အသက်ရှင်ခွင့်ပေးခဲ့သော မိဘတို့အားရိုသေခြင်းကိုပြုလော့

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းလူထုတွေ့ဆုံခြင်း

အသက်ရှင်ခွင့်ပေးခဲ့သော မိဘတို့အားရိုသေခြင်းကိုပြုလော့
စက်တင်ဘာလ ၁၉၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/pope-francis-english-gen...

#pope, #generalaudience, #vatican, #rvasia, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းလူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်းတွင် ပညတ်တော်ဆယ်ပါးမှ စတုတ္ထ ပညတ်တော်ဖြစ်သော မိဘတို့အားရိုသေခြင်းကို ပြုလော ဟူသော ပညတ်တော်ကို ဆက်လက်သင်ကြားခဲ့ပါသည်။ စတုတ္ထ ပညတ်တော်သည် ပျော်ရွင်အသက်ရှည်စွာနေထိုင်နိုင်ရေးကို အခြေခံထားသောပညတ်တော်ဖြစ်ပြီး မိဘတိုင်းသည် အေ​ခြအနေအကြောင်းအမျိုးမျိုးကြောင့် ပြည့်ဝသောမိဘများမဟုတ်ကြသော်လည်း၊ အသက်အရွယ်ကြီးရင့်လာပြီဖြစ်သောမိဘများအနေနှင့် မိမိတို့၏ကျန်ရှိနေသေသောဘဝအသက်တာကို ကောင်းမွန်စွာဆောက်တည်နေထိုင်နိုင်ခြင်း၊ သူတို့ ရရှိခဲ့သော အတွေ့အကြုံတို့သည် သားသမီးတို့အတွက်​ အရေးကြီးပါသည်။
စတုတ္ထ ပညတ်တော်သည် ကျွနု်​ပ်တို့၏ငယ်ဘဝပြသနာများ၊ မိဘတို့၏အဆင်မပြေခဲ့မှုများကို အဓိကမထားဘဲ ကျွနုပ်တို့ကို လူလောကသို့ပို့ဆောင်ပေးသော မိဘတို့အားရိုသေမှုပြုရန် ​ပေးထားသောပညတ်ချက်ဖြစ်သည်​။ ရဟန္တာ တို့၏ ခက်ခဲကြမ်းတမ်​းခဲ့သောဘဝများကိုထောက်ရှုသောအခါဝယ် အတိတ်မှာမည်သို့သော အခက်​အခဲပြသနာများကိုကြုံတွေ့ခဲ့ရပါမူ ဘုရားသခင်၏ ကျေးဇူးတော်သည် အတိတ်ဒဏ်ရာများကိုကုသပေးရုံသာမက အနာဂတ်တွင်တိုးတက်သောဘဝတခုကိုတည်ဆောက်နိုင်ရန်လည်​း ခွန်အားများပေးသည်။ ၎င်းတို့သည်​ ကျွနု်​ပ်တို့အတွက်ပုံသက်သေကောင်းများဖြစ်​ပြီးကျွနု်​ပ်တို့အရောက်တိုင်းစီအတွက်ဘုရားသခင်မှာ စီမံကိန်းရှိကြောင်းကို ​ဖော်​ပြ​နေသည်​။ အဖခမည်းတော်ဘုရားသည် မိမိသားတော်ကို ဒုက္ခခံ အသေခံစေခြင်းအားဖြင့် ကျွနု်​ပ်တို့အတွက် အသစ်သော အသက်တာနှင့်လွတ်မြောက်ခြင်းကိုရယူပေးခဲ့သည်​ကို ​ထောက်ရှုခြင်းအားဖြင့် ကျွနု်​ပ်တို့အားအသက်ပေးခဲ့သော မိဘများကို ကျေးဇူးဆပ်တင်ရ​ပေမည်​။ ဤသို့ပြုခြင်​းအားဖြင်​့ ဘုရားသခင်အားချီးမွမ်းရာ ​ရောက်​​သည်​ဟု သွန်သင်ခဲ့ပါသည်။

 

Add new comment

14 + 0 =