အမေရိကန် ဆရာတော်ကြီးများအဖွဲ့ချုပ် ရွေ့ပြောင်းနေထိုင်သူများ အရေးတာဝန်ခံ လည်းဖြစ် ကက်သလစ်လှုမူဖူလုံရေး တာဝန်ခံ ခေါင်းဆောင် ဆရာတော်ကြီးမှ အစိုးရ၏ နိုင်ငံရေးခိုလုံခွင့်မူဝါဒအပေါ် တုန့်ပြန် စာတစ်စောင်ထုတ်ခဲ့

ရွ့ပြောင်းနေထိုင်သူများ

အမေရိကန် ဆရာတော်ကြီးများအဖွဲ့ချုပ် ရွေ့ပြောင်းနေထိုင်သူများ အရေးတာဝန်ခံ လည်းဖြစ် ကက်သလစ်လှုမူဖူလုံရေး တာဝန်ခံ ခေါင်းဆောင် ဆရာတော်ကြီးမှ အစိုးရ၏ နိုင်ငံရေးခိုလုံခွင့်မူဝါဒအပေါ် တုန့်ပြန် စာတစ်စောင်ထုတ်ခဲ့
မတ်လ ၁၄၊ ၂၀၁၉

 

အမေရိကန် ဆရာတော်ကြီးများအဖွဲ့ချုပ် ရွေ့ပြောင်းနေထိုင်သူများ အရေးတာဝန်ခံ လည်းဖြစ်သူ ကက်သလစ်လှုမူဖူလုံရေး တာဝန်ခံ ခေါင်းဆောင် ဆရာတော်ကြီးမှ အစိုးရ၏ နိုင်ငံရေးခိုလုံခွင့်မူဝါဒ နှင့်ပတ်သက်ပြီး၊ တက်စပ် နှင့် မက်စီကို နယ်ခြားတွင် ရောက်ရှိနေသော ရွေ့​ပြောင်းလာသူများသည် အမေရိကတွင် နိုင်ငံရေးခိုလှုံခွင့်ရှာဖွေခြင်း၌ အမေရိကန်တရားရုံး၏ ဆင့်ခေါ်မူမတိုင်မီ မက်စီကို သို့ ပြန်သွားပြီးထိုမှ စောင့်နေရမည်ဟူသော အချက်ကို အဆုံးသတ်ပေးရန် တုန့်ပြန်သော စာတစ်စောင်ကို မတ်လ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

 

ဆင်းရဲမွဲ​တေမှု၊ အကြမ်းဖက်တိုက်ခိုက်ခံရမှု အခြေအနေအမျိုးမျိုးမှ မောင်းထုတ်ခံရသူများ ထွက်ပြေးတိမ်းရှောင်လာသူ နိုင်ငံ​ရေးခိုလှုံခွင့်​တောင်းခံနေသူဒုက္ခသည်များကို ဒုက္ခခံစားနေရသည် သခင်ခရစ်တော်အဖြစ် ရှုမြင်နိုင်ရန်ဆရာတော်ကြီးများမှ တိုက်တွန်းခဲ့ပါသည်။ မည်သူကိုမဆို ဥပဒေနှင့်ညိစွန်းနေသူဟု မသတ်မှတ်ဘဲ လိုအပ်သည်​များကို ကူညီရန် အဆင်သင့်ရှိကြောင်း၊ ဒုက္ခရောက်နေသူတွေကို တရားဥပဒေ များပြဌာန်းပြီး ပိုမိုဒုက္ခရောက်အောင် မလုပ်စေလိုကြောင်း ဆရာတော်ကြီးများမှ ဖော်ပြထားပါသည်။ အသက်လွတ်အောင် မိသားစု၊ အိုးအိမ်များစွန့်ပစ်ပြေးလာရသည့် ဒုက္ခသည်များကို မိမိတိုမိသားစုဝင်များ အဖြစ်ကြည့်မြင်ကြဖို့၊ ဒီလိုအဖြစ်ဆိုးမျိုးဖြစ်ပေါ်စေသော အခြေခံအကြောင်းအရင်းများကို အစိုးရ အနေဖြင်​့ ရှာဖွေဖြေရှင်းပေးခြင်း၊ ဖွံဖြိုးတိုးတက်မူများ လုပ်ဆောင်ပေးမှသာ ရွေ့ပြောင်းနေထိုင်​မူပြသနာ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ် မှလည်း ဒုက္ခရောက်နေသူ ရွေ့​ပြောင်းနေထိုင်သူများကို ကူညီကြဖို့ တိုက်တွန်းထာကြောင်း ဆရာတော်ကြီးများမှ ဖော်ပြထားပါသည်။

 

https://www.vaticannews.va/en/church/news/2019-03/united-states-bishops-...

#migrants, #uspolicy, # us, #usccb, # peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 16 =