အီရတ်နိုင်ငံ တီးဂရစ် မြစ်တွင်း ကူးတို့ရေယာဉ်မတော်တဆ တိမ်းမှောက်မူ​ကြောင့် နစ်မြုပ်သေဆုံးသူများအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဝမ်းနည်းကြောင်းထုတ်ဖော်

မတ်လ ၂၁ ကြာသာပတေးနေ့ က အီရတ်နိုင်ငံ မူဆိုမြို့အနီး တီးဂရစ် မြစ်တွင်း ကူးတို့ရေယာဉ်မတော်တဆ တိမ်းမှောက်မူ​

အီရတ်နိုင်ငံ တီးဂရစ် မြစ်တွင်း ကူးတို့ရေယာဉ်မတော်တဆ တိမ်းမှောက်မူ​ကြောင့် နစ်မြုပ်သေဆုံးသူများအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဝမ်းနည်းကြောင်းထုတ်ဖော်
မတ်လ ၂၂၊ ၂၀၁၉

 

မတ်လ ၂၁ ကြာသာပတေးနေ့ က အီရတ်နိုင်ငံ မူဆိုမြို့အနီး တီးဂရစ် မြစ်တွင်း ကူးတို့ရေယာဉ်မတော်တဆ တိမ်းမှောက်မူ​ကြောင့် နစ်မြုပ်သေဆုံးသူများအတွက် ရဟန်းမင်းကြီးရုံးတော် တာဝန်ခံ ရဟန်းမင်းအမတ် ကာဒီနယ် Pietro Parolin မှ ရဟန်းမင်းကြီးကိုစား ဝမ်းနည်းသဝဏ်လွှာပေးပို့ခဲ့ပါသည်။ ယင်း ကူးတို့ ရေယာဉ် တိမ်းမှောက်မူ​ကြောင့် လူပေါင်း ၉၄ ဦး နစ်မြုပ်သေဆုံးခဲ့ရကြောင်း၊ သေဆုံးသူများတွင် မိသားစုလိုက် သေဆုံးသွားမူမျလူပေါဝင်ကြောင်း ဖော်ပြထားပါသည်။

 

မတ်လ ၂၁ ကြာသာပတေးနေ့ မိခင်များနေ့နှင့် Kurdish နှစ်သစ်ကူးပွဲ​တော်ကျင်းပနေချိန် မူဆိုမြို့အနီး တီးဂရစ်မြစ်ကို ဖြတ်ကူးကြစဉ် ကူးတို့ယာဉ် သယ်ဆောင်နိုင်သည့် ခရီးသည်အရေအတွက်ထက် ပိုမိုတင်ဆောင်ခဲ့ခြင်းကြောင့် တိမ်းမှောက်ရခြင်းဖြစ်သည်​။ သေဆုံးသွားသူများတွင် ပြင်းထန်သော ရေစီးကြောင်းကို ဆန့်ကျင်၍ ကူခတ်နိုင်စွမ်းမရှိသော အမျိုးသမီးများနှင့် ကလေးသူငယ်များ အများအပြားပါဝင်ကြောင်း၊ ကူးတို့ယဉ် စက်ချို့ယွှင်းမူ​ကြောင့် နစ်မြုပ်​ခဲ့ရကြောင်း၊ အနီးအနားတွင် ရှိသော လှေများမှလည်းကူညီကယ်ဆယ်ပေးခဲ့ကြကြောင်း တာဝန်ရှိသူမှ ပြောကြားခဲ့ပါသည်။

 

ယင်းအဖြစ်ဆိုးကြောင့် သေဆုံးသွားရသူများ ဝမ်းနည်းပူဆွေးနေသော ကျန်ရစ်သူ မိသားစုဝင်များအတွက် ဘုရားသခင်၏ နှစ်သိမ့်မူ့ရရှိရန် ဆုတောင်းမေတ္တာ ပို့သကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ ဝမ်းနည်း သဝဏ်လွှာ တွင်ဖော်ပြထားပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-telegramme-iraq-fer...

#ferryaccident, #Iraq, #condolences, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

6 + 13 =