အလုပ်ရှုပ်တဲ့ကြား သားသမီးတွေအတွက် အချိန်ယူပြီးပေးဆပ်နေကြတဲ့ မိဘတွေ အကြောင်းကို စဉ်းစား ကြည့်ကြပါစို့

အလုပ်ရှုပ်တဲ့ကြား သားသမီးတွေအတွက် ကြိုးစားအချိန်ယူပြီး ပေးဆပ်နေကြတဲ့ မိဘတွေ အကြောင်းကို စဉ်းစား ကြည့်ကြပါစို့။ သူတို့ရဲ့စိတ်ဝင်စားမှုထဲမဟုတ်ဘဲ အဲဒီလိုမျိုး ကောင်းအောင်လုပ်ဆောင်နိုင်သူ ဘယ်နှယောက်များ ရှိမလဲ။ 

 

သက်ကြီးရွယ်အိုတွေနဲ့ အဆင်းရဲဆုံး လူတွေကိုစောင့်ရှောက်ပေး နေသူတွေအတွက် စဉ်းစား ကြပါစို့။ ပြီတော့ ထိရှလွယ်တဲ့ အလုပ်နဲ့ နားလည်မှု လွဲနေတဲ့ကြားမှာ အသက်မြှုပ်နှံပြီး ဆက်လက်လုပ်ဆောင် နေကြသူတွေရယ်။ 

 

သူတို့ရဲ့ယုံကြည်ခြင်းကြောင့် ဒုက္ခဆင်းရဲခံစားရပေမဲ့ အမြဲတမ်းဆုတောင်းခြင်းနဲ့ ချစ်ခင်မေတ္တာပွါးနေသူတွေရယ်။ 

 

သူတို့ရဲ့ဗီဇစရိုက်ဆိုး နောက်ကို မလိုက်ဘဲ အဆိုးကိုအကောင်းနဲ့ တုံ့ပြန်ရင်း ခွင့်လွှတ်ဖို့ ခွန်အား ရှာဖွေကြကာ အသစ်တဖန် ခွန်အားယူ ရှေ့ဆက်ဖို့ ကြိုးစား နေသူတွေအကြောင်း စဉ်းစား ကြည့်ကြပါစို့။

 

သူတို့ရဲ့သဘော ဆန္ဒအတိုင်း ကျယ်ပြန့်တဲ့ လမ်းကြောင်း နောက်ကို မလိုက်လျှောက်ကြဘဲ သခင်ယေဇူးရဲ့ကျဉ်းမြောင်းသော လမ်းစဉ်ဖြစ်တဲ့ ချစ်ခြင်းနဲ့ရှင်သန်တဲ့ အသက်တာကို စံပြ လျှောက်နေသူ တချို့ရှိပါတယ်။ ဒီကနေ့မှာ ဘုရားသခင်က အဲလိုလူမျိုးတွေ အားလုံးကို ကယ်တင်ခံရပြီလို့ ယုံကြည်နေပေမဲ့ မတရားမှုတွေ လုပ်ဆောင်နေသူတွေထက် ခမည်းတော်ဘုရား ပိုသတိရမှာ ဖြစ်ပါတယ်။ 

 

✍️ထန်းဟာ SJ 

Source: Catholic News Service 

Add new comment

6 + 6 =