အများကျိုး​ဆောင်ရွက်နိုင်စေရန် သင်တို့ကို ဘုရားရှင်သည် ခွန် အားကျေးဇူးတော်များ သွန်းလောင်းပေးပါစေ

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် အီတလီနိုင်ငံ အစိုးရ စာရင်းစစ်ရုံးအဖွဲ့ဝင်များ

အများကျိုး​ဆောင်ရွက်နိုင်စေရန် သင်တို့ကို ဘုရားရှင်သည် ခွန် အားကျေးဇူးတော်များ သွန်းလောင်းပေးပါစေ
မတ်လ ၁၈၊ ၂၀၁၉

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အီတလီနိုင်ငံ အစိုးရ စာရင်းစစ်ရုံးအဖွဲ့ဝင်များအား အမျာကျိုးဆောင်ရွက်နိုင်စေရန် သင်တို့ကို ဘုရားရှင်သည် ခွန်အားကျေးဇူးတော်များ သွန်းလောင်းပေးပါစေဖို့ ဆုတောင်းပြောကြားခဲ့ပါသည်​။

 

လူတို့၏ ကိုယ်ကျင့်တရားသည် အများအကျိုးဆောင်ရွက်ရန် ရည်ရွယ် ခြင်းဖြစ်ကြောင်း၊ အတွေးအခေါ်သက်သက်မဟုတ် လူသားထုတိုးတက်ရေးအတွက် အသက်ရှင်ခြင်​းနှင်​့ဆက်နွယ်နေ သည်​။ ထိို့အတွက်ကြောင့် နိုင်ငံတော်ကို နိုင်ငံသားတိုင်၏ အခွင့်အရေးကို ကာကွယ်ပေးသူအဖြစ် ခေါ်ဆိုခြင်းဖြစ်တယ်။ အများအကျိုးလုပ်ဆောင်ခြင်းအတွက် အဓိက သတိပြုရမည့် အကျင့်ပျက်ခြစားမူကိုကာကွယ်ခြင်း၊ အသုံးစရိတ်ကို ထိန်း​ချုပ်ခြင်း နှင့် ဆင်းရဲသားများကို ဂရုစိုက်ခြင်းတို့ကို ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ထောက်ပြခဲ့ပါသည်။ ။

 

♥ အကျင့်ပျက်ခြစားမူကိုကာကွယ်ခြင်း

အကျင့်ပျက်ခြစားမူကိုကာကွယ်ခြင်းဟာ အရေးကြီးသော အချက်ဖြစ်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ လူ့အဖွဲ့အစည်းရဲ့ စီးပွားရေး နဲ့ ကိုယ်​ကျင့်တရားပိုင်းကို ထိခိုက်ပျက်စီး ​စေတဲ့ လူအဖွဲ့အစည်းအတွက် အဓိက ဒဏ်ရာကြီးတစ်ခုဖြစ်နေလို့ပါပဲ။ တာဝန်ရှိသူအရောက်တိုင်းက ရိုးသာစွာ ပွင့်လင်မြင်သာမှုရှိစွာ လုပ်ဆောင်ကြရမယ်၊ သို့မှာသာ တိုင်းပြည်ဥပဒေနဲ့ နိုင်ငံသားတို့တစ်သားတည်း ဖြစ်နိုင်မယ်။

 

♥ အသုံးစရိတ်ကို ထိန်​းချုပ်ခြင်း

လည်ပတ်နေသော နိုင်ငံရေး အုပ်ချုပ်မှု ယန္တရား တွေမှာ အသုံးစရိတ်တွေကို ထိန်​းချုပ်နိုင်ခြင်းဟာ သွေး​ဆောင်နှောက်ယှက်နေသော အလိုဆန္ဒကို ထိန်း​ချုပ်နိုင်ခြင်းပါပဲ၊ မလိုအပ်တဲ့ အသုံးစရိတ်တွေကို တင်းကြပ်စွာထိန်း​ချုပ်ခြင်းဟာ နိုင်ငံ တစ်နိုင်ငံအတွက် နိုင်ငံဥပဒေ နှင့် တိုင်းသူပြည်သားတွေအတွက် ပိုမိုခိုင်မာတဲ့ ရင်နှီးမူကို ခွန်အားပေးခြင်းဖြစ်တယ်။ ယင်းသို့ ထိန်​းချုပ်လိုက်နိုင်ခြင်းအားဖြင့် လိုအပ်နေသော နေရာများ ဆင်းရဲသားနိုင်ငံသားများအတွက်နှင့် အများအကျိုးအတွက် နိုင်ငံအရင်းအမြစ်များကို ဝေမျှ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ဒီအချက်ဟာ နိုင်ငံအတွက် မတရားတာကို ကာကွယ်ခြင်းနှင့် သာတူညီမျှ စီမံခန့်​ခွဲခြင်းဖြစ်ပေသည်​။

 

♥ တည်ငြိမ်ခြင်းနှင့် အလေးထားခြင်​း

လူ့အဖွဲ့အစည်းကို ယဉ်ကျေးမှု နှင့် တရားမျှတစွာတိုးတက်စေဖို့ တတ်​စွမ်း​သလောက်ကြိုးစားကြပြီး တည်ငြိမ်အေးချမ်းဖို့၊ မိမိအလုပ်ကို အလေးအနက်ထားဖို့၊ ဝါတွင်းကာလဖြစ်သည့်အလျှောက် အမှန်တရားနှင့် တရားမျှတမှုကို သက်သေခံကြဖို့၊ အများကောင်းကျိုးကို ဦးစားပေးလုပ်ဆောင်ကြဖို့ ရဟန်းမင်းကြီး ဖရန်းစစ် အရှင်သူမြတ်မှ အီတလီနိုင်ငံ အစိုးရ စာရင်းစစ်ရုံးအဖွဲ့ဝင်များအား အားပေးခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-francis-italy-court...

 

#pope, #meet, #commongood, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

6 + 1 =