အသင်းတော်အနေနဲ့ လူငယ်တွေရှိတဲ့နေရာကိုအသိအမှတ်ပြုရမယ် သူတို့ကိုပြုစုပေးရမယ်

အမေရိကန်နိုင်ငံသူ ချီကာဂိုမြို့မှ ရွေပြောင်းနေထိုင်သူများအရေး လေ့လာကူညီပေးနေသူ အသက် ၂၉ နှစ်အရွယ် Yadira Vieyra

အသင်းတော်အနေနဲ့ လူငယ်တွေရှိတဲ့နေရာကိုအသိအမှတ်ပြုရမယ် သူတို့ကိုပြုစုပေးရမယ်
အောက်တိုဘာလ ၈၊ ၂၀၁၈

"လူငယ်များနှင့် သူတို့၏ ယုံကြည်ခြင်း၊ ခေါ်တော်မှုခြင်းဆိုင်ရာ သုံးသပ်ဆန်းစစ်ခြင်း" အစည်းအဝေးခေါင်းစဉ်ဖြင့် ကျင်းပနေသော ၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ တွင် တက်ရောက်လျှက်ရှိသော ၃၄ ဦးသောလူငယ်များထဲမှ လူငယ်ကိုယ်စလှယ်တဦးဖြစ်သူ အမေရိကန်နိုင်ငံသူ ချီကာဂိုမြို့မှ ရွေပြောင်းနေထိုင်သူများအရေး လေ့လာကူညီပေးနေသူ အသက် ၂၉ နှစ်အရွယ် Yadira Vieyra မှ အသင်းတော်အနေနဲ့ လူငယ်တွေရှိတဲ့နေရာကိုအသိအမှတ်ပြုရမယ် သူတို့ကိုပြုစု ပျိုးထောင်ပေး ရမယ်ဟု ဗာတီကန်သတင်းဌာန အင်တာဗြူးတစ်ခုတွင်ဖြေကြားခဲ့ပါသည်။
ရဟန်းမင်းကြီးစာချွန်တော်မှာဖော်ပြသော လူငယ်များရှင်သန်နေထိုင်ရာဘဝအတိုင်း အသင်းတော်ကလူငယ်တွေကို ကူညီစောင့်ရှောက်ပေးနေမည် ဆိုသော စကားသည် သူမအတွက် ခွန်းအာတက် စိတ်လှုပ်ရှားစေခဲ့ပြီး၊ အသင်းတော်က လူငယ်တွေအပေါ်မှာ လိုအပ်မှုများကို ဖြည့်ဆည်းပေးခြင်းပြုစုပျိုးထောင်ပေးခြင်း၊
လူသားဖြစ်ခြင်းရဲ့မပြည့်စုံမှုကိုနားလည်ပေးခြင်းသည် အလွန်အရေးကြီးသော အချက်ဖြစ်၍ အသင်းတော်က သူတို့ရဲ့ မပြည့်ဝမှုအတိုင်းလူငယ်တွေကိုလက်ခံကြောင်းသိစေရပါမယ်။
အသင်းတော်က အမှန်တရားကိုဆက်လက်သွန်သင်နေတာက ဟုတ်ပါပြီ၊ အဲ့ဒီအမှန်တရားကို လူငယ်တွေရဲ့ ဘဝထဲထိရောက်စေချင်တယ်။
ယနေ့ခေတ်မိသားစုတွေက ပုံစံပြောင်းလဲလာနေတယ်။
အမေရိကမှာ တချို့သော ကလေးတွေဟာ မိဘ အရင်းအချာနဲ့ကြီးပြင်ခဲ့တာမဟုတ်ဘူး။ သူတိုကိုမွေးစားသူ တချို့လိင်တူမိဘ အားဖြင့်ကြီးပြင်လာရသူ ဒီလူငယ်တွေကိုလည်း အသ်င်းတော်အနေနဲ့ဂရုပြုပေးသင့်တယ်။ သူတို့ကိုလည်း ဘုရားပြစ်မထားဘူး၊ ချစ်နေတယ်ဆိုတာကို အသိပေးရမယ်။ သူတို့အတွက် နည်းလမ်းရှာပေးရမယ်။ သူတို့စီကိုရောက်အောင်သွားရမယ်။ အဲ့တာမှသာလျှင် သူတို့အတွက် လမ်းဖွင့်ပေးရာရောက်ပါမယ်။
လူငယ်တွေဟာ မတူညီကြပါဘူး။ ဘဝနေထိုင်မှု၊ ကြီးပြင်ရာပတ်ဝန်းကျင် စသဖြင့်ကွဲပြားနေပါတယ်။ဒီအချက်ဟာလည်းအသင်းတော်အနေနဲ့ သိထားရမယ့် အချက်ဖြစ်ပါတယ်။ အတူတကွစုရုံခြင်း၊ လူမှုကွန်ယက်ဆက်သွယ်ခြင်း၊ ပျော်စရာကစားပွဲးများ၊ လူငယ်များတွေ့ဆုံနိုင်မည့်နည်းလမ်းများဖြင့် ခေါ်ဆောင်ရမယ်၊ အဲ့ဒါမှ သူတို့နဲ့ပြောဆိုနိုင်မယ်၊ နားထောင်နိုင်မယ်။
လူငယ်သင်တန်းတွေမှာ လူငယ်တွေ သူတို့ဘဝအတွေ့အကြုံကိုဝေမျှကြတယ်။ တချို့လူငယ်တွေရဲ့ဘဝဟာ အရမ်းကို ပြင်းထန်ခဲ့တယ်။ သူတို့ရဲ့ဘဝမှာ ဘုရားသခင်ကိုထိတွေ့ခံစားခဲ့ရတာတွေ သူ တိုဝေမျှတဲ့အခါ အရမ်း ခွန်အားရတယ်။
လူငယ်တွေကို ချဉ်းကပ်ရာမှာ ချစ်ခြင်းမေတ္တာ နည်းလမ်းဖြင့်ဆက်သွယ်ဆက်ဆံစေချင်တယ်။ ဒါမှသာ သူတို့တွေ ချစ်ခြင်းမေတ္တာ ကို ခံစားရမယ်။ အပြစ်တင်ခြင်း၊ ဆုံးဖြတ်ချက်ပေးခြင်းတွေဟာ မပြည့်ဝသော နည်းလမ်းတွေသာ ဖြစ်ပါတယ်။
လူတယောက်ကို ဂရုစိုက်မှုမပါ၊ ချစ်ခြင်းမေတ္တာမပါ၊ စိတ်ဝင်စားမှု မပါဘဲနဲ့ အမှန်တရားအကြောင်းပြောပြလို့မရပါ ဟု
Yadira Vieyra မှ အင်တာဗြူးတစ်ခုတွင်ဖြေကြားခဲ့ပါသည်။
 

Add new comment

1 + 3 =