ဧဝံဂေလိလုပ်ငန်းတွင် မျှော်လင့်မထားသည့်လမ်းစဉ်များကိုလည်း လျှောက်လှမ်းဖို့လိုအပ်ကြောင်း  ပုပ်ရဟန်းမင်းကြီးမှ မိန့်ကြား

ဧဝံဂေလိလုပ်ငန်းတွင် မျှော်လင့်မထားသည့်လမ်းစဉ်များကိုလည်း လျှောက်လှမ်းဖို့လိုအပ်ကြောင်း  ပုပ်ရဟန်းမင်းကြီးမှ မိန့်ကြား

ဧဝံဂေလိလုပ်ငန်းတွင် မျှော်လင့်မထားသည့်လမ်းစဉ်များကိုလည်း လျှောက်လှမ်းဖို့လိုအပ်ကြောင်း  ပုပ်ရဟန်းမင်းကြီးမှ မိန့်ကြား

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဗုဒ္ဓဟူးနေ့က အထွေထွေပရိတ်သတ်နှင့်တွေ့ဆုံခြင်းတွင် ဂါလာတိအသင်းတော်ကို စိန့်ပေါလ်ရေးခဲ့သည့်ဩဝါဒစာမှ အကြောင်းအရာများကိုရည်ညွှန်း၍ မိန့်မြွက် ခဲ့သည်။

စိန့်ပေါလ်သည် သူ၏ပြောင်းလဲခြင်းနှင့် ခရစ်တော်၏အမှုတော်ကိုထမ်းဆောင်ရန်အတွက် သူ၏ဘဝကို ပေးအပ်ရန်ဆုံးဖြတ်ချက်ချလိုက်ခြင်းကို ကျွန်ုပ်တို့နားလည်နိုင်ရန် ရည်ညွှန်းချက်များစွာကို ဩဝါဒစာ ထဲ၌ဖော်ပြထားသည်ဟု ပုပ်ရဟန်းမင်းကြီးက မှတ်ချက်ပြုသည်။ လွတ်လပ်မှု၊ ကျေးဇူးတော်နှင့် ခရစ် ယာန် ဘဝလမ်းစဉ်ကဲ့သို့ အရေးကြီးသောအချက်များသည် “ကျွန်ုပ်တို့မျက်မှောက် ခေတ်မှာ သာသနာ တော်ရဲ့ကဏ္ဍများစွာနဲ့ တိုက်ဆိုင်မှုရှိတယ်” ဟုဆိုကာ ၎င်းသည် စိန့်ပေါလ်ကိုပိုမိုသိကျွမ်းရန်သာမက ဧဝံဂေလိ တရား၏လှပမှုကိုပြသရန်အတွက် အရေးကြီးသော၊ အဆုံးအဖြတ်ပေးသော စာတစ်စောင် ဖြစ်သည် ကို မီးမောင်းထိုးပြခဲ့သည်။

 

စိန့်ပေါလ်၏တမန်တော်လုပ်ငန်း

 

ဂါလာတိဩဝါဒစာမှ ပထမဆုံးသွင်ပြင်လက္ခဏာသည် တမန်တော်ကြီး၏သာသနာပြုခရီးစဉ်အတွင်း အနည်း ဆုံးနှစ်ကြိမ်သွားရောက်ခဲ့သည့်  ကြီးမြတ်သောဧဝံဂေလိတရားဟောပြောခြင်းလုပ်ငန်း ဖြစ် ကြောင်း၊ ဩဝါဒစာနှင့်စပ်လျဉ်း၍ စိန့်ပေါလ်ရည်ညွှန်းသည့်နယ်မြေဧရိယာနှင့် ထိုစာကိုရေး သားခဲ့ သည့်နေ့ရက်များကို အတိအကျမသိရသော်လည်း ဂါလာတိလူမျိုးတို့သည်  ထိုကာလများ၌ Anatolia ဒေသနှင့်၊ မြို့တော် Ancyra (လက်ရှိအချိန်၌ တူရကီနိုင်ငံရှိ Ankara) ဒေသများတွင် အခြေချ နေထိုင်ခဲ့သူများဖြစ်ကြောင်း၊ စိန့်ပေါလ်သည် ဖျားနာသောကြောင့် ၎င်းဒေသတွင် နေထိုင်ခဲ့ရကြောင်း ရှင်းပြခဲ့သည်။ သို့သော် တမန်တော်ဝတ္ထုကျမ်းတွင် စိန့်လုကာမှ ဝိညာဉ်ရေး လှုံ့ဆော်မှု ကိုဖော်ပြ ထားသည်။ “သူတို့သည် ဖရီဂျီယနှင့် ဂါလားဆီယာနယ်များကို ဖြတ်သွားကြစဉ် အာရှပြည်တွင် နှုတ် တော်တော်ထွက်စကားကိုဟောပြောရန် သန့်ရှင်းသောဝိညာဉ် တော်သည် သူတို့ကိုတားမြစ်တော်မူ၏” (တမန်တော် ၁၆း၆)

