အသက်နှင့်ကမ္ဘာမြေအားစာနာ၍စောင့်ရှောက်ကာကွယ်သူများဖြစ်ကြပါလေ

အသက်နှင့်ကမ္ဘာမြေအားစာနာ၍စောင့်ရှောက်ကာကွယ်သူများဖြစ်ကြပါလေ

အသက်နှင့်ကမ္ဘာမြေအားစာနာ၍စောင့်ရှောက်ကာကွယ်သူများဖြစ်ကြပါလေ

ကမ္ဘာမြေကြီးအားစာနာ၍စောင့်ရှောက်ကာကွယ်ခြင်းသည် လူသားနှင့်ဖန်ဆင်းခံများကြားမှန်ကန်စွာချိန်ခွင့်လျှာ မျှထိန်းညှိပေးသောခံယူချက်နှစ်ချက်ဖြစ်သည်ဟုရဟန်းမင်းကြီးကပြီးခဲ့သောဗုဒ္ဓဟူးနေ့ဗာတီကန်ရှိ San Damaso ၀င်းအ တွင်းလူများနှင့်တွေ့ဆုံစဉ်မိန့်ကြားခဲ့သည်။

အချင်းချင်းဂရုစိုက်ပါ။

လက်ရှိကမ္ဘာကြီးကြုံတွေ့နေရသောရောဂါကပ်ဆိုးကြီးမှလွှတ်မြောက်နိုင်ရန်မှာအချင်းချင်းဂရုစိုက်စောင့်ရှောက်ရမည်ဖြစ်သည်။ အသိမ်ငယ်ဆုံးသောသူများ၊ မကျန်းမမာသူများ၊ သက်ကြီးရွယ်အိုများအား ဂရုစိုက်စောင့်ရှောက်နေသူများ ကိုကျွန်ုပ်တို့ပံ့ပိုးပေးကြရမည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့သည် ၄င်းတို့လုပ်ဆောင်သလောက်ထိုက်သင့်သောအသိ အမှတ်ပြုခြင်း၊ အဖိုးအခများမခံရသော်လည်း ယနေ့လူ့အဖွဲ့အစည်း၌အလွန်အရေးပါလှသောကဣ၌ရှင်သန်လှုပ်ရှားပေး နေကြသည်။ ဤစောင့်ရှောက်မူသည်ကျွန်ုပ်တို့၏ဘုံအိမ်ဖြစ်သောကမ္ဘာကြီးကိုလည်းစောင့်ရှောက်ပြီးသားဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော်သက်ရှိများအားလုံးသည်တစ်ခုနှင့်တစ်ခုဆက်နွယ်လျှက်ရှိသည်။ ကျွန်ုပ်တို့၏ကျန်းမာရေးသည်သ ဘ၀စိမ်းလန်းစိုပြေရေးစနစ်အပေါ်မူတည်နေသည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် ကမ္ဘာကြီးကိုဖန်ဆင်းပြီး နောက်လူသားတို့အားစောင့်ရှောက်ထိန်းသိမ်းကာကွယ်ရန်တာ၀န်ပေးအပ်ခဲ့သည်။

