အန်ဂျေလူးမေတ္တာဆိုသည့် နေရာမှ ပုပ်ရဟန်းမင်းကြီး:- ဘုရားသခင်သည် လူတိုင်းအတွက် မင်္ဂလာဆောင်ပွဲ‌တော်ကို ပြင်ဆင်၏။

အန်ဂျေလူးမေတ္တာဆိုသည့် နေရာမှ ပုပ်ရဟန်းမင်းကြီး:- ဘုရားသခင်သည် လူတိုင်းအတွက် မင်္ဂလာဆောင်ပွဲ‌တော်ကို ပြင်ဆင်၏။

အန်ဂျေလူးမေတ္တာဆိုသည့် နေရာမှ ပုပ်ရဟန်းမင်းကြီး:- ဘုရားသခင်သည် လူတိုင်းအတွက် မင်္ဂလာဆောင်ပွဲ‌တော်ကို ပြင်ဆင်၏။

တနင်္ဂနွေနေ့ အန်ဂျေလူးမေတ္တာဆိုသည့်နေရာမှ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကသခင်ဘုရား၏ မင်္ဂလာဆောင်ပွဲသို့ ဖိတ်ကြားချက်ကို လက်ခံရုံမျှနှင့်မလုံလောက်၊ စိတ်နှလုံးပြောင်းလဲသော စကားစမြည်‌ပြောခြင်းဟူ သော ခရီးစဉ်ကိုလည်း ဖွင့်ထားရန် လိုအပ်ကြောင်း မိန့်ကြားခဲ့ပါသည်။ စိန့် ပီတာရင်ပြင်၌ အန်ဂျေလူးမေတ္တာဆိုရန် စုဝေး‌နေကြသော တရားနာပရိတ်သတ်အား "လူသားတို့ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ အကြံအစဉ်တော်ကို" ထောက်ရှုစေခဲ့ပါသည်။ တနင်္နွေနေ့ ထောက်ရှုရမည့်ကျမ်းချက်ဖြစ်သည့် (ရှင်မာတေဦး ၂၂း ၁-၁၄) တွင် သခင်ခရစ်တော်သည် "သားတော်အတွက်;မင်္ဂလာဆောင်ပွဲတစ်ခု ကျင်းပမည့် ဘုရင်မင်းမြတ်၏ ပုံဥပမာကိုပြန်ပြောပြသည်။"

"ရက်ရောခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်း "

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က ဤပုံဥပမာသည်ခမည်းတော်ဘုရား၏ ရက်ရောမှုနှင့်လူသားမျိုးနွယ်အပေါ် လွန်ကဲစွာချစ်မြတ်နိုးခြင်း၏ ပုံရိပ်တစ်ခုဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။ သို့သော် မူလဖိတ်ကြားထားသည့် လူများသည် ပွဲတော်တက်ရန် ငြင်းဆန်ကြခဲ့သည်။ ထိုနည်းတူ ကျွန်ုပ်တို့သည်လည်း မိမိတို့အကျိုးစီးပွားနှင့် စည်းစိမ်ပစ္စည်းများကို မိမိတို့ကို ခေါ်တော်မူသော သခင်ဘုရားထက် မကြာခဏ ဦးစားပေးတတ်ကြသည်။ ” ဘုရင်သည် သူ၏ နိုင်ငံတော်လက်ဆောင်များကိုဝေမျှရန်၊ ဆန္ဒရှိ‌သော‌ကြောင့် ဆက်လက်ကြိုးစားခဲ့ပြီး၊ မိမိ၏ အစေခံများအား မည်သည့်နေရာမှ ဖြစ်စေ တွေ့သမျှလူတို့ကို ဖိတ်ကြားရန်“ အမိန့်ပေးခဲ့သည်။ ဘုရားသခင်သည် ငြင်းပယ်ခြင်းခံရသောအခါ အရှုံးပေးမည့်အစား မည်သူတစ်ဦးတစ်ယောက်မျှ ချန်လှပ်ထားခြင်းမပြုပဲ တွေ့သမျှလူတို့အား ဖိတ်ခေါ်ရန် အစေခံများအား အမိန့်ပေးခဲ့သည်။

"အစွန်အဖျားများ၌ ဟောပြောခြင်း"

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ရှင်မာတေဦး ဧဝံဂေလိကျမ်းရေးသူ၏ “ လမ်းအကန့်အသတ်များ” အတွက်အသုံးပြုသောအသုံးအနှုန်းကိုပြန်လည်သုံးသပ်သည်။ ဂရိစကား အသုံးအနှုန်းသည် “ မသေချာ၊ မရေရာလှသော ဘဝများရှင်သန်ရာ၊ လူနေရပ်ကွပ်များ၏ ပြင်ပနေရာများ၊ လူနေခေါင်သောအရပ်များသို့ ဦးတည်ကာ စတင်သည့်လမ်းများနှင့် မြို့ပြလမ်းများအဆုံးသတ်သည့် အမှတ်များကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ရှင်းပြတော်မူခဲ့သည်။ ထိုဒေသများရှိ လူတို့သည် လူ့အဖွဲ့အစည်းမှ ဖယ်ထုတ်ခြင်းခံရ၍ နယ်စွန်နယ်ဖျား၌ ရောက်နေကြသူများ၊ ရှင်ဘုရင်မှ မိမိပွဲ‌တော်သို့ ဖိတ်ခေါ်တော်မူသောသူများ ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ရှင်းပြတော်မူခဲ့ပါသည်။ “ အသင်းတော်သည် နေ့စဉ်လမ်းများသို့လူများထံသွားရောက်ကြရန် ဖိတ်ခေါ်ခြင်းခံရကြောင်း။ ဆိုလိုသည်မှာ လူသားတို့၏ပထဝီအနေအထားနှင့် လူ့လောက၏ လူ့အသိုင်းအဝိုင်းအပြင်ဘက်သို့ရောက်ရှိနေမှု၊ လူသူမရောက်သည့်နေရာများ၊ မျှော်လင့်ချက်မဲ့စွာဖြင့် ဘဝကိုရှင်သန်ကြရသူမျသည် စခန်းထူထောင်၍ နေထိုင်ကြသူများသည် ထိုကဲ့သို့သော အခြေအနေမျိုးတွင် နေထိုင်ရကြောင်း‌ မြွက်ကြားခဲ့ပါသည်။

