"အံ့ဖွယ်ရာ" ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သည် အကျိုးအမြတ်အပေါ် အခြေခံခြင်းမဟုတ် ချစ်ခင်ရင်းနှီးသော ပေါင်းသင်းဆက်ဆံရေးအပေါ် အခြေခံသော အဖွဲ့အစည်း

"အံ့ဖွယ်ရာ" ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့

"အံ့ဖွယ်ရာ" ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သည် အကျိုးအမြတ်အပေါ် အခြေခံခြင်းမဟုတ် ချစ်ခင်ရင်းနှီးသော ပေါင်းသင်းဆက်ဆံရေးအပေါ် အခြေခံသော အဖွဲ့အစည်း
မတ်လ ၁၆၊ ၂၀၁၉

 

ဆဌမ မြောက် ပုပ်ရဟန်းမင်းကြီး ပေါလ် ​ခန်းမတွင် ကျင်းပပြုလုပ်သော သီးခြားတည်ထောင်ထားသော "အံ့ဖွယ်ရာ" ပူးပေါင်းဆောင်ရွက်ရေး အီတာလီ လူမူကူညီရေးအဖွဲ့အစည်း အဖွဲ့၏ နှစ် တစ်ရာပြည့် အခမ်း​အနားတွင် အဖွဲ့ဝင် ၇၀၀၀ နှင့် တွေ့ဆုံခြင်းတွင် "အံ့ဖွယ်ရာ" ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သည် စွန့်ပစ်ခံ လူသားများကိုကူညီခြင်း၊ တံတိုင်းများသဖွယ် ကာစီးထားကြသော လူအဖွဲ့အစည်းများကို လမ်းဖွင့်ပေးခြင်းများ လုပ်ဆောင်သောအဖွဲ့ဖြစ်ကြောင်း အသင်းတော်၏ လူမူ​ရေး စံချိန်စံညွန်း နှင့် မဆန့်ကျင်ကြောင်း ကိုက်ညီသော လုပ်ဆောင်မူဖြစ်သည်​။

 

♥ စစ်မှန်သောကြွယ်ဝမူသည် ချစ်ခင်ရင်းနှီးသော ပေါင်းသင်းဆက်ဆံရေး၌ အခြေခံခြင်း

အကျိုး​အမြတ်ကြည့်ပြီး လုပ်ဆောင်တတ်​ေ​သာကမ္ဘာကြီးတွင် သင်တို့၏ ရည်ရွယ်ချက် သည် အကျိုး​အမြတ်ကို အခြေမခံဘဲ ချစ်ခင်ရင်းနှီးသော ပေါင်းသင်းဆက်ဆံရေး၌ အခြေခံလုပ်ဆောင်ကြသောကြောင့် အလွန်ကောင်းမြတ်ကြောင်း၊ စစ်မှန်သောကြွယ်ဝမူသည် ပစ္စည်းဥစ္စာ ပေါ်တွင်အခြေမခံကြောင်း စစ်မှန်သော ချစ်ခင်ရင်နှီးမူ၌သာ အခြေခံကြောင်း၊ မတရားမူများ လူသားမဆန်မူများတိုးပွားပြီး ငွေကြေးဥစ္စာကို ဘုရားလို ကိုးကွယ်နေကြသော လူ့အဖွဲ့အစည်းတွင် သင်တို့၏ လုပ်ဆောင်မူသည် နည်းလမ်းသစ်ဖြင့်လူသားထုကို ကူညီနေခြင်​း ဖြစ်​သည်​။

 

♥ အတူတကွပူးပေါင်းလုပ်ဆောင်မူဖြင့် အထီးကျန်ခြင်းကို ကာကွယ်ခြင်း

စိုးရိမ်မူများ၊ အခက်ခဲအမျိုးမျိုး ကြုံတွေ့နေရသူများ မိမိကိုယ်ကိုယ် တစ်ဦးတည်းတစ်ယောက်တည်း စွန့်ပစ်ခံထားရသည်ဟု မခံစားစေရန်၊ ငရဲနှင့်တူသော အထီးကျန်ခြင်းကို ကျော်လွှားနိုင်ရန် အတူတကွ ပူးပေါင်းလုပ်ဆောင်မူသည် အရေးပါကြောင်း၊ အတူတကွလုပ်ဆောင်ခြင်းဖြင့် အရာရာဖြစ်နိုင်လာကြောင်း၊ ထူးဆန်းအံ့သြဖွယ်ရာ မျှော်လင့်ချက်များတိုးပွားလာကြောင်း၊ ယင်းအားဖြင့် လူသားထုဘဝကို ပြန်လည်​ခိုင်မာလာစေခြင်း၊ မျှော်လင့်ချက်များရှင်သန်လာစေခြင်းများကို ဖြစ်ပေါ်စေကြောင်း၊ အတူတကွ သာတူညီမျှအကျိုးခံစားစေခြင်း၊ မည်သူမျှအမြတ်ထုတ် မခံရစေခြင်းကို ကာကွယ်ပေးကြဖို့၊ လူအဖွဲ့အစည်းမှ စွန့်ပစ်ခံထားရသူများတို့သည် မိမိတို့တန်ဖိုးနှင့်အညီ ချစ်ခင်ရင်းနှီးမူ​ပေါင်းသင်ဆက်ဆံခံရဖို့ ဆက်လိုကြိုးစားကြဖို့တိုက်တွန်းထားသည်​။

 

♥ "အံ့ဖွယ်ရာ" ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်အမျိုးသမီးများ

အံ့သြဖွယ်ရာ" ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်အမျိုးသမီးများပါဝင် လုပ်ဆောင်ခြင်းအပေါ် အထူးလေးစား ဂရုပြုကြောင်းနှင့် အမျိုးသမီးများ အချင်းချင်း ကူညီရိုင်းပင်စေလိုသည်​။ အဘယ့်ကြောင့်ဆို​သော်​ ကမ္ဘာပေါ်ရှိနေရာတော်တော် များများတွင် အမျိုးသမီးများမှ ရိုးရာယဉ်ကျေးမှု ထုံးတမ်း​အစဉ်အလာအရ ချိုးနှိမ်ခံရကြောင်း၊ ဆင်းရဲခြင်းဒုက္ခ၊ လူမူပတ်ဝင်းကျင်ပြသနာများ၌လည်း အမျိုးသမီးများ သာ၍ခံစားနေရသောကြောင့် ရဟန်းမင်းကြီးမှ ပြောကြားခဲ့ပါသည်။ လူနည်းစုအကျိုးထက်အများကောင်းကျိုးအတွက်၊ တစ်ဦးတစ်ယောက် စိတ်ဝင်စားမှုထက် အဖွဲ့အစည်းဖြင့် လုပ်ဆောင်ခြင်း၊ တသီးပုဂ္ဂလဝါဒ ကိုဆန့်ကျင်ပြီး အဖွဲ့အစည်းအဖြစ်ဖော်ဆောင်ခြင်း တို့ကို သင်တို့ လုပ်ဆောင်ခဲ့ကြသည် မှာ နှစ်တစ်ရာပြည့်ခဲ့ပါသည်။ သင်တို့လုပ်ဆောင်မူများအပေါ် ဘုရားသခင်ဆက်လက်ကောင်းကြီးပေးပါစေ။

 

https://www.vaticannews.va/en/pope/news/2019-03/pope-miracle-of-cooperat...

#pope, #miracle, #cooperation, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 1 =