အိန္ဒိယနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် လုပ်ငန်းတာဝန် နှစ်ခု တိုးချဲ့

An Indian Catholic.

အိန္ဒိယနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် လုပ်ငန်းတာဝန် နှစ်ခု တိုးချဲ့
ဇန်နဝါရီ ၁၄၊ ၂၀၁၉

အိန္ဒိယနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် မှကြီးမူး၍ အိန္ဒိယနိုင်ငံ Tamail Nadu ဒေသ Mahabalipuram တွင် သာသနာနယ် ၁၃၂ မှ ဆရာတော်ကြီး ၁၄၃ ပါး ပါဝင်တက်ရောက်လျှက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ်လ ၇ ရက်မှ ၁၄ ရက်နေ့အထိ ၃၁ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးမှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ထိန်​းသိမ်းစောင့်ရှောက်ရေး ကော်မရှင်နှင့် ခရစ်ယာန် အဖွဲ့အစည်းငယ်လေးများ ကော်မရှင် အဖြစ် လုပ်ငန်းတာဝန် နှစ်ခုကို ထပ်မံတိုးချဲ့ခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ထိန်​းသိမ်းစောင့်ရှောက်ရေး ကော်မရှင်

သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ထိန်​းသိမ်းစောင့်ရှောက်ရေး ကော်မရှင် ဖွဲ့စည်းရခြင်းအကြောင်းအရင်းသည် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ စိတ်ထားမွန်မြတ်သူတိုင်း ကမ္ဘာလောကကြီးကို ထိန်​းးသိမ်းစောင့်ရှောက်ရမည်ဟူသော ၂၀၁၅ ခုနှစ်ကထုတ်ပြန်ခဲ့သော စာချွန်တော် Laudato Si ၏ တောင်းဆိုချက်အရ လုပ်ကိုင်ဆောင်ရွက်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း နှင့် အရေးတကြီး ထိန်​းသိမ်းကာကွယ်စောင့်ရှောက် လုပ်ကိုင်ရမည့်အရာများတွင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ထိန်​းသိမ်းစောင့်ရှောက်ရေးသည် အရေးကြီးသော အရာဖြစ်၍ ကော်မရှင်ဖွဲ့၍ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်းကို ဆရာတော်ကြီးများမှ သိရှိနားလည်၍ အတည်ပြုဆုံးဖြတ်ခဲ့ခြင်ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ထိန်​းသိမ်းစောင့်ရှောက်ရေး ကော်မရှင် ဖြစ်မြောက်ရေး အကြံပြုချက်ကို ၂၀၁၈ ခုနှစ် မေလ က ကြိုတင်တင်ပြဆွေးနွေးခဲ့ကြသော အရာဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ထိန်​းသိမ်းစောင့်ရှောက်ရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဘုံဘေသာသနာနယ် လက်ထောက်ဆရာတော် Alwyn D'Silva ကို ရွေးချယ် ခန့်အပ်ခဲ့ပါသည်။

ခရစ်ယာန် အဖွဲ့အစည်းငယ်လေးများ ကော်မရှင်

ခရစ်ယာန် အဖွဲ့အစည်းငယ်လေးများ ကော်မရှင်သည် သမ္မာကျမ်းစာ၏ အနှစ်သာရကို အသင်းတော်၏ အောက်ခြေဘာသာဝင်များ၏ အခြေအနေ နှင့် လိုက်လျှောညီထွေအောင် စီမံပြီး ဘာသာဝင်အယောက်စီတိုင်း သခင်ခရစ်တော်၏ တရားတော်ဖြစ်သော သနာကြင်နာခြင်းကို လက်တွေ့ဘဝရှင်သန်နေထိုင်လျှက် သက်သေခံနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်​။ ခရစ်ယာန် အဖွဲ့အစည်းငယ်လေးများ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် Simla-Chandigarh သာသနာနယ် ဂိုဏ်းအုပ်ဆရာတော် Ignatius Mascarenhas ကို ရွေးချယ် ခန့်အပ်ခဲ့ပါသည်။

အိန္ဒိယနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် မျက်နှာစုံညီ အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက် တနင်္လာနေ့တွင် အိန္ဒိယနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် အသစ်ရွေးချယ်ခံအပ်ခံရသော ဂိုဏ်းချုပ်ဆရာတော် Filipe Neri Ferrao မှ ဦးဆောင်၍ ကျေးဇူးတင် မစ္ဆားတရားတော်မြတ် ဟောကြားခြင်းဖြင့် အဆုံးသတ်​ခဲ့ပါသည်။ ဗာတီကန်သတင်းဌာနမှ ကောက်နုတ်​​ဖော်ပြပါသည်။

https://www.vaticannews.va/en/church/news/2019-01/india-latin-bishops-cc...

#india, #cbci, #newcommissions, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 2 =