"နှလုံးသားနှင့်လူမှုအဖွဲ့အစည်းများကိုဖွင့်လှစ်ခြင်း"

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က "ကျွန်ုပ်တို့သည် ဧဝံဂေလိလုပ်ငန်းနှင့်ချစ်ခြင်းမေတ္တာလုပ်ငန်း၌ ရပ်တန့်၍မနေရန် ဖိတ်ခေါ်ခြင်းခံရသည်။ ၎င်းအစားကျွန်ုပ်တို့သည် လူတိုင်းနှင့်‌သော်လည်း‌ကောင်း ၊ အဖွဲ့အစည်းမှ ပထုတ်ခံရသောသူများထံ၌လည်း ဧဝံဂေလိတရား‌ တော်မြတ်ကို ဝေငှနိုင်ရန် ကျွန်ုပ်တို့၏ နှလုံးသားတံခါးများနှင့် အဖွဲ့အစည်း တံခါးများဖွင့်လှစ်ရပါမည်။" ဟူ၍ မိန့်ကြားခဲ့ပါသည်။ ဘုရားရှင်သည် “ ဖြောင့်မတ်သောသူနှင့် အပြစ်သားများ၊ ကောင်းသူနှင့် မကောင်းသူ၊ အသိဉာဏ်ရှိသူနှင့်မရှိ လူအားလုံးအတွက် ပွဲတော်ကို ပြင်ဆင်ခဲ့သည်။

"သနားခြင်းကရုဏာဝတ်ရုံ" ကိုလက်ခံခြင်း သို့သော် ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က ဆက်လက်၍ ဟောကြားထားသည်မှာ " ပွဲတော်သို့တက်ရောက်သူများအတွက် သခင်ခရစ်တော်သည် သူတို့အား မင်္ဂလာဆောင် စားသောက်ပွဲ ခန်းမ‌ တော်ထဲသို့ ဝင်ရန် လက်ခံရရှိထားသော ဝတ်ရုံကို ၀တ်ဆင်ရမည် ဟူသော အခြေအနေတစ်ခုကို သတ်မှတ်ထားခဲ့သည်။" သခင်ယေဇူး၏ ဥပမာတွင် "ရှင်ဘုရင်သည် အဝတ်ကို ဝတ်ရန်ငြင်းဆန်သောလူကို တွေ့မြင်သဖြင့် ထိုသူအား အပြင်သို့ချရန် အမိန့်ပေးခဲ့သည်။" ပုပ်ရဟန်းမင်းကြီးက“ မင်္ဂလာဆောင် ၀တ်စုံဟူသည် ဘုရားသခင်ပေးသော ကရုဏာကိုကိုယ်စားပြုသည်။ သခင်ဘုရား၏ နောက်‌တော်သို့လိုက်ရန် ဖိတ်ကြားချက်ကို လက်ခံရုံဖြင့်မလုံလောက်ပေ။ နှလုံးသားကိုပြောင်းလဲစေသောစကားစမြည်‌ပြောခြင်းခရီးကို စတင်ဖွင့်ရန်လည်း လိုအပ်ကြောင်း မိန့်ကြားခဲ့ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား“ ကရုဏာသနားခြင်းဝတ်ရုံဟူသော ကျေးဇူးတော်ကို ကျွန်ုပ်တို့အား အဆက်မပြတ် ပေးဝေနေသည်။ ၎င်းကိုအံ့အားသင့်ခြင်းနှင့် ဝမ်းမြောက်ဝမ်းသာကြိုဆိုလက်ခံရန်လည်းတောင်းဆိုထားသည်။

နောက်ဆုံး၌ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က "ဘုရားရှင်သည် ကျွန်ုပ်တို့အား သူ၏စားပွဲတော်၌ ကယ်တင်ခြင်းကျေးဇူးတော်ကို ပေးသနားရန် ဖိတ်ခေါ်ကြောင်းကို လူတိုင်းထံကြားပြောရင်း၊ ကျွန်ုပ်တို့၏ ဘောင်ခတ်ကန့်သတ်မှုများနှင့် အမြင်ကျဉ်းမှုများမှ ရုန်းထွက်နိုင်ရန် မယ်တော်သခင်မသည် ကျွန်ုပ်တို့အား ကူညီစောင်မတော်မူပါစေ။"ဟူ၍ ဆုတောင်းခဲ့ပြီး ဩဝါဒတရားတော်မြတ်ကို အဆုံးသတ်ခဲ့ပါသည်။

 

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/34Qj6Aa

Add new comment

3 + 2 =