Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အမေရိကအလယ်ပိုင်းမှရွှေ့ပြောင်းလာသော ဒုက္ခသည်များထဲမှ အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံသေဆုံး
အမေရိကအလယ်ပိုင်းမှရွှေ့ပြောင်းလာသော ဒုက္ခသည်များထဲမှ အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံသေဆုံး
ဒီဇင်္ဘာ ၂၆၊ ၂၀၁၈
အမေရိကအလယ်ပိုင်းမှရွှေ့ပြောင်းလာသော မက်စီကို နှင့် အမေရိကတော နယ်စပ်သို့ ရောက်ရှိနေကြ ဒုက္ခသည်များထဲမှ အသက်ရှစ်နှစ်အရွယ် ကလေးငယ် ယောကျ်ားလေး တစ်ဦး အအေးမိရောဂါကဲ့သို့ ရောဂါဖြင့် သေဆုံးခဲ့ပါသည်။ အမည်ဖော်ပြထားခြင်းမရှိသော ကလေးငယ်သည် ဖျားနာမူကြောင့် New Mexico ဆေးရုံသို့ ပိုဆောင်ကုသပေးခဲ့ပြီး ဆေးရုံမှ ပြန်ခွင့်ပြုခဲ့သော် လည်း ရောဂါအခြေအနေမှာ ပိုမိုဆိုးဝါး လာခဲ့သည်။ ဆေးရုံမှပြန်လည်လက်ခံကုသခဲ့သော်လည်း ခရစ္စမတ် နေ့ တွင် သေဆုံးသွားခဲ့ပါသည်။ ယခုကလေး သေဆုံးခြင်းသည် ရက်များမကြာမှီက အသက် ခုနနှစ် အရွယ် ကလေးမလေး ရေဓါတ်ခန်းခြောက်ပြီးသေဆုံးခဲ့ရမူ၏ နောက်ဆက်တွဲသေဆုံးမူဖြစ်ကြောင်း၊ ဆိုးဝါးသည့် အဖြစ်အပျက်နစ်ခုကို လူမူအဖွဲ့အစည်းများမှ ဖော်ပြခဲ့ပါသည်။
ရာပေါင်းများစွာသော ကလေးသူငယ်များ၊ အချို့မှာ အရမ်းငယ်သောကလေးငယ်များသည် မိဘများနှင့်အတူ စနစ်တကျ ကျူးလွန်ခံရသော ရာဇဝတ်မူများ၊ ပြင်းထန်သော ဆင်ရဲးမွဲတေမှုများကြောင့် ထွက်ပြေးလာကြရသူများဖြစ်ပါသည်။ အမေရိကအလယ်ပိုင်းမှရွှေ့ပြောင်းလာသော ဒုက္ခသည်များသည် ယခုလက်ရှိ ဟွန်းဒူးရပ်စ် ဒေသမှ မက်စီကို တောင်ပိုင်းရှိ Chiapas ဒေသသို့ ဆက်လက်ချီတက်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မက်စီကို နှင့် အမေရိက တို့ပူးပေါင်းပြီး ရွှေ့ပြောင်းဒုက္ခသည်များ အတွက် အလုပ် လုပ်ခွင့် ဗီဇာ ထုတ်ပေးရေး နှင့် အခြားသော အခြေအနေများကို လည်း ညှိနိုင်းဆောင်ရွက်နေကြကြောင်း အထူးသဖြင့် ကလေးသူများ အတွက် အထူးလုံခြုံစိတ်ချမူရှိဖို့ ကလေးငယ်တိုင်းရရှိရမည့် အခွင့်အရေး ကိုအပြည့်အဝပေးဖို့၊ ကီလိုမီတာ ထောင်ချီသွားကြမည့်လမ်းခရီးမှာ ကလေးငယ်များ လုံခြုံစိတ်ချရဖို့ လုပ်ဆောင်ကြရန်လည်းပြောပြခဲ့ပါသည်။ ဒုတိယကလေးငယ်သေဆုံးရခြင်းအရေးနှင့် စပ်လျှင်းပြီး အမေရိက နယ်စပ်လုံခြုံရေးအဖွဲ့များမှ သူတို့ထိန်းချုပ်မူနယ်ပယ်တွင်ရှိသော ဆေးစစ်မှုများပြုလုပ်နေကြောင်းလည်းဖော်ပြခဲ့ပါသည်။ ဗာတီကန်သတင်းဌာနမှ ကောက်နုတ်ဖော်ပြပါသည်။
https://www.vaticannews.va/en/world/news/2018-12/second-child-dies-unite...
#migrant, #child, #die, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment