အမေရိကန် နိုင်ငံ မြို့သုံးမြို့တွင် ကက်သလစ်ခရစ်ယာန် ဘာသာဝင်များနှင် ဗုဒ္ဓဘာသာ ဝင်များပူးပေါင်း၍ ဆင်းရဲသား များနှင့် အိမ်ယာမဲ့များကို ကူညီ

ဆင်းရဲသား များနှင့် အိမ်ယာမဲ့များအား ကူညီခြင်း

အမေရိကန် နိုင်ငံ မြို့သုံးမြို့တွင် ကက်သလစ်ခရစ်ယာန် ဘာသာဝင်များနှင် ဗုဒ္ဓဘာသာ ဝင်များပူးပေါင်း၍ ဆင်းရဲသား များနှင့် အိမ်ယာမဲ့များကို ကူညီ
စက်တင်ဘာလ ၁၃၊ ၂၀၁၈

https://www.vaticannews.va/en/church/news/2018-09/catholics-buddhists-us...

#greenaffordablehousing, #america, #catholicchurch, #buddhists, #peterkm,
Photo credit to vatican news, getty images
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

စိမ်းလန်းစိုပြည် တန်ဖိုးနည်းအိမ်ယာစီမံကိန်းကို အမေရိကန် နိုင်ငံမြို့သုံးမြို့တွင် ကက်သလစ်ခရစ်ယာန် ဘာသာဝင်များနှင် ဗုဒ္ဓဘာသာ ဝင်များပူးပေါင်း၍ ဆင်းရဲသား များနှင့် အိမ်ယာမဲ့များအား ကူညီခြင်းလုပ်ငန်းကိုစတင်အကောင်အထည်ဖော်နေကြပါသည်။ ရဟန်းမင်းအမတ် ကာဒီနယ် Jean Louis Tauran ၏ မျော်လင့် ချက်နှင့်ရည်ရွယ်ချက်ဖြစ်သော ဆင်းရဲသားများ၊ သက်ကြီးရွယ်အိုများ၊ အိုအိမ်မဲ့များ ကို ကူညီရန် စိမ်းလန်းစိုပြည် တန်ဖိုးနည်းအိမ်ယာစီမံကိန်းကို Brooklyn, Chicago နှင့် Los Angeles မြို့သုံးမြို့တွင် ကက်သလစ်သာသနာမှ ဦးစီးဦးဆောင်မှုပြုပြီး ဗဒ္ဓဘာသာ ဝင်များပါဝင်ပူပေါင်းကာ အကောင်အထည်ဖော်လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း ဆရာတော်
DiMarzio မှပြောကြားခဲ့ပါသည်။
ယင်း စိမ်းလန်းစိုပြည် တန်ဖိုးနည်းအိမ်ယာစီမံကိန်းတွင် သဘာဝပတ်ဝန်းကျင်ကိုထိမ်းသိမ်းခြင်းများ၊ သဘာဝတရားနှင့်ကိုက်ညီမှုများရှိစေရန်စီစဉ်ထားပြီး၊ လျှပ်စစ်ဓတ်အားအတွက်လည်း ဆိုလာနည်းပညာသုံး၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် စီစဉ်ထားသည်။
အိမ်ယာအဆောက်အဦးများတွင် တရားအားထုတ်နိုင်ရန် နှင့် ကမ္မဌာန်းထိုင်ရန် အခန်းများပြုလုပ်ပံ့ပိုးပေးရန် ယာထားပြီး
ဤနေရာ၌ သက်ကြီးရွယ်အိုများ ၊ အိုးမဲ့အိမ်မဲ့များ၊ ဒုက္ခိတများနှင့် ဝင်ငွေနည်းပါးသူများ အတွက် ဘဝလုံခြုံမှု၊ဘာသာတရားအစောင့်အရှောက်၊ သဘာဝတရားနှင့်ဆီလျော်စွာ နေထိုင်နိုင်ရန်မျှော်လင့်ထားကြောင်း စည်မံကိန်းအကောင်းအထည်ဖော်ဆောင်သူ ဆရာတော် DiMarzio မှပြောကြားခဲ့ပါသည်။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်ဖော်ပြပါသည်။

 

Add new comment

6 + 0 =