အီဂျစ်နိုင်ငံတွင် ခရီးသည် ဘတ်စ်ကား တစ်စီး ဗုံးထောင်တိုက်ခိုက်ခံရခြင်းအတွက် ရဟန်းမင်းကြီးမှ ဝမ်းနည်းသဝဏ်လွှာပေးပို့


အီဂျစ်နိုင်ငံတွင် ခရီးသည် ဘတ်စ်ကား တစ်စီး ဗုံးထောင်တိုက်ခိုက်ခံရခြင်းအတွက် ရဟန်းမင်းကြီးမှ ဝမ်းနည်းသဝဏ်လွှာပေးပို့
ဒီဇင်္ဘာ ၂၉၊ ၂၀၁၈

 

၂၀၁၈ ဒီဇင်္ဘာလ ၂၈ သောကြာနေတွင် အီဂျစ်နိုင်ငံ ဂါဇာဒေသ ပိရမစ်များရှိရာအရပ် တွင် လမ်းဘေး နံရံ အကွယ်တွင် ထောင်ထားသောဗုံးပေါက်ကွဲခဲ့ရာ ပိရမစ်များအနီး Marioutiyah ဒေသတွင် သွားရောက်လည်ပတ်နေသော ဘတ်စ်ကားကို ထိခိုက်ခဲ့ပြီး ဗီယက်နန် နိုင်ငံသား ခရီးသွား ဧည့်သည် သုံးဦး နှင့် သူတို့၏ ဧည့်လမ်းညွန် အီဂျစ်တစ်ဦး စုစုပေါင်းလေးဦး သေဆုံးခဲ့ပြီး ကျန်ခရီးသည် ၁၁ ဦးနှင့် ကားမောင်းသမား အီဂျစ်တစ်ဦးလည်း ဒဏ်ရာများရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

 

အီဂျစ်နိုင်ငံတော် သမ္မတ Abdel Fattah Al Sisi ထံ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ပေးပို့သော ဝမ်းနည်းသဝဏ်လွှာတွင် ဂါဇာဒေသ လမ်းဘေး ဗုံးထောင် တိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းကြောင်း၊ နိုင်ငံခြား ခရီးသွားများကို တိုက်ခိုက်ခြင်း ကိုရှုံ့ချကြောင်း၊ ခံစားချက်မဲ့ပြီး ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများ၊ သေဆုံးသွားကြသူများနှင့် သူတို့၏ ဝမ်းနည်းပူဆွေးနေသော မိသားစုဝင်များအတွက် ရဟန်းမင်ကြီး ဖရန်းစစ် အရှင်သူမြတ်မှ ဆုတောင်းမေတ္တာများ ပိုသပေးနေကြောင်း၊ အချုပ်အနေနှင့် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ တော်သည် အီဂျစ်နိုင်ငံသူ၊သားများအပေါ်သက်ရောက်စေကြောင်း နှင့် အကြမ်းဖက်တိုက်ခိုက်မူကိုကျော်လွှားနိုင်ပြီး ငြိမ်းချမ်း၍ စည်းလုံးညီညွတ်သော နိုင်ငံဖြစ်စေရန် ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်းထားပါသည်။

 

https://www.vaticannews.va/en/pope/news/2018-12/pope-francis-telegram-co...

#pope, #egypt, #bombattack, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

6 + 11 =