အီစတာမှာ သခင်ယေဇူး ပေးတဲ့ ငြိမ်းချမ်းခြင်း

အီစတာမှာ သခင်ယေဇူး ပေးတဲ့ ငြိမ်းချမ်းခြင်းဟာ လောကကြီးရဲ့ နည်းဗျူဟာတွေက ရရှိတာမဟုတ်ဘဲ၊ အဲဒါကို အင်အား သုံးစွဲ ရှာဖွေခြင်း အမျိုးမျိုး နည်းပုံစံတွေနဲ့ သွတ်သွင်းမှု တွေကနေ ရရှိတာ မဟုတ်ပါဘူး။ တကယ်တော့ ဒီငြိမ်းချမ်းခြင်းဟာ တစ်ခုနဲ့ တစ်ခုကြားမှာ စစ်မဖြစ်အောင် လုပ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ကောင်းကောင်း သိကြပါတယ်။ ဒီငြိမ်းချမ်းခြင်းဟာ တစ်ခုနဲ့ တစ်ခုကြားမှာ စစ်မက် မဖြစ်ဖို့ပဲ ဖြစ်ပါတယ်။ သခင်ယေဇူးရဲ့ ငြိမ်းချမ်းခြင်းက နှိမ့်ချ ကျိုးနွံစွာ ကားတိုင် ထမ်းခြင်း ဖြစ်ပြီး တခြားသူတွေကို ပြုစုစောင့်ရှောက်ခြင်း ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ အပြစ်၊ ကျွန်ုပ်တို့ရဲ့ သေခြင်းနဲ့ ကျွန်ုပ်တို့ရဲ့မကောင်းမှုတွေကို သခင်ယေဇူး သူ့ကိုသူ အပေါ် ဆွဲယူ လိုက်ပါတယ်။ သခင်ယေဇူးက အဲဒါတွေအားလုံး သူ့ဆီကို ဆွဲယူ လိုက်ပြီး ကျွန်ုပ်တို့ကို ဖြေလွှတ် လိုက်ပါတယ်။ ကျွန်ုပ်တို့ အဖို့ သူပေးဆပ် ခဲ့ပါတယ်။ သခင်ယေဇူးရဲ့ ငြိမ်းချမ်းခြင်းက သူ့ကိုသူလက်ဆောင် အဖြစ် ပေးအပ်ခြင်း ကနေ ရရှိတာဖြစ်ပြီး အပေးအယူ လုပ်ရင်း ရရှိလာတာမဟုတ်ပါဘူး။

✍️ထန်းဟာ, SJ

Source: Catholic News Service

#rvamyanmar #rvapastoralcare #PopeFrancismessage

Add new comment

6 + 3 =