Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရဟန်းမင်းကြီး လူထုပရိတ်သတ်နှင့်တွေ့ဆုံခြင်း
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရဟန်းမင်းကြီး လူထုပရိတ်သတ်နှင့်တွေ့ဆုံခြင်း
စက်တင်ဘာလ ၂၆၊ ၂၀၁၈
https://www.vaticannews.va/en/pope/news/2018-09/pope-francis-general-aud...
#pope, #generalaudience, #vatican, #rvasia, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရဟန်းမင်းကြီး လူထုပရိတ်သတ်နှင့်တွေ့ဆုံခြင်းတွင် Baltics နိုင်ငံများသို့ သွားရောက်ခဲ့ခြင်းရည်ရွယ်ချက်နှင် ခရီးစဉ်အကြောင်းကို ဝေမျှခဲ့ပါသည်။
ဆိုဗီယက်နှင် နာဇီ တို့၏ ဒဏ်ကိုပြင်းထန်စွာခံစားခဲ့ရပြီး လွတ်လပ်ရေး ရခြင်း နှစ်တစ်ရာပြည့်ပွဲ ကျင်းပခဲ့သော လစ်သွေးနီယာ၊ လပ်ထ်ဗီယာ နှင့် အက်စ်တိုးနီယာ နိုင်ငံများသို့ သိုးထိန်း ခရီးစဉ်အဖြစ်သွားရောက်ခဲ့ပါသည်။ ကရုဏာတရား၊ သနားကျင်နာမှု့ နုညံသိမ်မွေ့မှု့တို့နှင့် သမ္မာတရား ၏ ပျော်ရွှင်မှု့တို့ကိုကြေငြာရန် ရည်ရွယ်ချက် ဖြင့်သွားရောက်ခဲ့ခြင်းဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မေတ္တာတရား၊ ဘုရား၏မေတ္တာတော် မပါဘဲ လွတ်လပ်မှု့တစ်ခုတည်းနှင့် ဘဝအတွက်ပြည့်ဝသော အဓိပ္ပါယ် ကိုမပေးစွမ်းနိုင်သောကြောင်ဖြစကိုသည်။ ဒုက္ခရောက်သောအချိန်တွင် သမ္မာတရားသည် လွတ်လပ်မှု ကိုရယူသိမ်းပိုက်ရန် ခွန်အားပေး၊ ထိမ်းသိမ်းပေးပြီး၊ လွတ်လပ်ချိန်တွင် သမ္မာတရားသည် ဆားကဲ့သို့ ကျွနု်ပ်တို့ဘဝထဲတွင် ငြိမ်ချမ်းမှု့ရသကိုပေးပြီး တကိုကောင်းဆန်ခြင်း၊ အကျင့်ပျက်ခြစားခြင်း နှင့် ရေသာခိုအခြောင်လိုက်မှုများကို ကာကွယ်ပေးပါသည်။
ဗီးလ်နုစ်မြို့တွင် လူငယ်များနှင့်တွေ့ဆုံခြင်ရာတွင် သခင်ခရစ်တော်၌ ကျွနု်ပ်တို့၏မျှော်လင့်ခြင်းကိုတွေ့ရှိခဲ့ပါသည်။ ရီဂါ တွင် သက်ကြီးရွယ်အိုများနှင့်တွေဆုံခြင်းတွင် မျော်လင်ြ့ခင်းနှင့်စိတ်ရှည်ခြင်းသည် ကျွနု်ပ်တို့ဘဝကို အကျိုးပြုကြောင်းဆက်စပ်သွန်သင်ခဲ့ပါသည်။ ယင်းယုံကြည်ခြင်းကြောင့်သာ ရဟန္တာပေါင်းမြောက်များစွာနှင့် ဘုန်းတော်ကြီးများ၊ ရဟန်းဖြစ်သင်ကျောင်းသားများ၊ သူတော်စင်ဂိုဏ်းဝင်များ၊ မိမိဘဝကို ဘုရားသခင်ထံဆက်ကပ်ထားသူများတို့သည် ဘုရားကို မိမိဘဝနှင့် သက်သေပြခဲ့ကြသည်။
အချိန်တွေပြောင်းလဲ အုပ်ချုပ်မှု့တွေပြောင်းလဲလာသော်လည်း မယ်တော်သခင်မ၏ ကြားဝင်ဆုတောင်းပေးခြင်း သနားကြင်နာခြင်းတို့သည် မပြောင်းလဲဘဲ မျှော်လင့်ခြင်း အပြည့်အဝဖြင့် အားပေးနှစ်သိမ့်ပေးနေသည်။ Kaunas, Aglona နှင့် Tallinn တွင် ဟောကြားခဲ့သော မစ္ဆားတရား တော်မြတ်များအားဖြင့် လူ
တို့၏ ခရစ်ယာန်အသက်တာကိုပိုမိုနိုးထရှင်သန်စေခဲ့ကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အင်္ဂလိပ်စကားပြောသော နိုင်ငံများမှလာရောက်ကြသော လူထုပရိတ်သတ်များ၊ ရဟန်းဖြစ်သင်ကျောင်းသားများ နှင့် မိသားစုဝင်များကို နုတ်ဆက်ကောင်ချီးပေးခဲ့ပါသည်။
Add new comment