အာဖရိက မြောက်ဖက်ခြမ်​း ပထမဦးဆုံးခရီးစဉ်အဖြစ် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သော မော်ရောကို နိုင်ငံ သို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် သွား​ရောက်လည်ပတ်

မော်ရောကို နိုင်ငံ ရာဘက် ဆာလာ လေဆိပ်​ သို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ရောက်ရှိ

အာဖရိက မြောက်ဖက်ခြမ်​း ပထမဦးဆုံးခရီးစဉ်အဖြစ် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သော မော်ရောကို နိုင်ငံ သို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် သွား​ရောက်လည်ပတ်
မတ်လ ၃၀၊ ၂၀၁၉

 

အာဖရိက မြောက်ဖက်ခြမ်​း ပထမဦးဆုံးခရီးစဉ်အဖြစ် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သော မော်ရောကို နိုင်ငံသို့ ၂၀၁၉ ခုနှစ် မတ်လ ၃၀၊ ၃၁ နှစ်ရက်တာ သွားရောက်လည်ပတ် မည့် သိုးထိန်း​ခရီးစဉ်အတွက် ရောမမြို့ ဖြူမီချီနို လေဆိပ်​မှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ထွက်ခွာခဲ့ပြီး စနေနေ့ နေ့လည် နှစ်နာရီခန့်တွင် မော်ရောကို နိုင်ငံ ရာဘက် ဆာလာ လေဆိပ်​ သို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ရောက်ရှိခဲ့ပြီး မော်ရောကို နိုင်ငံ ဆဌမမြောက် ရှင်ဘုရင် မိုဟာမက် မှ လေဆိပ်​တွင် ခရီးဦးကြို ပြုခဲ့ပါသည်။

 

တံတိုင်းများ ဆောက်ခြင်းထက် တံတားများ ဆောက်ခြင်းက လူအဖွဲ့အစည်းအတွက် လိုအပ်ချက်ဖြစ်ကြောင်း သက်သေပြသော ခရီးစဉ်အဖြစ် ပြီးခဲ့သော မတ်လထဲက အာရပ်နိုင်ငံများ ဖြစ်သော ဒူဘိုင်းသို့ သွားရောက်လည်​ပတ်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် နှင့် Grand Imam Ahmed el-Tayeb တို့ အစွန်းရောက်ဝါဒကို ဆန့်ကျင်၍ လူမျိုးစုများ၊ ဘာသာတရားများ နှင့် နိုင်ငံများအကြား သမိုင်းဝင် ငြိမ်းချမ်းရေး အထိမ်းအမှတ် ကတိပြု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး၊

ယခု အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သော မော်ရောကို နိုင်ငံ ခရီးစဉ်သည်လည်း ဘာသာမတူသူ ခရစ်ယာန် နှင့် အစ္စလာမ်ဘာသာဝင်များကြား ချစ်ကြည်ရေး တံတားများတည်ဆောက်နိုင်မည့်အခွင့်အရေးတစ်ခုအဖြစ်နှင့် လူနည်းစုသာရှိသော မော်ရောကို နိုင်ငံအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များနှင့် တွေ့ဆုုံအားပေးခြင်း၊ ရွေ့ပြောင်းအလုပ်သမားများအရေး ပါဝင်ကူညီလုပ်ဆောင်ပေးခြင်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် မျော်လင့်လျက်​ ဘာသာမတူသူနိုင်ငံများအကြား ကြီးမားသော သမိုင်းတစ်ရပ်ကို ဖော်ဆောင်ခြင်း ခရီးစဉ်အဖြစ် ဖော်ပြထားပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-francis-arrives-mor...

#pope, #morocco, #visit, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

6 + 3 =