Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အသင်းတော်ထဲမှာ လူငယ်တွေက အသုံးမကျတာမဟုတ်ဘူး အသင်းတော်က သူတို့ကို အသုံးချမှုနည်းခဲ့တာ (ကာဒီနယ် ချားလ်စ် မောင်ဗိုလ်)
အောက်တိုဘာ ၂၃၊ ၂၀၁၈
ကျွန်ုပ်အနေနဲ့ရော
ဒီညီလာခံပြီး သွားရင် မြန်မာပြည်သာသနာအနေနဲ့ရော လူငယ်တွေအပေါ်မှာ ပိုပြီး ဂရုစိုက်လုပ်ဆောင်သွားမယ်၊ အသင်းတော်က လူငယ်တွေအပေါ်မှာ ထိုက်သင့်တဲ့နားထောင်မှုမပေးခဲ့တဲ့အပေါ်မှာ ပြန်လည်သုံးသပ်ဖို့လိုနေတယ်။ ပြီးတော့ အသင်းတော်ထဲမှာ လူငယ်တွေက အသုံးမကျတာမဟုတ်ဘူး၊ အသင်းတော်က သူတို့ကို အသုံးချမှု နည်းခဲ့ကြတာပါ။ ဒီညီလာခံက ထွက်ပေါ်လာတဲ့မှတ်တမ်းအပေါ်အခြေခံပြီး အသင်းတော်တစ်ခုလုံးအနေနဲ့လူငယ်တွေကို ပိုမိုဂရုစိုက်လာလိမ့်မယ်လို့လည်း ကျွန်ုပ်မျှော်လင့်ပါတယ် ဟု မြန်မာပြည် ရဟန်းမင်းအမတ် ကာဒီနယ် ချားလ်စ် မောင်ဗိုလ်မှ ပြောကြားခဲ့ပါသည်။
လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ ၂၀၁၈ အောက်တိုဘာလ ၃ မှ ၂၈ ရက်ထိကျင်းပလျှက်ရှိပါတယ် "လူငယ်များနှင့် သူတို့၏ ယုံကြည်ခြင်း၊ ခေါ်တော်မှုခြင်းဆိုင်ရာ သုံးသပ်ဆန်းစစ်ခြင်း" အစည်းအဝေးခေါင်းစဉ်ဖြင့် အောက်တိုဘာ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့ပါတယ်။ ယခုညီလာခံရဲ့ နောက်ဆုံးအပိုင်းကိုရောက်ရှိလို့လာပါပြီ၊ အောက်တိုဘာလ ၂၂ ရက် တနင်္လာနေ့မှာ ညီလာခံအတွင်းမှာ ဆွေးနွေးခဲ့ကြသော အချက်အလက်များကို နောက်ဆုံး အကြမ်းဖျင်း အတည်ပြုခဲ့ကြပါသည်။ ယင်းညီလာခံမှတ်တမ်း အချက်အလက်အပေါ် အောက်တိုဘာလ ၂၃ ၊ ၂၄ အင်္ဂါ၊ ဗုဒ္ဓဟူး နှစ်ရက်တာ အခြေအတင် သုံးသပ်ကြပြီး၊ ပထမနေ့ အင်္ဂါနေ့မှာတင် ညီလာခံမှုကြမ်းကို အတည်ပြုခဲ့ကြသည်။ စနေနေ့တွင် ယင်း ညီလာခံမှ ထွက်ရှိလာသော အစီရင်ခံစာကို ဆရာတော်ကြီး များအဖွဲ့သို့ ပေးပို့တင်ပြကြမှာဖြစ်ပါသည်။ ဆရာတော်ကြီးများအဖွဲ့မှ ယင်းညီလာခံအစီရင်ခံစာအပေါ် တစ်ရွက်ခြင်း လေ့လာပြီး တစ်ရွက်ခြင်းစီအပေါ် မဲခွဲဆုံးဖြတ်အတည်ပြုကြမှာဖြစ်သည်။ မဲအရေအတွက် သုံးပုံ နှစ်ပုံရသော စာမျက်နှာများသာ အတည်ပြုမှာဖြစ်ကြောင်းလည်း ညီလာခံ တာဝန်ရှိသူမှ ပြောကြားခဲ့ပါသည်။
https://www.vaticannews.va/en/church/news/2018-10/synod-youth-2018-press-briefing10.htmlen#bishops,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment