူတွေအပြည့်အဝ ရယူနိုင်မူမရှိတဲ့အရာ အဲ့တာကိုပေးဖို့ငါဒီလောကကို ဆင်းလာခြင်းဖြစ်တယ်၊
ချစ်ခြင်းမေတ္တာ ပါဝါသာလျှင်ဖြစ်တယ် အဲ့ဒီချစ်ခြင်းမေတ္တာသာလျှင် အမှန်တရားကို နားလည်နိုင်မယ် အဓိပ္ပါယ် ကိုဖော်ဆောင်ပေးလိမ့်မယ်။ ဘုရားသခင်ပေးတဲ့အမှန်တရားဟာ သူကိုယ်သူပေးခြင်း၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် အမှန်တရားဖြစ်တယ်၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တဲ့အတွက်ကြောင်ပဲ။
သခင်ခရစ်တော်ကြွလာတာက အဲ့ဒီ အမှန်တရားနဲ့ ချစ်ခြင်းမေတ္တာ၊ နိုင်ငံတော် လောကမှာ တည်ဆောက်ဖို့ ဖြစ်တယ်။ သခင်ခရစ်တော်တည်ဆောက်ခဲ့တဲ့နိုင်ငံက ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ ချစ်ခြင်းမေတ္တာ၊ မေတ္တာ နိုင်ငံတော်ပါပဲ။ ယင်းနိုင်ငံသာလျှင် ကမ္ဘာကြီးပျက်သုံးခြိမ်အထိ တည်ရှိနိုင်မဲ့ နိုင်ငံနော်ဖြစ်တယ်။

လက်နှက်တွေ၊ ပါဝါအာဏာပေါ်မှာ တည်ဆောက်ခါးသော နိုင်ငံတွေသည် ကြာရှည်ခံလေ့မရှိ မကြာခင်ပြိုကွဲးသွားကြရစမြဲးပါ။
ချစ်ခြင်းမေတ္တာ ကို အခြေတည်ပြီးတည်ဆောက်သော နိုင်ငံသည် နှစ်လုံးသားတွင် အမြစ်တွယ်သဖြင့် ယင်းချစ်ခြင်းမေတ္တာ၌ နေထိုင်ကြရသူတိုင်း၊ စစ်မှန်သော လွတ်လပ်မှု့၊ ငြိမ်းချမ်းမူ့၊ ဘဝရဲ့ ရှင်သန်မှု့ အဓိပ္ပါယ် အစစ်အမှန်ကိုခံစားကြရပါသည်။

သခင်ခရစ်တော်က သူကို ကျွနုပ်တို့ဘဝရဲ ဘုရင်အဖြစ်ရှိစေခြင်တယ်၊
ဘာလို့လည်း သူရဲ့နုတ်တော်ထွက်စကားအားဖြင့်လမ်းပြပေးတယ်။ သူရဲ့အသက်ပေးခြင်းအားဖြင့် ပုံသက်သေပြပြီးချစ်ခဲ့တယ်။ ပြောက်ဆုံးနေသူတွေကိုလမ်းပြကယ်တင်တယ်၊ အမှားတွေ သံသယတွေကြားမှာ အမှန်တရား အလင်းပြပေးတယ်၊ ကြောက်ရွံနေရတဲ့အခြေအနေမှာ ရဲးရင်မူကိုဖြည့်ပေးတယ်၊ အဲ့တာကြောင့် သူကကျွနုပ်တို့ရဲ့ဘုရင် ဖြစ်ခြင်တယ်။ သူ့အတွက်ဘုရင်ဖြစ်ခြင်းမဟုတ်၊ ကျွနုပ်တို့ကောင်းစားရေးအတွက် သူကကျွနုပ်တို့ရဲ့ ဘုရင်ဖြစ်ခြင်ခဲ့တာ။
ဒါပေမဲ့ လူတွေက သခင်ခရစ်တော်ရဲ့နိုင်ငံက ဒီလောကမှာ မဟုတ်ဘူးဆိုတာကိုမေ့နေကြတာ။
လောကအရာတွေကိုဘုရားအဖြစ် ပထမဦးစားပေးနေရာမှာ ထားနေသ၍ သခင်ခရစ်တော်ပေးခြင်တဲ့ အသစ်သော အသက်တာကို ရနိုင်မည်မဟုတ်။ သူကိုသင်ရဲ့ ဘုရင်ဖြစ်ခွင်ပြုရမယ်။

https://www.vaticannews.va/en/pope/news/2018-11/pope-francis-angelus-christ-the-king-love.html

#pope, #angelus, #sunday, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 2 =