အမှန်တရာသည် နှိမ့်ချ၊ တိတ်ဆိတ်စွာနေ၏

အမှန်တရာသည် နှိမ့်ချ၊ တိတ်ဆိတ်စွာနေ၏
သြဂုတ်လ ၃၊ ၂၀၁၈

https://www.vaticannews.va/…/pope-mass-santa-marta-silence-…

#pope, #mass, #silence, #humble, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

သြဂုတ်လ ၃ ရက် တနင်္လာနေ့ Casa Santa Marta တွင် ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား၌ အမှန်တရားသည် နှိမ့်ချ၊ တိတ်ဆိတ်စွာနေသည့်အကြောင်း သြဝါဒအတွင်း၌ ဟောကြားခဲ့ပါသည်။
ရှင်လုကား ၄ း ၁၆ - ၃ဝတွင် သခင် ယေဇူးက မိမိနေရင်း နာဇရက်မြို့ကို ပြန်လာပြီး တရားဇရပ်တွင် ပရောဖက် အီဇာယ၏ကျမ်းစကားကို ဖတ်၍ ဟောကြားခြင်းအကြောင်းကို အခြေခံ၍ ရှင်းပြဟောကြားခဲ့ပါသည်။

သို့သော် သခင်ခရစ်တော်၏ အခြားမြို့ရွာများမှာ ပြုလုပ်ခဲ့သော တန်ခိုးလက္ခဏာ သတင်းအဟုန်ကြောင့်
နာဇရက်မြို့သူ မြို့သားတို့သည် သူ၏ နေရင်းအရပ်၌လည်း မည်သို့သော တန်ခိုးလက္ခဏာများကို သူပြုလုပ်ပါမည်နည်း ဟု စိတ်ဝင်းစားနေကြပါသည်။

သခင်ခရစ်တော် တရားဟောအပြီးမှာတော့ လူတွေရဲ့အမြင် လက်ခံနိုင်မှုများသည်လည်းပြောင်းလဲသွားကာ သခင်ခရစ်တော်၏ အဖြစ်မှန်ကိုလက်မခံနိုင်ကြသော သူများအတွက် သူ၏ တရားသည်လည်း လက်ခံနိုင်ဖွယ်မဖြစ်ခဲ့ပါ။ သခင်ခရစ်တော်ကို ရန်ပြုရန်ပင်ကြိုးစားခဲ့ကြပါသည်။ ယင်းအခြေအနေကို ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ သခင်ခရစ်တော်၏ ပြုမှုတုန်ပြန်ပုံကို အမှန်တရားသည် နှိမ့်ချစွာနေ၏၊၊ တိတ်ဆိတ်စွာနေ၏ ဟူသည့် တရားစကားနဲ့ အလင်းပြပေးခဲ့ပါသည်။

စိတ်ကောင်းမရှိသောလူတို့နှင့် အပြစ်တင်ဖို့ရန်သာရှာဖွေနေသော လူတို့၏ နှလုံးသားသည် အမှန်တရားကိုလက်မခံနိုင်သောအခါ ရန်မှုတုန်ြ့ပန်တတ်ကြသည်။ သို့သော် အမှန်တရားသည် မည်သိုမျှ မထိခိုက်ပါ၊ အမှန်တရားသည် နှိမ့်ချစွာနေ၏၊၊ တိတ်ဆိတ်စွာနေ၏ လက်မခံနိုင်သူများ အတွင်းစိတ်၌သာပူလောက်တတ်စေကြောင်း၊ ယင်းသို့သောအခြေအနေမျိုးတွင် တိတ်ဆိတ်စွာနေ၍ ဆုတောင်းကြရန် ပြောသင့်သောအချိန်တွင်ပြောကြားပြီး တိတ်ဆိတ်စွာနေရမည့်အချိန်တွင် တိတ်ဆိတ်စွာနေတတ်ရန် သွန်သင်ခဲ့ပါသည်။

Add new comment

4 + 0 =