အားနည်းသူကိုကာကွယ်ပေးသော တလုံးတဝတည်းရှိမှု၊ စည်းလုံးမှု တို့အပေါ် အခြေခံပြီး မိသားစုဘဝ တည်ဆောက်ကြ ရန် ကမ္ဘာမိသားစုများကို ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

ကမ္ဘာမိသားစုများကို ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

အားနည်းသူကိုကာကွယ်ပေးသော တလုံးတဝတည်းရှိမှု၊ စည်းလုံးမှု တို့အပေါ် အခြေခံပြီး မိသားစုဘဝ တည်ဆောက်ကြ ရန် ကမ္ဘာမိသားစုများကို ပုပ်ရဟန်းမင်းကြီးတိုက်တွန်း
သြဂုတ်လ ၂၅၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-08/apostolic-journey-irelan...

#pope, #family, #dublin, #phoenix, #irelnad, #peterkm
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

အားနည်းသူကိုကာကွယ်ပေးသော တလုံးတဝတည်းရှိမူ၊ စည်းလုံးမှု တို့အပေါ် အခြေခံပြီး မိသားစုဘဝ တည်ဆောက်ကြ ရန် ကမ္ဘာမိသားစုများကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ စနေနေ့တွင် တိုက်တွန်းလိုက်ပါသည်။
မိသားစုများသည်​ ကော်ကဲ့သို့ စုစည်းတွယ်​ကပ်​်နေရမည်၊ ​မိသားစု၏ တန်ဖိုးကို ဖြစ်နိုင်သော နည်းလမ်းပေါင်းစုံဖြင့်ကာကွယ်စောင့်ရှောက်ရမည်၊ ဖွ့ံဖြိုးတိုး​တက်ရန်ြ​ပုလုပ်ရမည်၊ မည်သူတစ် ​ဦးတစ်​ေ​ယာက်မျှမိသားစု၏ တန်ဖိုးကို အမြတ်မထုတ်ရပါ။ ကမ္ဘာကြီးသည်လည်းကြီးမားသောမိသားစုကြီးဖြစ်ပါသည်။ ၎င်းမိသားစုကြီးတွင်နေထိုင်ကြသူအချင်းချင်း လူမျိုးရေးပြသနာ၊ အသားအရောင်ပြသနာများ၊ ဆင်းရဲချမ်းသာခွဲခြားမှုများသည် လူဂုဏ်သိက္ခာနှင့် အခြေခံအခွင့်အရေးကို စော်ကားနေခြင်းဖြစ်ကြောင်း၊ ကမ္ဘာမိသားစုကြီးကို အစိတ်စိတ်အမွှာမွာကွဲပြားရန် ​လုပ်ဆောင်နေကြောင်း၊ သတိပြုထိန်​းသိမ်းရမည်၊ ကိုယ်​ကျင့်တရားဆိုင်ရာအဓိကအချက်များဖြစ်သော၊ အချင်းချင်းကာကွယ်စောင့်ရှောက်မှု့၊ ပြန်လည်သင့်မြတ်မှု၊ ကိုယ်ချင်​းစာတရား၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းများအတွက် စိတ်အားထက်သန်ခြင်းများကို အားပေး
လျက် ​​မျှော်လင်ချက်များမဆုံးရူံးစေလိုကြောင်း ရဟန်းမင်းကြီး မှမိသားစုများကို​ပြေားကြားခဲ့ပါသည်။
ဆက်လက်ပြီး လွယ်လင့်တကူ လက်​လွတ် ​စပယ် အလေ့အထသည် မမွေးဖွားသေး​သောသန္ဓေသားလောင်းများဖျက်ချခြင်း၊ အသက်ရှင်ခွင်ကိုပစ်ပယ်လိုက်ကြခြင်း ဖြစ်​ပြီး ခုခံကာကွယ်နိုင်စွမ်းမရှိသော မိသားစုဝင်တစ်​ေ​ယာက်၏ ရပိုင်ခွင့်ကို အတ္တကြီးစွာ ဖျက်စီးပိတ်ပင်ခြင်းဖြစ်ကြောင်း၊ အစားအသောက်များဖျက်စီးဖြုန်းတီးခြင်းသည်၊ ဆင်းရဲသားများခံစားခွင့်ကို အတ္တကြီးစွာ ဖျက်စီးပိတ်ပင်ခြင်းဖြစ်ကြောင်း၊ ထို့အတွက်​ကြောင့်ကမ္ဘာကြီးတွင် ဒုက္ခသည်ဦးရေ နှစ်စဉ် ​တိုးပွားလာနေကာ အမြင်ကျယ်ကျယ်ထားကြရန်​နှင်​့ လူသားချင်းစာနာကြရန်​ မိသားစုများကို ဆုံးမသွန်သင်ခဲ့ပါသည်။

 

Add new comment

1 + 0 =