အသင်းတော်သည် ​​လူငယ်များအတွက် အိမ်

၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ
အသင်းတော်သည် ​​လူငယ်များအတွက် အိမ်
အောက်တိုဘာ ၅၊ ၂၀၁၈

၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ ၂၀၁၈ အောက်တိုဘာလ ၃ မှ ၂၈ ရက်ထိကျင်းပလျှက်ရှိသည်​။ "လူငယ်များနှင့် သူတို့၏ ယုံကြည်ခြင်း၊ ခေါ်တော်မှုခြင်းဆိုင်ရာ သုံးသပ်ဆန်းစစ်ခြင်း" အစည်းအဝေးခေါင်းစဉ်ဖြင့် အောက်တိုဘာ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့ပါသည်​။ အဆိုပါ​နေ့ မွန်းလွဲပိုင်းတွင်​ အယောက် ၂၀ ဆွေးနွေးတင်ပြခဲ့ပါသည်​။
၁။ ။ အသင်းတော်သည် လူငယ်များ၏ အမေ ၊ အိမ် သူတို့အတွက် သနားစာနာမှု့ရှိသောနေရာ၊ သူတို့ကိုနားထောင်ပေးမယ့် ​နရာ၊ ပြောပိုင်ခွင့်မရှိသူတို့အတွက် ပြောပေးမယ့်​သူ၊ ဒုက္ခထဲမှာ နစ်နေသူတို့အတွက်နားခိုရာ၊ ပြစ်ပယ်ခံထားရသောလူငယ်တို့အတွက်
ဂုဏ်သိက္ခာကို မြှင့်တင်ပေးမည့်နေရာ၊ ဘုရားကို ကျေးဇူးတင်ဆပ်နိုင်သော နေရာ၊ အသင်းတော်သည် ကမ္ဘာကြီးရဲ့ ထောင့်ချုပ်ကျောက် ဖြစ်သည်​။ အလုပ်လက်မဲ့များ၊ မိတကွဲ ဖတကွဲ ဘဝများ၊ ကလေးစစ်သားများဘဝ၊ အကျင့်ပျက်ခြစားမှုများ၊ လူကုန်ကူမှု့များ၊ ရွေ့ပြောင်းဒုက္ခသည်များအရေး၊ ပိုမိုကောင်းမွန်သော ဘဝတစ်​ခုကိုရှာဖွေရင်း ဘဝ၊ ယုံကြည်ချက်၊ အသက်ပါဆုံးရုံးခဲ့ရသော လူငယ်များ၏ အခြေအနေများ၊ မိမိအစွမ်းအစကို ထုတ်ဖောစိတ်အားရသော အသိုင်းအဝန်းတွင် နေထိုင်နေကြရသော လူငယ်တို့၏ ဘဝများကို ဆွေးနွေးခဲ့ကြပါသည်။
၂။ ။ လူငယ်တို့၏ စိတ်အားထက်သန်မှု့ကို ထိန်း​သိမ်းပေးခြင်း
များများထုတ်များများသုံး စနစ်၏ သားကောင်ဘဝမရောက်ရလေအောင်လူငယ်များ၏ စိတ်အားထက်သန်မှုများ၊ အလွှာပေါင်းစုံ၊ အခြေအနေပေါင်းစုံမှ ရည်ရွယ်မရှိ၊ ယုံကြည်ခြင်းပေအသင်ကွယ်နေသော လူငယ်များ၏ ဘဝအခြေအနေများ၊ လက်မထပ်ခင် ဖြူစင်​စွာမနေထိုင်ခဲ့ကြသောလူငယ်များအတွက် ဘုရားပေးထားသော မျိုးပွား အင်္ဂါ များ၏ တန်ဖိုး၊ အသိပညာပေးမှု့များ၊ အသင်းတော်မှ လူငယ်များ၏ မျှော်​လင့်ချက်များကို မဖြည့်စွမ်းပေးနိုင်မှု့များ၊ ခရစ္စမားအားပေးခြင်းခံယူပြီး ဘုရားကျောင်းနှင့် အဆက်အသွယ်ပြတ်သွားကြသော လူငယ်များ၏ အခြေအနေများ၊ အသင်းတော်၏ လူငယ်များထံချဉ်း​ကပ်မှုပုံစံသစ်များ၊ တီထွင်ကြံဆမှု လိုအပ်ချက်များ၊ ခေတ်စနစ်ပြောင်းလဲမှု့များအတွက် လူငယ်များအတွက် နည်းမှန် လမ်းမှန်ဖြင့် ဦးဆောင်ပေးနိုင်မှု့များကို ဆွေးနွေးခဲ့ကြပါသည်။
၃။ ။ အသင်းတော်​​အပေါ် ယုံကြည်မှု့ကို အားဖြည့်တင်းပေးခြင်း
ဒုက္ခအခက်အခဲများနှင့်ပြည့်နှက်နေသော ကမ္ဘာကြီးတွင် အသင်းတော်အတွင်း၌ လူငယ်များ၏ အရေးပါမှု့ အခန်းကဏ္ဍ ကို မြင့်တင်ပေးကြရန်၊ သူတို့ဟာ အသင်းတော်ရဲ့ သာသနာပြုများ၊ ခွန်းအားသစ်များဖြင့်ပြည့်နှက်နေသော သူများ၊ အသစ်သော ဝိညာဉ်အသက်တာကို ပြင်ဆင်ပေးခြင်းများ၊ အသင်းတော်အတွင်းရှိ ပုဂ္ဂိုလ် တချို့၏ မကောင်းလမ်းပြမှု၊ ပုံသက်သေအမှားများကြောင်း အယုံအကြည်မဲ့သွားကြသော လူငယ်များ၏ အခြေအနေများ၊ ဒီအခြေအနေများအတွက် ညီလာခံကြီးမှ ကူညီပေးနိုင်မည့် နည်းလမ်းများဖော်ထုတ်ပေးကြရန်​ ​ဆွေး​နွေးခဲ့ကြသည်​။
၎။ ။အသင်းတော်၏ ဝတ်ပြုကိုးကွယ်ခြင်းနှင့် ဆုတောင်းခြင်းများကို အားဖြည့်တင်းပေးခြင်း၊
ကမ္ဘာပေါ်ရှိ အသင်းတော်အတွက် ဘာသာတရားယုံကြည်မှု့ကြောင့် ညှဉ်းပမ်းနှိပ်စက် ခံနေကြရသော အခြေအနေများ၊ ယင်းအခြေအနေမျိုးတွင် ဘုရားသခင်ထံဆုတောင်းခြင်းများ၊ အသင်းေ​တ်ာမှ လူငယ်များ၏ အကျိုးအတွက် ၊ ခေါ်တော်မှုခြင်းအတွက် ဆုတောင်းပေးခြင်းများပြုလုပ်ကြရန်၊ တိတ်ဆိတ်ငြိမ်သက်မှု့ကို လိုချင် ရှာဖွေနေကြသော လူငယ်များအတွက် တရာဘာဝနာစီးဖြန်းခြင်းနည်းလမ်းများ၊ အခြေအနေများဖန်တည်းပေးကြရန်၊ ကောင်းကင်နိုင်ငံတော်၏ တန်ဖိုး၊ မိမိဝိညာဉ်၏ တန်ဖိုး၊ လူငယ်များ၏ ဝိညာဉ်ရေးလမ်းခရီးတွင် အတူတူလျှောက်လှမ်းပေးကြရန် ​​စသည့် အချက်များကို ဆွေးနွေးခဲ့ကြပါသည်။

https://www.vaticannews.va/en/church/news/2018-10/synod-youth-2018-third-general-congregation.html
#bishops, #synod, #youth, #pope, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 1 =