အသင်းတော်ရဲ့ခေါ်တော်မူခြင်းက သတင်းကောင်း ဖြန့်ဝေခြင်း

အသင်းတော်ရဲ့ခေါ်တော်မူခြင်းက သတင်းကောင်း ဖြန့်ဝေခြင်း ဖြစ် တာကြောင့် မိမိရဲ့ဘာသာထဲကို သိမ်းသွင်းတာနဲ့ လုံးဝမဟုတ်ဘူး။ ခေါ်တော်မူခြင်းက သတင်းကောင်ဖြန့်ဝေခြင်းဖြစ်ဖို့ အသင်းတော်ရဲ့ လက္ခဏာဟာလည်း ဧဝံဂေလိတရား ဖြန့်ဝေခြင်း ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ ဆုတောင်း ရည်ရွယ်ချက်ဟာ "လမ်းပေါ်ကအသင်းတော်" ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့နေ့စဥ်ဘဝမှာ ဘုရားသခင်ရဲ့အလိုတော်မြတ်ကို ဆန်းစစ်ရင်းနဲ့ အသင်းတော်ကို ပြန်လည် ဆန်းသစ် လုပ်ဆောင်နိုင်ပြီး သန့်ရှင်းသောဝိညာဥ်တော်ဘုရားရဲ့လမ်းညွှန်မှုနဲ့အတူ စတင်ပြောင်းလဲ လာနိုင်ပါတယ်။ ပြောင်းလဲခြင်းနဲ့ မိမိကိုယ်ကို လူတစ်ယောက်အဖြစ်ပုံသွင်း ကြပါတယ်။ သန့်ရှင်းသော ဝိညာဥ်တော်ဘုရား၊ ဘုရားရဲ့လက်ဆောင်ဟာ ကျွန်ုပ်တို့နှလုံးသားထဲကနေ သခင်ယေဇူးရဲ့ သွန်သင်ချက်တွေကို သတိရစေပြီး လက်တွေ့ကျင့်ကြံစေပါတယ်။
ရှိပြီးသားအတွေးအခေါ်၊ အစွဲအလမ်းနဲ့ ခက်ထန်မာကျောမှုတွေမရှိဘဲ ကျွန်ုပ်တို့မိမိကိုယ်ကိုပုံသွင်းခြင်းအားဖြင့်အသင်းတော်ကြီးကိုပြန်လည် တည်ဆောက်ပြီး ဆုတောင်းခြင်း၊ စာနာတတ်ခြင်းနဲ့ အစေခံခြင်းစသည့် အခြေခံ ဝိညာဥ်ရေး အတွေ့အကြုံတွေနဲ့ ရှေ့ဆက်လျှောက်ကြပါစို့။

ကျွန်ုပ်ရဲ့ သာသနာ့ပြုဖို့ရွေးချယ်မှု စိတ်ကူးတွေထဲမှာ ဘာသာရေး သိမ်းသွင်းမှုမပါဘဲ အခြားသူတွေကို တွေ့ဖို့အပြင်ကိုထွက်လာပြီး ဒီနေ့ကမ္ဘာကြီးမှာ ရှိနေတဲ့ သတင်းကောင်းဖြန့်ဝေခြင်း ပုံစံတွေအားလုံးကို ပြောင်းလဲပစ်နိုင်ဖို့ ဖြစ်ပါတယ်။ အသင်းတော်ကြီးဟာ သက်ရှိထင်ရှားရှိနေတာကြောင့် အမြဲတမ်းပဲ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ တွေ့ကြုံရတယ်ဆိုတာ သတိရကြပါစို့။

သက်ရှိအရာတိုင်းမှာ ဒုက္ခပြဿနာရှိတယ်။သက်မဲ့တွေပဲ ဘာဒုက္ခပြဿနာမှ မရှိပါဘူး။ အမိအသင်းတော်ဟာ သန့်ရှင်းသောဝိညာဥ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ဧဝံဂေလိ အလင်းနဲ့ ပြန်လည်ဆန်းသစ်နိုင်ဖို့ ဆုတောင်းကြပါစို့။

✍️ထန်းဟာ, SJ

Add new comment

1 + 0 =