အီတလီနိုင်ငံ အားကစားအဖွဲ့အစည်းနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် တွေ့ဆုံခြင်း

အီတလီနိုင်ငံ အားကစားအဖွဲ့အစည်းနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် တွေ့ဆုံခြင်း

အီတလီနိုင်ငံ အားကစားအဖွဲ့အစည်းနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် တွေ့ဆုံခြင်း
မေလ ၁၁၊ ၂၀၁၉

အီတလီနိုင်ငံ အာကစား အဖွဲ့အစည်း တည်ထောင်ခြင်း ၇၅ နှစ်ပြည့်အခန်းအနားတွင် အားကစားအဖွဲ့အစည်းအဖွဲ့ဝင်များ၊ လူငယ်များ၊ နည်းပြများ စုစုပေါင်း အဖွဲ့ဝင် ၄၀၀ နှင့် ကလေမန့်တင်း ခန်းမတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မေလ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ပါသည်။ ယင်းအဖွဲ့အစည်းတွင် အဖွဲ့ဝင်ပေါင်း ၁.၂ သန်းရှိပြီး ယင်းအဖွဲ့အစည်းသည် အားကစား အသင်းအဖွဲ့လေးများတည်ထောင်ပေးခြင်း၊ သာသနာနယ်အလိုက် အားကစားအဖွဲ့များ နှင့်ချိတ်ဆက်ထားပြီး လူငယ်များကို အားကစားနည်းလမ်းအားဖြင့် ကျန်းမာသော အသက်တာ၊ ပေါင်းသင်းဆက်ဆံရေး၊ လူ့အဖွဲ့အစည်းအကြိုးပြုမှုများကို ခရစ်ယာန် ကျင်ထုံးများအပေါ် အခြေခံပြီး သင်ကြးပေးသောနေရာဖြစ်ပါသည်။

အားကစားသည် မိမိကိုယ်ကို ထိမ်းချုပ်နိုင်မှုနှင့် တပါးသူကို ရိုသေးလေးစားမှုတို့ဖြင့် ရှင်သန်တပ်ရန် သင်ကြာပေးသောကျောင်းဖြစ်သည် ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှပြောကြားခဲ့ပါသည်။

အားကစားမှာ မိမိအသင်းအဖွဲ့အားကစားနည်းရဲ့ စည်းကမ်းစည်းမျဉ် အတိုင်း လိုက်နာဖို့နဲ့ အတူတကွလုပ်ဆောင်တပ်ဖို့ အာရုံကိုလည်းလက်ခံတပ်ဖို့ လိုအပ်ကြောင်း၊ ပြိုင်ပွဲးတစ်ခုမှာ စည်းကမ်းစည်းမျဉ် တွေက အဖွဲ့အစည်းနှင့် အတူတကွလုပ်တပ်ဖို့ သင်ကြားပေးသော အဓိကကြတဲ့အရာတွေဖြစ်တယ်။ ဒါပေမဲ့လည်း သင့်ရဲ့ပန်းတိုင်ဖြစ်တဲ့ အောင်းမြင်မှုကို သစ္စာရှိစွာ ကြိုးစားရယူနိုင်ရမယ်။ စည်းကမ်းစည်းမျဉ် မရှိ မလိုက်နာသော အားကစားပွဲးမှာ ပျော်ရွှင်မှုဆိုတာ မရနိုင်ဘူး၊ အားကစားမှာ သင့်တို့ ထိမ်းညှိ၊ ထိမ်းချုပ်ပေးသော စည်းကမ်းစည်းမျဉ် တွေက သင့်ကို ပိုပြီးလွတ်လပ်စေတယ်၊ အင့်ရဲ့အစွမ်းအစကို စည်းကမ်းဘောင်အတွင်းမှာ အပြည့်အဝ ထွက်ပေါ်လာစေတယ်။

အားကစားနည်းလမ်းဟာ လူအဖွဲ့အစည်းကို ပုံစံပြောင်းလည်းပေးနိုင်သောအရာ၊ ပြသနာတွေဖြေရှင်းရာမှာလည်း အသုံးဝင်သော အရာတစ်ခုဖြစ်ကြောင်း၊ ယင်းအားကစားနည်းလမ်း အားဖြင့် တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးစွာတွေဆုံကြခြင်း၊ စကားပြေားဆိုဆွေးနွေး ခြင်း အလေ့အထကို ပိုမိုတိုးတက်စေသော အထောက်အကူပြုနည်းလမ်းဖြစ်ကြောင်း၊
အပေါင်းအသင်းမိတ်ဆွေဖွဲ့ခြင်း၊ ညီကိုယ်မောင်နှမစိတ်နှင့် စည်းလုံးကြခြင်းသည် ခရစ်ယာန်တို့၏ အခြေခံကြသော လုပ်ရပ်ဖြစ်ကြောင်း၊ ဒီနည်းလမ်းဟာ တပါးသူများ၊ အရာဝတ္တုများ၊ လေ့လာသင်ကြားစရာများကို သခင်ခရစ်တော်၏ မျက်စိနှင့်ကြည့်ရှုခြင်း၊ မတူကွဲးပြားမှုများကြား၊ အမုန်းပွားရန်မဟုတ်ပဲ စည်းလုံးခြင်းချစ်ခြင်း နှင့် ခွန်အားကိုဖော်ထုတ်ရန်ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-sport-a-sch...

#pope, #meet, #Italiansportcenter, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

4 + 2 =