အသင်းတော်ရဲ့ သာသနာပြုလုပ်ငန်းသည်​ လူငယ်များ၏ တက်တက်ကြွကြွလုပ်ဆောင်နိုင်စွမ်းအားပေါ်မှာ မူတည်

အသင်းတော်ဟာ လူငယ်မျိုးဆက်သစ်တွေနဲ့ ​ရှေ့ကို ချီတက်နေရမယ်၊
အသင်းတော်ရဲ့ သာသနာပြုလုပ်ငန်းသည်​ လူငယ်များ၏ တက်တက်ကြွကြွလုပ်ဆောင်နိုင်စွမ်းအားပေါ်မှာ မူတည်
အောက်တိုဘာ ၆၊ ၂၀၁၈

အောက်တိုဘာ ၆ ရက်နေ့က ဗာတီကန်ရင်ပြင်တွင် စုရုံးရောက်ရှိနေသော နေရာဒေအသီးသီးမှ လူငယ် ၇၀၀၀ ထောင်ခန့်ကို ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ အသင်းတော်၏ သာသနာပြုလုပ်ငန်းသည်​ လူငယ်များ၏ တက်တက်ကြွကြွလုပ်ဆောင်နိုင်စွမ်းအားပေါ်မှာ မူတည်ကြောင်းပြေားကြားခဲ့ပါသည်။
အသင်းတော်ဟာ လူငယ်မျိုးဆက်သစ်တွေနဲ့ ​ရှေ့ကို ချီတက်နေရမယ်၊ လူငယ်တွေရဲ့ပါဝင်မှု၊ ဆွေးနွေတိုင်ပင်မှုနဲ့အတူ ဆရာတော်ကြီးများညီလာခံကို အသက်ဝင်နေစေရမယ်၊
လူငယ်တွေရဲ့ဘဝအတွေ့အကြုံတွေ၊ သူတို့ရဲ့ ဒဏ်ရာတွေ၊ လဲကျခဲ့ပေမဲ့ ပြန်ထခဲ့ကြတဲ့လူငယ်တွေရဲ့အတွေ့အကြုံတွေ အမှောင်အတိကျခဲ့ရတဲ့ဘဝမှ အလင်ထဲပြန်ရောက်လာသူလူငယ်တွေရဲ့ဘဝတွေ၊ ဘဝအမှန်လမ်းမှန်ကိုပြန်လှည့်လာနိုင်သူ လူငယ်လေးတွေရဲ့ ဘဝအတွေ့အကြုံများကို ပုပ်ရဟန်းမင်းကြီး ချီးကျူးအသိအမှတ်ပြုပေးခဲ့ပါသည်​။
လူငယ်တွေဟာ ငွေ၊ အာဏာ၊ ထင်ပေါ်ကျော်​ကြားမှု စိတ်ခံစားသာယာမှုတို့ရဲ့ ဆွဲ​ဆောင်မှုကိုခံနေကြရတယ်၊ တချို့မှာလည်း မတရားမှု အကျင့်ပျက်ခြစားမှု မျိုးစေ့​တွေကြဲချပေးခံနေကြရတယ်။
တကယ်ထိတွေ့ခံစားရတဲ့အချက်ကတော့ ပြန်လည်ရုန်း​ထွက်လာနိုင်ပြီး ကောင်းမွန်တဲ့အသက်တာမှ ရှင်သန်နေနိုင်ကြခြင်းပါပဲ။
စုံစမ်းနှောက်ယှက်ခြင်းတွေ အများကြီးကြုံတွေ့ရပေမဲ့ အဲ့ဒုက္ခတွေထဲမှာ သခင်ခရစ်တော် ကျွနုပ်တို့ကိုပြစ်မထားဘူဆိုတာ လူငယ်တွေ သိရှိနေရမယ် ခံစားနေရမယ်လို့ အရှင်​သူမြတ်​က မိန့်​ကြားခဲ့ပါသည်​။

https://www.vaticannews.va/en/pope/news/2018-10/synod-youth-2018-pope-francis-noi-per.html

#synod, #youth, #bishop, #pope, #peterkm,
Photo credit to Vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 5 =