ဧဝံဂေလိအမှန်တရားနဲ့ ဘယ်သူမှ ဆွေးနွေးညှိနှိုင်းလို့ မရပါဘူး။

ဧဝံဂေလိအမှန်တရားနဲ့ ဘယ်သူမှ ဆွေးနွေးညှိနှိုင်းလို့ မရပါဘူး။ ဧဝံဂေလိကို ကြေငြာဟောပြောတဲ့အတိုင်း လက်ခံမလား ဒါမှမဟုတ်ရင် တခြားအရာပဲ လက်ခံမလား။ ဒါပေမဲ့ ဧဝံဂေလိကျမ်းစာနဲ့ သင် ဆွေးနွေးညှိနှိုင်းလို့ မရပါဘူး။ အပေးအယူလုပ်လို့ မရပါဘူး။ သခင်ယေဇူးကို ယုံကြည်ခြင်းက ညှိနှိုင်းရတဲ့ အရာမျိုးမဟုတ်ဘူး။ ယုံကြည်ခြင်းဟာ ကယ်တင်ခြင်း၊ ထိတွေ့ခြင်းနဲ့ ကယ်ချွတ်ခံရခြင်းဖြစ်ပါတယ်။ ဒီယုံကြည်ခြင်းကို စျေးပေါပေါနဲ့ ရောင်းချလို့ မရနိုင်ပါဘူး။ ဧဝံဂေလိတရားဟာ ကျွန်ုပ်တို့အတွက် သခင်ယေဇူး ပေးတဲ့လက်ဆောင် ဖြစ်ပါတယ်။ သခင်ယေဇူးကိုယ်တိုင် ကျွန်ုပ်တို့ကို ယုံကြည်ခြင်း ပေးပြီး ကျွန်ုပ်တို့အတွက် အသက်ကိုပေးပါတယ်။ ✍️ ထန်းဟာ, SJ #Credit #RVAMyanmar #PopeFrancis

Add new comment

3 + 1 =