အားကစားဖြင့် ပျော်ရွှင်ခြင်း၊ ပညာပေးခြင်းနှင့် အားလုံးပါဝင်နိုင်ခြင်း တို့ကို ဖော်ဆောင်ကြ

လူငယ်ဘောလုံးသမားများ၊ အားကစားကျောင်းအသီးသီးမှ ကျောင်းအုပ်များပါဝင်သည့် အဖွဲ့အား ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်​သူမြတ်မှ လက်ခံတွေ့ဆုံ

အားကစားဖြင့် ပျော်ရွှင်ခြင်း၊ ပညာပေးခြင်းနှင့် အားလုံးပါဝင်နိုင်ခြင်း တို့ကို ဖော်ဆောင်ကြ
မေလ ၂၄၊ ၂၀၁၉

၂၀၁၉ မေလ ၂၄ ရက် သောကြာနေ့က လူပေါင်း ငါးထောင်ကျော်ရှိသော လူငယ်ဘောလုံးသမားများ၊ ကမ္ဘာကျော် ဘောလုံးသမားများ၊ နည်းပြများ၊ ပညာသင်ကြားပေးသူများ၊ ပညာရှင်များ နှင့် အီတလီနိုင်ငံ အားကစားကျောင်းအသီးသီးမှ ကျောင်းအုပ်များပါဝင်သည့် အဖွဲ့အား ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်​သူမြတ်မှ လက်ခံတွေ့ဆုံခဲ့ပါသည်။။
ယင်းအဖွဲ့သည် ငါတို့ချစ်သော ဘောလုံးအားကစား ဟူသောခေါင်းစဉ်အောက်၌ ဘောလုံးအားကစားဖြင့် ပျော်ရွှင်ခြင်း၊ ပညာပေးခြင်းနှင့် အားလုံးပါဝင်နိုင်ခြင်း တို့ကို ဖော်ဆောင်ကြဖို့ ရည်ရွယ်ထားပြီး လူငယ်များအတွက် သီးသန့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။

ရဟန္တာ ဂျွန်ဘောစကို က ဘောလုံးတလုံးကို လူငယ်တွေရှေ့မှာ လေထဲ​မြှောက်လိုက် အဲ့နည်းလမ်းက လူငယ်တွေကို အလွယ်ကူဆုံး စွဲ​ဆောင်တဲ့နည်းလမ်းဖြစ်တယ်လို့ပြောခဲ့တယ်။ ဟုတ်ပါတယ် စုပေါင်းကစားရသော အားကစားနည်းတွေမှာ အမြဲလိုလို လူငယ်တွေအတွက် မျှော်လင့်ချက် စိတ်ကူးအိမ်မက်တွေကို ရရှိဖြစ်ပေါ်စေတယ်။ ။ ဘောလုံးကစားခြင်းက အဖွဲ့အစည်းနဲ့ကစားရတဲ့ အားကစားဖြစ်တယ် အဲ့ဒီမှာ အတူတကွလုပ်ဆောင်တတ်​တဲ့စိတ်ကို စပြီးသင်ကြားကြရတယ်၊ ဘောလုံးကစားခြင်းဟာ အဖွဲ့နဲ့ကစားရတဲ့အားကစားဖြစ်တဲ့အတွက် တစ်ယောက်ထဲ ကစားပြီး ပျော်ရွှင်မူမရနိုင်ပါဘူး။ ဘောလုံးကစားခြင်း အားကစားနည်းဟာ အကောင်းဆုံးအားကစား နည်းလမ်းဖြစ်တယ် အဲ့တာကို ဆက်လက်ထိန်​းသိမ်းသွားကြရမယ် ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှက်သူမြတ်မှ ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရဟန်းမင်းကြီးမှ လူငယ်တွေကို အားကစားနည်းဖြင့် သူတို့၏ မျှော်လင့်ချက်အိမ်မက်များကို အကောင်အထည်ဖော်နိုင်အောင် လမ်းဖွင့်ပေးကြဖို့ ထောက်ပံ့​ပေးကြဖို့၊ မပျောက်ပျက်သွားနိုင်သော အမှတ်တရများ သူတို့ဘဝထဲမှာ ကျန်နေစေခဲ့ဖို့ နည်းပြများ၊ ပညာသင်ကြားပေးသူများ၊ ပညာရှင်များ နှင့် အီတလီနိုင်ငံ အားကစားကျောင်းအသီးသီးမှ ကျောင်းအုပ်များ နှင့် မိဘများကို မှာကြားခဲ့သည်​။ လူငယ်တွေရဲ့ဘဝကို ပေါ့ပေါ့တန်တန် အလွယ်လမ်းမလိုက်စေဘဲ သူတို့ရဲ့ဘဝကို စစ်မှန် မှန်ကန်သော လမ်းကြောင်ပေါ်မှာ ပျော်ရွှင်စွာ ဖြတ်သန်​းနိုင်ဖို့ ထောက်ပံ့ကူညီပေးကြပါဟု မှာကြားခဲ့ပါသည်။ ။

https://www.vaticannews.va/en/pope/news/2019-05/pope-audience-young-foot...

#pope, #vatican, #footballers, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

1 + 0 =