အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး တောင်းဆို

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်း

အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး တောင်းဆို
ဇွန်လ ၁၆၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်းတွင် ပါရှန်ပင်လယ်ကွေ့ အရေးနှင့်ပတ်သက်ပြီး အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသော တင်းမာနေသော အခြေအနေများကို သံတမန်ရေးရာ နည်းလမ်းများဖြင့် ပြသနာများကို ​ဖြေရှင်းကြဖို့၊ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း ငြိမ်းချမ်းရေး နှင့် ညှိနိုင်းဖြေရှင်းရေးနည်းလမ်းများကို မြှင့်တင်ကြဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် မှ တောင်းဆိုခဲ့ပါသည်။

ဆက်လက်ပြီး ပုပ်ရန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဇွန်လ၂၀ ရက်နေ့သည် ကမ္ဘာကုလသမ္မဂ က သတ်မှတ်ထားသော ကမာ့္ဘရွှေ့ပြောင်းဒုက္ခသည်များနေအဖြစ်သတ်မှတ်ထားပါတယ်၊ အဲ့ဒီနေ့က လူသားတို့ရထိုက်သည့် အခြေခံအခွင့်အရေးများကို အကြမ်းဖက်ခံနေရသော၊ ညှင်းပမ်း​နှိပ်စက် ခံနေရသော၊ စစ်ပွဲအမျိုးမျိုးကြောင့် ထွက်ပြေးနေရသော အမျိုးသမီးများ၊ အမျိုးသားများ ကလေးသူငယ်များ နှင့် အတူတကွရှိကြဖို့ တို့အားလုံးကို ဖိတ်ခေါ်နေတယ်ဆိုတာသတိရကြပါ။ ဘာသာရေး အဖွဲ့အစည်းတွေကတော့ သူတို့ရဲ့ဒုက္ခတွေ ကို သတိပြုမိပြီးကူညီပေးနေကြလိမ့်မယ် သို့သော် တို့အားလုံးပါဝင်ဖို့လိုတယ်၊ တဆက်တည်းမှာပဲ ပုပ်ရဟန်းမင်းကြီးမှ နေမကောင်းသူများ၊ သက်ကြီးရွယ်အိုများ၊ ထောင်သားများ၊ ကို ကူညီပေးနေကြသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ ကို ကျေးဇူးတင်ကြောင်းလည်းပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-06/pope-at-angelus-appeal-f...

#pope, #angelus, #middleeast, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

7 + 0 =