အများကောင်းကျိုးအတွက်ပုံဖော်ပေးနိုင်သော အလုပ်သမားရေးမူဝါဒ များကို ရေးဆွဲကြရန်တိုက်တွန်း

ဥရောပ ဆရာတော်ကြီးများ

ဥရောပ အဖွဲ့အစည်းဆရာတော်ကြီးများမှ မူဝါဒ ရေးဆွဲ​ရေး အဖွဲ့အား အများကောင်းကျိုးအတွက်ပုံဖော်ပေးနိုင်သော အလုပ်သမားရေးမူဝါဒ များကို ရေးဆွဲကြရန်တိုက်တွန်း

နိုဝင်ဘာလ ၂၇၊ ၂၀၁၈

နိုင်ငံတကာအလုပ်သမားအစည်းအရုံး သို့ ဥရောပ ဆရာတော်ကြီးများမှ မူဝါဒ ရေးဆွဲ​ရေး အဖွဲ့အား အများကောင်းကြိုးအတွက်ပုံဖော်ပေးနိုင်သော အလုပ်သမားရေးမူဝါဒ များကို ရေးဆွဲကြရန်တိုက်တွန်းခဲ့ပါသည်။

 

ဥရောပ အဖွဲ့အစည်းဆရာတော်ကြီးများ၊ ဥရောပ အဖွဲ့အစည်းကိုယ်စလှယ်တော်များ နှင့် ယုံကြည့်ခြင်းကို အခြေခံ​သော အဖွဲ့အစည်းများပူးပေါင်း၍ တစ်နှစ်တာ ညှိနိုင်ဆွေးနွေးခဲ့ကြသော အရာများမှ လူ့ဂုဏ်သိက္ခာနှင့်ပြည့်ဝကိုက်ညီသောအလုပ် အဆင့်အတန်း၊ ဘုရားသခင်ဖန်ဆင်းထားသော အရာများကိုကာကွယ်စောင့်ရှောက်ခြင်း စသည့် အဓိကအချက်နှစ်ခုကို ဖော်ပြထားပါသည်။

 

ဒီဂျစ်တယ်လောကပြောင်းလဲလာမှု၊ သဘာဝပြောင်းလဲလာမူအခြေအနေများကို အခွင့်အရေးအဖြစ်အသုံးချပြီး လူသားအားလုံးအတွက် ကိုက်ညီသော၊ တည်ငြိမ်သော၊ အားလုံးပါဝင်နိုင်သော အများကောင်းကျိုးအတွက်ဖြစ်သော အခြေအနေများကိုပုံဖော်ရန် လက်ရှိလက်​တလောပြောင်းလဲ​နေမှုများကိုထောက်ပြခဲ့ကြပါသည်။

 

တရားမျှတစွာ အလုပ်သမားပြောင်းလဲခြင်း၊ တရားမျှတစွာ အခွန်ကောက်ခံခြင်း၊ နိုင်ငံတကာ အလုပ်သမားအခွင့်အရေး၊ လူမှုစီးပွားရေးအခြေအနေများ မြှင့်တင်ကြရန် ဥရောပ အဖွဲ့အစည်းဆရာတော်ကြီးများမှ မူဝါဒ ရေးဆွဲ​ရေး အဖွဲ့အား အချက် ၁၇ ချက်ကို ထည့်သွင်းဖော်ပြထားပါသည်။ ယင်းအစည်းအဝေး တွင် တက်ရောက်လာသူများမှ အစည်းအဝေး ဆွေးနွေးချက်များအပြင် မိမိတို့၏ အမြင်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။

 

 

https://www.vaticannews.va/en/church/news/2018-11/comece-eu-ilo-work-lab...

#eu, #workerspolicies, #justice, #peterkm,

Photo credits to Vatican News

ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 1 =