ကောင်းကင်နိုင်ငံတော်စားသောက်ပွဲသို့ သခင်ခရစ်တော် ကျွနု​ပ်တို့ကို ဖိတ်ခေါ်နေ

ကောင်းကင်နိုင်ငံတော်စားသောက်ပွဲသို့ သခင်ခရစ်တော် ကျွနု​ပ်တို့ကို ဖိတ်ခေါ်နေ
ကောင်းကင်နိုင်ငံတော်စားသောက်ပွဲသို့ သခင်ခရစ်တော် ကျွနု​ပ်တို့ကို ဖိတ်ခေါ်နေ
နိုဝင်ဘာလ ၆၊ ၂၀၁၈
ကောင်းကင်နိုင်ငံတော်ကို စားသောက်ပွဲနဲ့ မကြာခဏ နိုင်းယှဉ်ပြတာကိုတွေ့ရတယ်၊ သခင်ခရစ်တော်ကလည်းကျွန်တော်တို့ကို မကြာခဏ သူနဲ့ အတူစားသောက်ဖို့ ဖိတ်ခေါ်နေတယ်။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါတောင် ကျွန်တော် တို့ အကြောင်းအမျိုးမျိုးပြပြီး သခင်ခရစ်တော်ရဲ့ ဖိတ်ခေါ်ချက်ကို ငြင်းပယ်​ခဲ့ကြပြီးပြီလဲ။ စားသောက်ပွဲကို ခင်းကျင်းပြင်ပြီး လာရောက်စားသောက်ကြရန် မိတ်ဆွေများကို ဖိတ်ခေါ်သော နေစဉ် သမ္မာကျမ်းစာ ကို အခြေခံပြီး ဘုရားဖိတ်ခေါ်ခြင်းကို၊ လူတို့အကြောင်းအမျိုးမျိုးပြ ငြင်းပယ်ကြ ခြင်းကို ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ဟောကြားခဲ့ပါသည်။ ဘုရားသခင်က ကောင်ကမြတ်တော်မူတယ်။ အဲ့ဒါ​ကြောင့် နောက်တစ်​ကြိမ် အခွင့်အရေးပေးပြီး သင့်ကို ထပ်ဖိတ်ခေါ်နေတယ်၊ သူက ကောင်းမြတ်တယ် ဒါပေမဲ့ သူက တရားမျှတတယ် ဆိုတာကိုလည်း မမေ့ပါနဲ့။
သခင်ခရစ်တော်ကို ငြင်းပယ်သူတွေကို ဘုရားက စိတ်ရှည်သီးခံပြီး နောက်တစ်​ကြိမ် အခွင့်အရေးပေးတယ်၊ အကြိမ်ကြိမ်နားလည်ပေးပြီး အခွင့်အရေးပေးခဲ့တယ် ၊ အကြိမ်ကြိမ်ငြင်းပယ်ခဲ့တယ်နောက်ဆုံးမှာ ဘုရားက သင့်ကို ပြန်ငြင်းပယ်လိမ့်မယ်။
ကိုယ့်ဘဝကောင်းစားဖို့၊ ပြုပြင်ပြောင်းလဲဖို့၊ ဘုရားနဲ့ပေါင်းစပ်နေရပြီဆိုတာ ပြီးပြည့်စုံတဲ့ဘဝပဲ။ အဲ့ဒါကြာင့် ပြီးပြည့်စုံတဲ့ဘဝကို ရစေချင်လို့ဘုရားက သင့်ကိုဖိတ်ခေါ်နေတာ။ ဖိတ်တယ်ဆိုတဲ့နေရာမှာ မိတ်ဆွေတွေကို ဦးစားပေးဖိတ်တာ၊ ဘုရားက သင့်ကို သူမိတ်ဆွေ အဖြစ် သတ်​မှတ်​ပြီး ဖိတ်တာ၊
သူနဲ့အတူရှိဖို့၊ သူဆီမှာ ဆုတောင်းဖို့၊ သူဆီက အကြံဉာဏ်တောင်းဖို့၊ ကောင်းတဲ့အရာတွေလုပ်ဖို့၊ သနားညှာတာတတ်​ဖို့၊ ခွင်လွှတ်ခြင်းရှိဖို့၊ နှိမ့်ချခြင်းပါရမီနဲ့ အသက်ရှင်ဖို့ နေစဉ် အသက်တာမှာ သင့်ကို ဖိတ်ခေါ်နေတာ၊ သင့်ဘဝ ဝန်ထုပ်​ဝန်ပိုးတွေ၊ အခက်အခဲ​တွေနဲ့လေးလံ​နေလို့ သက်သာစေဖို့ သင့်ကိုဖိတ်ခေါ်နေတာ၊ သင်အထီးကျန်နေလို့ဖိတ်ခေါ်နေတာ၊ ဒါပေမဲ့ မသိမမြင်၊ လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွမ်းနေပြီး လောကသာယာမှု့ လုံခြုံမှု့အတွက် ဘုရားကို ငြင်းပယ်နေခဲ့ကြတာ၊ မနက်ဖြန်မှ၊ နောက်ရက်မှ ဘုရားရှိခိုး တော့မယ်၊ အချိန်ရှိပါသေးတယ် စတဲ့အကြောင်းပြချက်တွေနဲ့ ဘုရားဖိတ်ခေါ်သံကိုငြင်းပယ်နေခဲ့ကြတယ်။
ကောင်းမှု့ကုသိုလ်တွေလုပ်ဖို့၊ လိုအပ်သူကိုကူညီဖို့၊ ရိုးသားဖြူစင်​ဖို့၊ ကောင်းမွန်စွာ အသက်ရှင်ဖို့၊ ဘုရားကို သိသူတစ်ေ​ယာက်ဖြစ်ဖို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရား အမြဲ သင့်ကို လမ်းပြတယ် သို့သော် သင် အကြောင်းအမျိုးမျိုးပြပြီး ဘုရားရဲ့ အလိုကို လုပ်ဆောင်းဖို့ ငြင်းဆန်ခဲ့တယ်။
ဘုရားက ခွင်လွှတ်တဲ့ဘုရား၊ သနားကြင်​နာတတ်​တဲ့ဘုရားဖြစ်တယ်။ ဒါပေမဲ့ တရားမျှတမှု့လည်း ဖြစ်တယ်၊ သင်ကိုယ်၌က ငြင်းပယ်နေရင်တော့ သင်ကိုယ်၌က အမှန်တရားကိုလက်မခံ၊ သင်ကိုယ်၌က အကောင်းကို အကောင်းလို့ လက်မခံမမြင်နိုင်တော့ရင်၊ သင်ကို၌က အပြစ်မကောင်းမှုကို၊ အပြစ်မကောင်းမှုလို့မမြင်တော့ရင် သင်ကို တိုင်က နောင်တမရတော့ရင် သင်ကိုယ်​​​ကိုသင် ဘုရားနဲ့ ဝေးကွာမှုကို ရွေးချယ်လိုက်ခြင်းဖြစ်တယ်။ ဘုရားက သင်ကို ရိုသေလေးစားလို့ သင်ကိုယ်တိုင် လွတ်လပ်စွာ​ရွေးချယ်ခွင့်ပေးခဲ့တယ် ၊ သင့်ရဲ့ ရွေးချယ်မှုက သင်ရဲ့ အဆုံးအဖြတ်ခံရမယ့် ​စီရင်ချက်ပါပဲ။
သခင်ခရစ်တော်က သူရဲ့ အသေခံခြင်း၊ သူရဲ့သွေးနဲ့ သင့်အပြစ်တွေကို​ဆေးကြောကယ်တင်ပေးခဲ့ပြီးပြီး၊ ကောင်းကင်တံခါးဖွင့်ပေးခဲ့ပြီးပြီး၊ ကောင်းကင်နိုင်ငံသွားရာလမ်းကိုပြပေးခဲ့ပြီး ပြီ၊ သူရဲ့ ခန္ဓာကိုယ် ကို နေ့စဉ် ဝိညာဉ်ခွန်အားအဖြစ်ပေးခဲ့ပြီးပြီ၊ သင်ကို ဖိတ်ခေါ်ဖို့ အသင်းတော်ကို တည်ဆောက်ပေးခဲ့ပြီးပြီ၊ အခုသင့်ကို ဖိတ်ခေါ်နေပြီ၊
သခင်ခရစ်တော်ရဲ့ ဖိတ်ခေါ်မှုကိုမြင်နိုင်ကြားနိုင်ပါစေ။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-11/pope-at-mass-jesus-invites-us-to-the-banquet-of-the-kingdom.html

#pope, #mass, #invitation, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 2 =