အပြစ်မဲ့ သန္ဓေယူတော်မှုသော မယ်တော်မာရီယား၏ သားများ အသင်းဂိုဏ်း ကိုယ်စလှယ်များနှင့် ရဟန်းမင်းကြီး တွေ့ဆုံ

အပြစ်မဲ့ သန္ဓေယူတော်မှုသော မယ်တော်မာရီယား၏ သားများ အသင်းဂိုဏ်း ကိုယ်စလှယ်များနှင့် ရဟန်းမင်းကြီး တွေ့ဆုံ

အပြစ်မဲ့ သန္ဓေယူတော်မှုသော မယ်တော်မာရီယား၏ သားများ အသင်းဂိုဏ်း ကိုယ်စလှယ်များနှင့် ရဟန်းမင်းကြီး တွေ့ဆုံ
စက်တင်ဘာ ၂၀၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/pope-to-mary-immaculate-...

#pope, #vatican, #rvasia, #vocation, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

အပြစ်မဲ့ သန္ဓေယူတော်မှုသော မယ်တော်မာရီယား၏ သားများ အသင်းဂိုဏ်း တည်ထောင်သူ Giuseppe Frassinetti ကွယ်လွန်ခြင်းနှစ် ၁၅၀ ပြည့် အမှတ်တရကျင်းပရန်နှင့် အသင်းဂိုဏ်းညီလာခံသို့တက်ရောက်လာကြသော ကိုယ်စလှယ်တော်များကို ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ကြာသာပတေး နေက တွေ့ဆုံခဲ့ပါသည်။ အပြစ်မဲ့ သန္ဓေယူတော်မှုသော မယ်တော်မာရီယား၏ သားများ အသင်းဂိုဏ်း သည် လူငယ်များအတွက် ပညာရေးနှင့် ဘာသာရေးခေါ်တော်မူခြင်းအသက်တာကို လုပ်ဆောင်နေသော အသင်းဂိုဏ်းဖြစ်ပါသည်။ ဘာသာရေး အသက်တာ ခေါ်တော်မူခြင်းဆိုင်ရာ နှင့်စပ်လျှင်ပြီး ရဟန်းမင်ကြီးမှ
ကောင်းမွန်သောမျိုးစေ့များ အလေအလွင့်မရှိဘဲ အမြစ်စွဲပေါက်စေရန် ဘုရားသခင်၏ ခေါ်တော်မှုခြင်းပျိုးခင်းတွင် ကောင်းမွန်စွာ အတူတကွပြင်ဆင်ပေးရန်လိုကြောင်း ပြောကြားခဲ့ပြီး
မကြာမှီ ကျင်းပမည့် လူငယ်များအရေး ဆိုင်ရာ ဆရာတော်ကြီးများညီလာခံတွင် ဘာသာရေးအသင်းဂိုဏ်း များကို ဖိတ်ကြားကာ လူငယ်များ၏ ခေါ်တော်မူခြင်းအသက်တာအတွက် ပါဝင်ဆောင်ရွက်ကြရန် စီစဉ်ထားကြောင်း၊ လူငယ်မျိုးဆက်သစ်များကို ချစ်ခင်ကြင်နာမှုနှင့် သူတို့၏ ဘဝလမ်းကို မှန်ကန်စွာရွေးချယ်နိုင်ရန် ဘုန်းတော်ကြီးများ ဘာသာဝင်များ ပူပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

 

Add new comment

3 + 6 =