အနုပညာသည် သဟဇာတ ဖြစ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ အရင်းအမြစ်

ဗာတီကန်ပြတိုက်ရှိ အနုပညာလက်ရာများကို ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့
အနုပညာသည် သဟဇာတ ဖြစ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ အရင်းအမြစ်
စက်တင်ဘာလ ၂၈၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/pope-francis-patrons-vatican-museums.html

#pope, #vatican, #museum, #arts, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

ဗာတီကန်ပြတိုက်ရှိ အနုပညာလက်ရာများကို ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တည်ထောင်ခြင်း ၃၅ နှစ်ပြည့် အမှတ်တရနေ့တွင် အနုပညာလက်ရာများကို ပြုပြင်ထိန်း​သိမ်းသူ ၄၅ ဦးနှင့် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တွေ့ဆုံခဲ့ပါသည်။
ဗာတီကန်ပြတိုက်ရှိ အနုပညာလက်ရာများအား ထိန်းသိမ်းစောင့်ရှောက် သူများကို သူတို့၏လုပ်ဆောင်မှုများအတွက် ရဟန်းမင်ကြီးမှ ကျေးဇူးတင် ကြောင်း သောကြာနေ့ကပြောကြားခဲ့ပါသည်။
ယနေ့ခေတ်ကမ္ဘာကြီးရဲ့ဒုက္ခတွေထဲမှာ အာဏာရလိုမှု၊ တကိုယ်ကောင်းဆန်မှုဒဏ်ကြောင့် စုတ်ပြဲ၊ ဒဏ်ရရနေသော်လည်း အနုပညာသည် ငြိမ်းချမ်းမှု သဟဇာတဖြစ်မှုနှင့် ကျေးဇူးတရားများကို အချိန်ကာလမရွေး ဖော်ထုတ်ပေးနေသော အရာဖြစ်သည်​။
ကျွနု​ပ်တို့သည်
အ​တွေးအခေါ်ဖြင့် ကျွနု​ပ်တို့၏ ယုံကြည်ခြင်းကို လက်ဆင့်ကမ်းပေးခဲ့ကြသလို အနုပညာသည် ပိုမိုအစွမ်းထက်စွာ ​ဖော်ဆောင်နိုင်သည်​။ အနုပညာ၏စွမ်းပ​ကားသည် ဘဝ အဓိပ္ပါယ် ကိုပြည့်ဝစေခြင်း၊ စည်းလုံးမှုကိုဖန်တီး​ပေးခြင်း၊ ဘုရား၊ လူနှင့် ဖန်ဆင်းခံအရာအားလုံးကိုပေါင်းစည်းပေးသောအရာတစ်​ခုလည်းဖြစ်​သည်​။
အတိတ်ကာလ၊ မျက်မှောက်ကာလ နှင့် အနာဂတ်ကာလတို့ကို တစ်ေ​နရာတည်း၌ မတူညီမှု့များကိုပေါင်းစည်းခြင်း၊ ဝေးကွာမှု့များကိုစုစည်းပေးနိုင်စွမ်းရှိကြောင်း ​​ပြောကြားခဲ့ပါသည်။
အနုပညာလက်ရာများကို ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့၏ လုပ်ဆောင် ပေးဆပ်မှု အနစ်နာခံမှုများအတွက်ကျေးဇူးတင်ေ​ကြာင်း၊ တဆက်တည်းမှာပဲ အသင်းေ​တာ်၏ပြတိုက်အတွင်းသို့ အနုပညာ ရှေးဟောင်းလက်ရာများ လှုဒါန်းပေးကြသူများကိုလည်း ကျေးဇူးတင်ကြောင်း ရဟန်းမင်ကြီးဖရန်စစ်အရှင်သူမြတ်မှ ပြောကြားခဲ့ပါသည်။

Add new comment

1 + 1 =