ဆင်ခြင်တတ်ခြင်းသည်အကောင်းဆုံးသောကုထုံး

ကျွန်ုပ်တို့ကမ္ဘာကြီးအားဖျက်ဆီးဖြုန်းတီးမူဘေးမှကာကွယ်ရန်အကောင်းဆုံးကုထုံးမှာဆင်ခြင်တတ်ခြင်းဖြစ်သည်။ ဆင်ခြင်တုံတရားမဲ့ခြင်းသည်ချိန်ခွင့်လျှာမမျှဖြစ်ခြင်းနှင့်လူ့အလိုကျအလွန်အကျွံဖြုန်းတီးခြင်း၏သားကောင်အဖြစ်သို့ကျ ရောက်စေရန်အလွန်လွယ်ကူသည်။ ဆိုလိုသည်မှာလူတို့၏လိုအပ်ချက်ကိုအသားပေးလွန်းခြင်း၊ လူသားသည်သာဖန်ဆင်းခံ များအားလုံးကိုစီရင်ဆုံးဖြတ်ရန်အကြွင်းမဲ့အာဏာရှိသည့်အသွင်ကိုဆောင်လာစေသည်။ ဖန်ခြင်းနှင့်ပတ်သက်၍သမ္မာ ကျမ်းလာအချက်များကိုမသဲမကွဲအနက်ပြန်ဆိုထားခြင်းသည်ဤနောက်ဆက်တွဲဆိုးကျိုးကိုဖြစ်ပေါ်အောင်လုပ်ဆောင်ပေး ခြင်းဖြစ်သွားစေသည်။ ထို့ကြောင့်ကမ္ဘာကြီးကိုအသုံးလွှဲပြီးနောက်ဆုံး၌စုပ်လည်းစူး၊ စားလည်းရူးစေသည့်အခြေအနေသို့ ဆိုက်ရောက်စေသည်။ လူသားသည်ဖန်ဆင်းခြင်း၏ပဲကိုင်ရှင်အဖြစ်ခံယူလာကြသည်။ ဘုရားသခင်၏ပင်မနေရာကိုပင်အ စားထိုးအတင်းယူလာကြသည်။ ဤသို့ဖြင့်ဘုရားသခင်၏ဖန်ဆင်းခြင်းလက်ရာတော်ကိုဖျက်ဆီးပစ်လိုက်ကြသည်။ သို့ဖြင့် ကျွန်ုပ်တို့သည်အသက်ကိုစောင့်ရှောက်ကာကွယ်သောသူများအဖြစ်အခေါ်ရသည်ကိုမေ့လျော့ကာခေါင်းပုံဖြတ်အမြတ်ကြီး စားသောသူများလုံးလုံးကြီးဖြစ်လာကြတော့သည်။

ကျွန်ုပ်တို့၏တာ၀န်သည်ဘုံစံအိမ် (ကမ္ဘာကြီး) ကိုကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။

ရှင်သန်ရန်အတွက်ရည်ရွယ်၍ကမ္ဘာကြီးကိုတည်ဆောက်ရန်လိုသည်။ အလွှဲသုံးအမြတ်ထုတ်ရန်မဖြစ်စေရ။ ကျွန်ုပ် တို့အားလုံး၏တာ၀န်သည်ဘုံစံအိမ်ဖြစ်သောကမ္ဘာကြီးအားကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။ အလွန်ဆင်းရဲချွတ်ခြုကျ နေသောကျွန်ုပ်တို့၏ညီအစ်ကိုများနှင့်မိခင်ကမ္ဘာမြေကြီးသည် ကျွန်ုပ်တို့၏မတရားသဖြင့်ဖျက်ဆီးခဲ့မူကိုခံနေရသော ကြောင့်ငိုငြီးနေရှာပြီ။ ထို့ကြောင့်အချိန်မှီပြန်လည်ကုစားရန်အရေးကြီးပြီ။ ဤသို့ကုစားရန်မှာဆင်ခြင်တုံတရားဖြင့်ပြုလုပ် ခြင်းသည်သာအကောင်းဆုံးကုထုံးဖြစ်သည်။ ဤသို့ပြုခြင်းဖြင့်လူသားများသည်အပေါ်ယံမျှသောတန်ဖိုးကိုမဟုတ်ဘဲသူတို့ အားဘုရားပေးသောအတွင်းကျသည့်တန်ဖိုးကိုတွေ့ရှိလာမည်၊ နားလည်လာမည်ဖြစ်သည်။ ဖန်ဆင်းခြင်းနှင့်သဘာ၀တရားကိုဆင်ခြင်မူမရှိ၊ မသိသောသူများအဖို့ လူများအဘယ်သို့ကြွယ်၀ချမ်းသာနေကြ သည်ကိုလည်းဆင်ခြင်ရန်သိကြမည်မဟုတ်။ သဘာ၀တရားကိုဖျက်ဆီးအမြတ်ထုတ်နေသူများသည် လူသားထုကိုဖျက် ဆီးရင်းဘ၀ကုန်ဆုံးသွားပေမည်။ လူသားများကို၄င်းတို့၏အလိုအပ်ချက်ကိုဖြည့်ဆည်းပေးသောကျွန်ကဲ့သို့သဘောထား ကြမည်။ သဘာ၀နိယာမဖြစ်ပြီး၊ ဆင်ခြင်တတ်သူများအနေဖြင့် ကမ္ဘာကြီး၏တန်ဖိုးနှင့်လူသားကျန်းမာရေးကိုဖျက်ဆီးနေ မူကိုဖြစ်စေသောအကြောင်းတရားများကိုအမြန်ဆုံးပြုပြင်ပြောင်းလဲရန်အားထုတ်လုပ်ဆောင်ပေမည်။ မသိနားမလည်သူ များကိုပညာပေးမည်။ အစားထိုးနည်းလမ်းများဖြင့်လိုအပ်ချက်များကိုဖြည့်ဆည်းမည်။ စံထားလောက်သောစီးပွားရေးအ သွင်သစ်ကိုဖွံ့ဖြိုးလာအောင်မြှင့်တင်ပေးကြမည်။ ဘုံစံအိမ်ကိုကာကွယ်စောင့်ရှောက်သောအာမခံချက်များလည်းရှိလာ‌ အောင်လုပ်ဆောင်ကြမည်။

ဖန်ဆင်းခြင်းကိုကာကွယ်ကြသူများ

ဆင်ခြင်တုံတရားနှင့်ကာကွယ်စောင့်ရှောက်ရေးလမ်းကြောင်းကိုလိုက်သောသူများသည် ကျွန်ုပ်တို့၏ဘုံစံအိမ်ကို ကာကွယ်စောင့်ရှောက်သူများဖြစ်လာကြသည်။ ထို့အတူအသက်နှင့်မျှော်လင့်ချက်ကိုလည်းကာကွယ်သူများဖြစ်လာကြ သည်။ ဤအခြေအနေသည်အနာဂါတ်မျိုးဆက်များအတွက် ကျွန်ုပ်တို့ဘုံစံအိမ်ကိုထိန်းသိမ်းကာကွယ်ရန်အလွန်အရေး ကြီးသောလိုအပ်ချက်ဖြစ်သည်။ အထူးသဖြင့်ဒေသခံများအားကျွန်ုပ်တို့အားလုံးကျေးဇူးတင်ကြရမည်ဖြစ်သည်။ ထို့အတူ သဘာ၀တရားနှင့်ယဉ်ကျေးမူအမွေအနစ်များကိုထိန်းသိမ်းစောင့်ရှောက်မူကိုပြုနေသောလှုပ်မူများ၊ အသင်းအဖွဲ့များ၊ လူ သိများသောအဖွဲ့များကိုလည်းကျေးဇူးတင်ရမည်ဖြစ်သည်။ ဤလူမူရေးလှုပ်ရှားမူများသည်အခါအားလျှော်စွာအလေးပေး မခံရ။ အသိအမှတ်ပြုမခံရတတ်သည့်အပြင် ၄င်းတို့၏လုပ်ဆောင်မူများ၌အနှောက်အယှက်ပေးခံရခြင်းများလည်းခံရတတ် သည်။ အမှန်မှာ၄င်းတို့သည်အကြမ်းမဖက်သောနည်းလမ်းဖြင့်ပြုပြင်ပြောင်းလဲရေးကိုလုပ်ဆောင်နေခြင်းဖြစ်သည်။ ထိုပြု ပြင်ပြောင်းလဲရေးကား ‘ဂရုစိုက်ရေး’ အရေးတော်ပုံသာဖြစ်သည်။ ဖန်ဆင်းခြင်းကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်လူ တိုင်း၌တာ၀န်ရှိသည်။ ကျွန်ုပ်တို့တစ်ဦးစီသည်လည်းကျွန်ုပ်တို့၏ဘုံစံအိမ်တော်ကိုစောင့်ရှောက်နိုင်သည်။ စောင့်ရှောက်ရ မည့်တာ၀န်လည်းရှိသည်။ သို့မှသာဖန်ဆင်းခံများအတွက်ဘုရားသခင်ကိုချီးမွှမ်းနိုင်မည်။ ဆင်ခြင်နိုင်မည်။ ကာကွယ်နိုင် မည်ဖြစ်ကြောင်းမိန့်ကြားရင်းရဟန်းမင်းကြီးသည်သူ၏ဗုဒ္ဓဟူးနေ့ပတ်စဉ်သွန်သင်ချက်ကိုအဆုံးသတ်ခဲ့သည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/35QEOpK

Add new comment

3 + 13 =