ဧ၀ံဂေလိတရားသာလျှင် မျှော်လင့်ခြင်း၏ ရောင်ခြည်ကိုထွန်းလင်းပေးမည်

ဧ၀ံဂေလိတရားသာလျှင် မျှော်လင့်ခြင်း၏ ရောင်ခြည်ကိုထွန်းလင်းပေးမည်

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပြီးခဲ့သောတနင်္လာနေ့က မယ်တော်၏အလွန်စင်ကြယ်သောနှလုံးတော် သာသနာပြု ဩဘလိတ်စ် ရဟန်းအသင်းသားများနှင့်တွေ့ဆုံခဲ့သည်။

၄င်းတို့သည် (၃၇) ကြိမ်မြောက် အသင်း၏ အထွေထွေအစည်းအ‌ေ၀းကိုကျင်းပခဲ့သည်။ ဤအသင်းသည် (၁၈၁၆) ခုနှစ် ပြင်သစ် တောင်ပိုင်း Mazenod မြို့မှစိန့်ယူဂျင်းကတည်ထောင်ခဲ့သည်။ ဤတွေ့ဆုံခြင်း၌ ရဟန်းမင်းကြီးက အသင်းကြီးတစ်ခုလုံး၏အကြီးအကဲအဖြစ်ရွေးချယ်တင်မြောက်ခံရသော ဖာသာရ် Luis Ignacio Rois Alonso အတွက်ဆုတောင်းပေးခဲ့သည်။ တစ်ကြိမ်အရွေးခံလျှင် သက်တမ်း (၆) နှစ်ကြာအမှုထမ်းရ သည်။ ရဟန်းမင်းကြီးက ယခင်အကြီးအကဲဖြစ်သော ဖာသာရ် Louis Lougen အားလည်းကျေးဇူးတင် ကြောင်းမိန့်ကြားခဲ့သည်။ သူသည် သက်တမ်းနှစ်ကြိမ်အမှုထမ်းခဲ့၍ (၁၂) နှစ်ကြာထမ်းဆောင်ခဲ့သည်။

‘မျှော်လင့်ခြင်းခရီးသွား’

(၃၇) ကြိမ်မြောက်အစည်းအ‌ဝေး ၏ဆောင်ပုဒ်မှာ ‘Pilgrims of Hope in Communion’ (စည်းလုံးခြင်း၌မျှော်လင့်ခြင်း၏ခရီးသွား) ဟုရွေးချယ်ထားသည်။ ဤဆောင်ပုဒ်သည် အသင်းသားများ ယေဇူးသခင်၏နောက်လိုက်ဖြစ်သည်ကိုလုံး၀ထပ်တူကျစေကြောင်း၊ အဘယ်ကြောင့်ဆိုသော် စစ်မက် နှင့်ပဋိပက္ခများဖြစ်ပွားနေချိန်၊ ရွေ့ပြောင်းများ၊ ဒုက္ခသည်များ၏အရေးနှင့်ချမ်းသာသူများ ၏မှိုင်းလုံး၊ လှိုင်းလုံးများဖြင့်ပိန်းပိတ်မှောင်နေ
သောအချိန်အခါ၌ ‘မျှော်လင့် ခြင်း၊ ပျော်ရွှင်ခြင်းနှင့်ငြိမ်းချမ်းရေး ဧ၀ံဂေလိတ ရား’ ကိုဟောကြားခေါ်တော်မူခြင်းခံရကြောင်း၊ ဧ၀ံဂေလိတရားသာလျှင် မျှော်လင့်ခြင်း၏ ရောင်ခြည်ကိုထွန်းလင်းပေးမည်ဖြစ်ကြောင်း၊ အသင်း၏အနှစ်မှာကမ္ဘာအရပ်ရပ်သို့သွားပြီး တိုင်းနိုင်ငံ (၇၀) ၌အမှုတော်ထမ်းရန်ဖြစ်ကြောင်း၊ အသင်းသားများသည် ယေဇူးသခင်၏တပည့်တော်ကြီးများကဲ့ သို့ စေလိုရာစေအမြဲအသင့်ရှိကြောင်း၊ မျှော်လင့်ခြင်း၏ခရီးသွားများဖြစ်ကြောင်း၊ ဘုရားသခင်၏သန့် ရှင်းသောလူမျိုးစုနှင့်လျှောက်လှမ်းလျှက်ရှိကြောင်း၊ သင်တို့၏သာသနာပြုခေါ်တော်မူခြင်းကို သာမန်ဘာသာတူများ၊ လူငယ်များနှင့်အတူသစ္စာရှိစွာ‌ေ၀မျှအမှုထမ်းရင်း အသင်းကိုတည်ထောင်ခဲ့သူ ၏ရည်ရွယ်ချက်ကို စောင့်ထိန်းလျှက်ရှိကြောင်း၊ မျှေ်လင့်ခြင်း၏ခရီးသွားဖြစ်သော ကြောင့် နွမ်းပါးဆင်း ရဲသူများကြား၌ပါရမီကိုအဘယ်သို့ကျင့်ကြံရမည်ကိုသိနားလည်လာသည်။ အခွင့်အရေးရခဲသူများမှ ဟောကြားသော ဧ၀ံဂေလိတရားကိုခံယူတတ်လာခြင်း၊ ၄င်းတို့၏သင်ကြားခြင်းသည် သင်တို့အား မျှော် လင့်ခြင်းသို့ပို့ဆောင်ပေးကြောင်းမိန့်ကြားခဲ့သည်။

