အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရရသူများအတွက် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဝမ်းနည်း သဝဏ်လွှာ ပေးပို့

အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရရသူများအတွက် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဝမ်းနည်း သဝဏ်လွှာ ပေးပို့
အီဂျစ်နိုင်ငံရှိ ကော့ပတစ် သြသဒေါ့စ် အသင်းတော်မှ ဘုရားဖူးအဖွဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရရသူများအတွက် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဝမ်းနည်း သဝဏ်လွှာ ပေးပို့
နိုဝင်ဘာ ၄၊ ၂၀၁၈

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်းနှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်းတွင် နိုဝင်ဘာလ ၂ ရက် သောကြာနေ့က အီဂျစ်နိုင်ငံရှိ ကော့ပတစ် သြသဒေါ့စ် အသင်းတော်မှ ဘတ်စကား နှစ်စီးဖြင့် သွားနေသော ဘုရားဖူးအဖွဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရရသူများအတွက် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဝမ်းနည်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ ယင်းအကြမ်းဖက်တိုက်ခိုက်မှုတွင် ၇ ဦးသေဆုံးခဲ့ပြီး လူအများ ဒဏ်ရာရရှိခဲ့သည်။ ယင်းဒေသရှိ လူနည်းစု ခရစ်ယာန်များအပေါ် ဆက်တိုက်တိုက်ခိုက်ခံနေရခြင်း ၏ နောက်ဆုံးရ သတင်းတစ်ခုဖြစ်နေကြောင်း၊
ယင်းသေဆုံးထိခိုက်ဒဏ်ရာရရှိသူများအတွက် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ဘုရားဖူ သူတော်စင်တို့ပူပေါင်း၍ ဂုဏ်ကျေးဇူးတော် မေတ္တာ ရွတ်ဆိုခြင်း မယ်တော်သခင်မ၏ ကြားဝင်ဆုတောင်းပေးမှုနှင့် နှစ်သိမ့်ပေးမှုများရရှိခံစားစေ ဖို့ ဆုတောင်းပေးခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-11/pope-francis-angelus.html

#popo, #pray, #Coptic, #victims, peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 2 =