ရဟန်းမင်းကြီးက ဤအချက်နှစ်ချက်သည် ဆန့်ကျင်ဘက်မဟုတ်ကြောင်းနှင့် “ဧဝံဂေလိ တရား ဟောပြောခြင်းလမ်းကြောင်းသည် ကျွန်ုပ်တို့၏ဆန္ဒနှင့် အစီအစဉ်များအပေါ်တွင် မူတည်သည်မဟုတ်ဘဲ မိမိတို့ ကိုယ်ကိုပုံသွင်းခွင့်ပြုရန်နှင့်  ကြိုတင်မသိမြင်နိုင်သည့် အခြားလမ်းစဉ် များကို လိုက် လျှောက် ရန်အတွက် စိတ်ဆန္ဒပြင်းပြမှုရှိရန်သာလိုအပ်ကြောင်း” ထပ်မံရှင်းပြခဲ့သည်။ ရဟန်းမင်းကြီးက “စိန့်ပေါလ် ဟာ သူ့ရဲ့ဧဝံဂေလိလုပ်ငန်းမှာ ဂါလားဆီယာဒေသတစ်လျှောက် အသိုင်းအဝိုင်းငယ်များစွာကို တည် ထောင်နိုင်ခဲ့တယ်ဆိုတာ ကျွန်ုပ်တို့မြင်ရတယ်” ဟု ဆိုသည်။

 

အကျပ်အတည်းများအကြား စိုးရိမ်ပူပန်ရခြင်း

 

ပုပ်ရဟန်းမင်းကြီးက စိုးရိမ်ပူပန်မှုများရှိသည်ကို မီးမောင်းထိုးပြခဲ့သည်။ စိန့်ပေါလ်သည် သာသနာကို တည်ထောင်ပြီးနောက် ယုဒဘာသာမှသာသနာထဲသို့ဝင်ရောက်လာသော ခရစ်ယာန်အချို့တို့က သူ၏ သွန်သင်ချက်နှင့်ဆန့်ကျင်၍ သီအိုရီများကိုအစပျိုးနေကြသည်ကို တွေ့ရှိခဲ့ရသည်။ ထိုသူတို့က မောရှေ ပညတ်အရ လူမျိုးခြားများပင်အရေဖျားလှီးခြင်းကိုခံကြရန်နှင့် ဂါလားဆီယာလူမျိုးများသည် မိမိတို့၏ ယဉ်ကျေး မှုဆိုင်ရာဝိသေသလက္ခဏာကိုစွန့်လွှတ်ကာ ဂျူးတို့၏ဓလေ့ထုံးတမ်းများကိုလက်ခံရမည်ဟု ငြင်းခုံ ခဲ့ကြသည်။ ထို့အပြင် စိန့်ပေါလ်ကိုရန်ဘက်ပြုသောသူများကလည်း စိန့်ပေါလ် သည်စစ်မှန် သောတမန်တော်မဟုတ်သဖြင့် ဧဝံဂေလိတရားကိုဟောပြောရန် အခွင့်အာဏာမရှိကြောင်း ပြောဆို ခဲ့ကြသည်။ ရောမဧကရာဇ်မင်း၏လက်အောက်ခံအဖြစ်နှင့် ကျွန်ပြုခံရခြင်းစသည့် မိမိတို့၏သမိုင်း ရာဇဝင်အစား၊ ယေဇူးသခင်ယူဆောင်လာသည့် ကယ်တင်ခြင်းသတင်းကောင်းမှာ အသစ်သောဘဝကို အစပြုခြင်းပင်ဖြစ်ကြောင်းကို သိမြင်နားလည်လာပြီး ယုံကြည်လာကြသည့် ဂါလားဆီယာ လူမျိုးတို့သည် ဤအကျပ်အတည်းများကြား၌ မသေချာမရေရာမှုများ သူတို့၏စိတ်နှလုံးထဲတွင် ပြည့်နှက်နေလိမ့်မည်ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်က မှတ်ချက်ပြုခဲ့သည်။