Importance of living in communion
အစုအဖွဲ့ဖြင့်နေထိုင်ရန်အရေးခြင်းခြင်း

ယနေ့ခေတ်အခါသမယ၌ အစုအဖွဲ့ဖြင့်သီတင်း သုံးနေထိုင်ခြင်းသည် အနာဂတ်ကမ္ဘာ၊ သာသနာ၊ ဆက်ကပ်အသက်ရှင်သူတို့၏အခြေခံကျသောအသက်တာဖြစ်သည်။ ဤသို့ဖြစ်ရန် ကျွန်ုပ်တို့ကြား၌အ မြစ်တွယ်နေရမည်။ မည်သည့်ကန့် သတ်ချက်မျှမရှိဘဲ လူတိုင်းနှင့်လည်းနေထိုင်နိုင်ရမည်။ အစုအဖွဲ့နှင့် နေထိုင်တတ်ခြင်းကိုမြင့်တင်လုပ်ဆောင်သူများဖြစ်ကြရန်၊ အချင်းချင်း ၏အခင်းကြီးငယ်များကို မျှဝေခံ စားတတ်ရန်၊ နီးနီးကပ်ကပ်ရှိရန်၊ ညီအစ်ကိုမောင်နှမစိတ်မွေးမြူတတ်ရန်တိုက်တွန်းပါသည်ဟုမိန့်ကြား ခဲ့သည်။

Returning to the source
မူလရင်းမြစ်သို့ပြန်သွားခြင်း …

ကျွန်ုပ်တို့၏ မိခင်ကမ္ဘာမြေအား စောင့်ရှောက်ခြင်းသည် အရေးကြီးသည်။ ကျွန်ုပ်တို့၏ကမ္ဘာ ဂြိုလ်သည် ကျွန်ုပ်တို့နေ့စဉ်ရှင်သန်စေရေး၏ အဓိကအရင်းအမြစ်ဖြစ်သော်လည်း ကျွန်ုပ်တို့အားမည် သည့်အရာမျှ ပြန်လည်တောင်းဆိုခြင်းမရှိ။ ခမည်းတော်ဘုရားသခင်ထံပြန်လည်ဦးလှည့်လာရန်လိုအပ် သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ရှင်သန်ခြင်းနှင့်တာ၀န်ဖြစ်သည်။ သူအားချစ်သောချစ်ခြင်းသည် ယေဇူးသခင်နောက်သို့လိုက်ရန် အရာရာကိုစွန့်လွတ်ရဲစေသောအချစ်ဖြစ်သည်။

သာသနာပြုဘုန်းတော်ကြီးအသင်းကိုတည် ထောင်သူ စိန့်ယူဂျင်းသည် သင်တို့အားလုံးအတွက်စံ ပြအဖြစ်ညွှန်းဆိုရမည်။ သူသည် သာသနာပြုစိတ်ဓာတ်ပြည့်၀ပြီး၊ အခြားသူအားလည်းချစ်တတ်သော၊ ၀ိညာဉ်များ၏ကယ်တင်ခြင်းအတွက်စိတ်အားထက်သန်လွန်းသူဖြစ်သည်။ ချို့တဲ့နွမ်းပါးသူများကိုအ လွန်ချစ်သည်။ ဘုရားအမှုတော်ကိုဆောင်သည်။ ဘုရားသခင်၏ချစ်ခြင်းကို သူ၏ယုံကြည်ခြင်းဖြင့်‌ေ၀ မျှသည်။ သင်တို့၏သာသနာပြုအသက်တာတစ်လျှောက်၌ ယေဇူးသခင်သည် စိန့်ယူဂျင်းအတွက်စံပြ ဖြစ်ခဲ့သကဲ့သို့ သင်တို့အတွက်လည်းဖြစ်ပါစေ။ တစ်နေ့သ၌ သူ၏အသက်တာကိုချို့တဲ့နွမ်းပါးသူများအ တွက်ဆက်ကပ်ရန် လက်၀ါးကပ်တိုင်ပေါ်၌အသေခံသောယေဇူးသခင်ရှေ့မှောက်၌ ပြတ်သားစွာဆုံး ဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် သူ့အား ယုံကြည်ခြင်းအသက်တာသို့ပြန်လည်လျှောက်လှမ်းလာ စေခဲ့သည်။

 

Looking to Our Lady as a model for Oblate life
မယ်တော့်ကို သင်တို့၏စံပြအဖြစ်ထားရှိပါသည် ……

စိန့်ယူဂျင်းသည် Aix-en ခရိုင်ရှိမယ်တော်ဆင်းတုတော်ရှေ့၌ ခံယူခဲ့ရသော ကောင်းချီးထူးကို ထောက်ရူရင်း အသင်း၏ခက်ခဲသောအချိန်ကိုကျော်ဖြတ်ခြ့သည်။ အမိမယ်တော်သည် သင်တို့၏ယုံ ကြည်ခြင်းခရီးသွားဖော်အဖြစ် ထူးခြားသောအမှုကိုဆောင်ရွက်ပေးနိုင်သည်။ အမိမယ်တော်သည် ဘုရား သခင်အား ‘အသင့်ရှိပါသည်’ ဟုဖြေကြားခဲ့သည်။ ထို့နောက်လိုအပ်သူကိုအစေခံရန် ချက်ချင်းပင်ခရီးပြု ခဲ့သည်။ ထို့ကြောင့်အမိမယ်တော်သည် ဘုရားသခင် ၏လူမျိုးတော်အား အလုပ်ကျွေးပြုရာ၌ အဘယ်သို့ အကောင်းဆုံးပြုရမည်ကိုစံပြုရမည်ဟုမိန့်ကြား၍ ဆုတောင်းခြင်းဖြင့်၄င်းတို့၏ တွေ့ဆုံခြင်းကိုအဆုံး သတ်ခဲ့သည်။

 

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3RRwXN2

Add new comment

1 + 3 =