အာဖရိကမှာရှိတဲ့ လူငယ်တွေဟာ မိသားစုပြိုကွဲတဲ့ပြသနာ၊ ဆင်ရဲမွဲ​တေမှုဒုက္ခတွေနဲ့ရုန်းကန်နေကြရတယ်

တောင်အာဖရိက Ingwavuma မှ ဆရာတော် Mandla Jwara
အာဖရိကမှာရှိတဲ့ လူငယ်တွေဟာ မိသားစုပြိုကွဲတဲ့ပြသနာ၊ ဆင်ရဲမွဲ​တေမှုဒုက္ခတွေနဲ့ရုန်းကန်နေကြရတယ်
အောက်တိုဘာ ၁၀၊ ၂၀၁၈

လူငယ်များအရေး ကျင်ပလျှက်ရှိသော ဆရာတော်ကြီးများညီလာခံဟာ အရမ်းကိုကောင်းမွန်တယ် ၊ ကျွန်တော်ကိုပြန်ပြီးသာသနာပြုနေသလိုခံစားရတယ်၊ အခုပဲ ပြန်သွားပြီးလူငယ်တွေနဲ့သွားပြီးသာသနာတိုးတက်ရေးတွေလုပ်ချင်လာတယ်၊ တချို့ကိစ္စတွေက လုပ်နေကြတဲ့အရာတွေဖြစ်ပေမဲ့ ဒီထက်ပိုမိုကောင်းမွန်အောင် ထိရောက်အောင်လုပ်လို့ရတယ်ဆိုတာတွေမြင်လာတယ်။
တခြားဆရာတော်တွေရဲ့အမြင်တွေနဲ့ ကျွနု​ပ်ရဲ့အမြင်လည်းမကွာပါဘူး။ ယနေ့ခေတ်ကြီးမှာ လူငယ်တွေတွ့ကြုံခံစားနေရတဲ့ အခြေအနေတွေက တကယ်ရင်လေးစရာပါပဲ၊ အထူးသဖြင့် ကျွနုပ်တို့အာဖရိကမှာ အဓိကလူငယ်တွေရဲ့ဘဝကို ထိခိုက်နာကျင်စေတာက မိသားစုပြိုကွဲတဲ့ပြသနာ၊ ဆင်ရဲမွဲ​တေမှု့ဒုက္ခတွေ ပါပဲ သူတို့တွေ ဘုရားကျောင်းလာတယ် ဘုန်းကြီးဆရာတော်တွေနဲ့တွေတယ် ရင်ဖွင့်ကြတယ်။ သူတို့ရဲ့ဘဝတွေကိုနားထောင်ပေးရင် သိလာရတယ်၊ တချို့လူငယ်တွေ အလုပ်ရဖို့ ဆုတောင်းနေကြတာ တွေ့ရတယ် ကျွနုပ်စိုးရိမ်တာက သူတို့ရဲ့ဆုတောင်းသံဟာငြင်းပယ်ခံရရင် သူတို့ဘယ်လိုဖြစ်သွားမလဲ။၊ ဘုရားစီမှာဆုတောင်းတာ ဘာအကျိုးရှိလဲဆိုတဲ့အတွေးမျိုးတွေ သူတို့ဘဝထဲဝင်သွားမှာစိုးရိမ်မိတယ်။ အဲ့အတွေးမျိုးတွေရဲ့ရိုက်ခတ်မှု့က သူတို့ကို အသင်းတော်နဲ့ ပိုမိုဝေးကွာ
စေတယ်။ ညီလာခံမှာ ဆင်းရဲမွဲ​တေမှု၊ ကိုအတော်များများဆွေးနွေကြပေမဲ့ အလုပ်လက်မဲ့အခြေအနေတွေကိုဆွေးနွေးတာသိပ်မတွေ့ရပါဘူး။
ဒီညီလာခံမှာတက်ရောက်နေကြတဲ့ဆရာတော်တွေ သူတို့ပြန်သွားကြတဲ့အခါ ဒီမှာလေ့လာခဲ့တဲ့အရာတွေကို သူတို့သာသနာမှာရှိတဲ့ဘုန်းကြီးတွေကို ​ဝေမျှကြမယ် ၊ ဘုန်းကြီးတွေက လူငယ်တွေနဲ့ပိုမိုနီးစပ်ကြတယ်၊ စိုးရိမ်တာက လူငယ်တာဝန်ခံဘုန်းကြီးက လူငယ်တွေအတွက် အလုပ်လုပ်ပေးနေရင် တခြားဘုန်းတော်ကြီးတွေက မဆိုင်သလို၊ တာဝန်မရှိသလိုနေကြတဲ့အခြေအနေကို စိုးရိမ်မိတယ် ဖြစ်နိုင်ရင် ဘုန်းကြီးတွေအားလုံးပါဝင်တဲ့ လူငယ်တွေကိုဖေးမကူညီပေးတဲ့လုပ်ဆောင်မျှုမျိုးကို ရှိစေချင်တယ် ဖြစ်စေခြင်ပါတယ်ဟု လူငယ်များအရေး ကျင်ပလျှက်ရှိသော ဆရာတော်ကြီးများညီလာခံတွင် တက်ရောကိနေသော တောင်အာဖရိက Ingwavuma မှ ဆရာတော် Mandla Jwara မှ သူရဲ့ညီလာခံအတွေ့အကြုံကိုဝေမျှခဲ့ပါသည်။

https://www.vaticannews.va/en/church/news/2018-10/synod-youth-2018-interview4.html

#synod, #youth, #bishop, #pope, #peterkm,
Photo credit to Vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

13 + 4 =