 

ယနေ့ခေတ်တွင်လည်းရှိနေဆဲ

 

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က ၎င်းအခြေအနေကိုယနေ့ခေတ်နှင့်နှိုင်းယှဉ်လျက်၊ အထူးသဖြင့် ဆက် သွယ်ရေးနည်းလမ်းသစ်များအသုံးပြုကာ ခရစ်တော်၏ဧဝံဂေလိတရားကိုမဟောပြောဘဲ၊ “အမှန် တရားကို စောင့်ထိန်းသူများ” အဖြစ် မိမိတို့ကိုယ်ကို တင်ဆက်ပြနေသော ခရစ်ယာန် တရားဟော ဆရာများရှိနေကြောင်း၊ ထိုသူတို့သည် အတိတ်ဘဝဖြင့် မကြာခဏဖော်ထုတ်ခံရသည့် စစ်မှန်သော ခရစ်ယာန် ဘာသာကို မှီခိုနေသူများဖြစ်ကြောင်း အခိုင်အမာအတည်ပြုကြပြီး၊ ယနေ့ခေတ် အကျပ် အတည်း များကို ဖြေရှင်းရန်ကမ်းလှမ်းခြင်းနှင့် ယုံကြည်ခြင်း၏စစ်မှန်မှုကို ဆုံးရှုံးမသွားရန်အတွက် အတိတ် သို့ပြန်သွားခြင်းဖြစ်၍၊ ယနေ့ခေတ်တွင်လည်း “အတိတ်ကဓလေ့ထုံးတမ်းများမှရရှိသည့် အချို့သော အရာများနှင့် မိမိကိုယ်ကိုရင်းနှီးခွင့်ပြုရန် နှောင့်ယှက်ခြင်းများရှိသည်” ဟုဆိုသည်။

 

ရဟန်းမင်းကြီးက ဂါလားဆီယာပြည်သားများထံရေးသောစာ၌ စိန့်ပေါလ်၏သွန်သင်ချက်သည် မည်သည့် လမ်းစဉ်နောက် လိုက်ရမည်ကိုနားလည်နိုင်ရန် ကျွန်ုပ်တို့အားကူညီပေးလိမ့်မည် ဖြစ်ကြောင်း နှင့်  ထိုလမ်းစဉ်မှာ “လက်ဝါးကပ်တိုင်တွင်အသေခံ၍ ရှင်ပြန်ထမြောက်တော်မူသော သခင်ယေဇူး၏ လွတ် မြောက်ခြင်းနှင့် ထာဝရသစ်လွင်နေသည့်လမ်းစဉ်” ပင်ဖြစ်ကြောင်း  ထောက်ပြခဲ့သည်။

 “ဒါဟာ နှိမ့်ချခြင်းနဲ့ ညီရင်းအစ်ကိုစိတ်ဓာတ်ရှိခြင်းအားဖြင့်အောင်မြင်တဲ့ ကြွေးကြော်ခြင်းလမ်းကြောင်း ဖြစ် တယ်။ နူးညံ့သိမ်မွေ့မှုနဲ့ နာခံခြင်းရှိတဲ့ယုံကြည်မှု လမ်းကြောင်းဖြစ်တယ်။  သန့်ရှင်းသော ဝိညာဉ် တော် ဟာ သာသနာတော်ထဲက အသက်အရွယ်တိုင်းမှာ သက်ဝင်လှုပ်ရှားနေမှာသေချာတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

 

ဘာသာပြန်- စစ္စတာရ်ဂါဘရီအဲလားအွမ်ပိုင် (SJA)

https://bit.ly/3zXzCNB

Add new comment

3 + 0 =