အိန္ဒိယနိုင်ငံ ဘုံဘေ ဂိုဏ်ချုပ်သာသနာ မှ စိမ်းလန်းစိုပြည်သောသာသနာဖြစ်ရန် စတင်

အိန္ဒိယနိုင်ငံ ဘုံဘေ ဂိုဏ်ချုပ်သာသနာ မှ စိမ်းလန်းစိုပြည်သောသာသနာဖြစ်ရန် စတင်
သြဂုတ်လ ၁၊ ၂၀၁၈

https://www.vaticannews.va/…/india-bombay-archdiocese-green…

#creation, #pope, #pray, #nature, #vatican, #bombay, #peterkm
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

စက်တင်ဘာလ ၁ ရက်နေ့သည်၊ ဖန်ဆင်းခံအရာများကို
စောင့်ရှောက်ခြင်းနှင့် ကမ္ဘာမြေကြီး အတွက် ဆုတောင်းပေးရာနေ့ ဖြစ်သည်။ ထိုနေ့တွင်
ကျွနု်ပ်၏သာသနာနယ်ကို စိမ်းလန်းသော သာသနာအဖြစ်ဖော်ဆောင်တည်ဆောက်ရန်အစပြုရခြင်း၌ ကျွန်ပ်လွန်စွာဝမ်းမြောက်မိပါသည်၊
အသင်းတော်သည် အမြဲပြောင်လဲနေသော အခြေအနေကို လေ့လာသတိရှိနေသူဖြစ်ပြီး သက်ရှိသတ္တဝါတို့တွေ့ကြုံခံစားနေရသော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုသည် ယနေ့ခေတ်အတွက်ကမ္ဘာကြီးကို လွန်စွာခြိမ်းခြောက်နေပါသည်။ သာသနာသည် ဘုရား၏ ဖန်ဆင်းခြင်းကို အထူးသဖြင့် သဘာဝဘေးဒက်ခံစားနေရသူများကိုကြည့်ရှုကူညီပေးခြင်းအား၌
ချစ်ခြင်းမေတ္တာ ဖြင့်တုန့်ပြန်နေပါသည်။
ပုပရဟန်းမင်းဖရန်စစ်အရှင်သူမြတ်၏ စာချွန်တော် Laudato Si သည် ကျွနု်ပ်တို့အတူတကွနေထိုင်ရာ ကမ္ဘာကြီးကိုထိမ်းသိမ်းစောင့်ရှောက်ရန် အသင်းတော်ကို ဖိတ်ခေါ်နေပါသည်။
ကျွနု်ပ်လည်းပဲ ဘုံဘေ ဂိုဏ်ချုပ်သာသနာမှာရှိကြသော ဘာသာသူအားလုံးကို အတူတကွ ပါဝင်ပူးပေါင်းပြီး စိမ်းလန်းစိုပြည်သောသာသနာကိုတည်ဆောက်ကြရန် ဖိတ်ခေါ်ပါသည်။ ကျွနု်ပ်တို့၏ နှလုံးသားများကိုဖွင့်၍ ဘုရား၏ ဖန်ဆင်းခြင်းကိုထောက်ရှုကြည့်ကြပြီး ပုဂ္ဂိုလ် သုံးပါးတစ်ဆူဘုရားကို ဖော်ထုတ်ကြပါစို့ ။ ၎င်းအားဖြင့်ကျွနု်ပ်တို့သည် ဘုရား၏ ဘုံးဂုဏ်တော်နှင်ပိုမိုနီးကပ်လာပါလိမ့်မည်။ ဘုရားသခင်ကျွနု်ပ်တို့အရောက်တိုင်းစီကိုကောင်းကြီးပေးပါစေ။

 

Add new comment

19 + 0 =