အန်ဂျေလူးမေတ္တာဆိုသည့်နေရာမှ ပုပ်ရဟန်းမင်းကြီး : “အာဒ်ဝင်တူးကာလသည် ပြောင်းလဲခြင်း၏ ခရီးစဉ်တစ်ခုဖြစ်သည်”

အန်ဂျေလူးမေတ္တာဆိုသည့်နေရာမှ ပုပ်ရဟန်းမင်းကြီး : “အာဒ်ဝင်တူးကာလသည် ပြောင်းလဲခြင်း၏ ခရီးစဉ်တစ်ခုဖြစ်သည်”

ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" သည် အာဒ်ဝင်တူးကာလ ဒုတိယအကြိမ် တနင်္ဂနွေနေ့တွင် အန်ဂျေလူးမေတ္တာဆိုသည့်နေရာမှ ယုံကြည်သူများအား “အာဒ်ဝင်တူးကာလသည် ပြောင်းလဲခြင်း၏ ခရီး စဉ်တစ်ခုဖြစ်ကြောင်း၊ သခင် ဘုရားအား လက်ခံရန် ပြင် ဆင်နေကြသည်နှင့်အမျှ ပြောင်းလဲခြင်း၏ ခရီးစဉ်တစ်ခုကို လက်ခံဆောက်ရွက်ရန် ဖိတ်ကြားခဲ့ပါသည်။”

ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" က အာဒ်ဝင်တူးကာလ ဒုတိ ယအကြိမ် တနင်္ဂနွေနေ့၏ ဧဝံဂေလိကျမ်းချက်ဖြစ်သည့် (မာကု ၁: ၁-၁၈) သည် ယုံကြည်ခြင်း၏ ခရီးစဉ်တစ်ခုဖြစ်သည့်အပြင် အာဒ်ဝင်တူး၏ တောင်းဆိုချက်ဖြစ်‌သော “ခရစ္စမတ်အချိန်သည် သခင်ခရစ်တော်ကို လက်ခံရန်၌ မိမိကိုယ်ကို ပြင်ဆင်ခြင်းနှင့် တူညီနေကြောင်း” ထောက်ရှုချက်ကို ဖော်ပြခဲ့ပါသည်။

စိန့် ပီတာ ရင်ပြင်ရှိ အန်ဂျေလူးစ်မေတ္တာဆိုသည့် နေရာမှ အမှာစကားပြောကြားနေစဉ် ပုပ်ရဟန်းမင်းကြီးက - “ထိုကျမ်းပိုဒ်သည် ဆေးကြောခြင်းကိုပေးသော 'သံယောဟန်' ၏ ပုံသဏ္ဌာန်နှင့် လုပ် ငန်းကို မိတ်ဆက်ပေးပြီး “ပြောင်းလဲခြင်း” သည် ဘုရားသခင်နှင့် သူ၏နိုင်ငံ တော်ကို ရှာဖွေခြင်း နှင့် နောင်တ တရား၏ လမ်းစဉ်တွင် ပြောင်းလဲခြင်းကို ကျွန်ုပ်တို့အား ပြင်ဆင်ခြင်းကို မိတ်ဆက်ပေးခြင်း ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

“ပြောင်းလဲခြင်း” ဆိုတာ ဘာကိုဆိုလိုတာလဲ???

ပထမဦးစွာ “ပြောင်းလဲခြင်း” ဟူသောစကားလုံး၏ အဓိ

ပ္ပာယ်ကို ထောက်ရှုခဲ့သည်။ “သမ္မာကျမ်းစာထဲမှာ ပြောင်း လဲခြင်းသည် ကျွန်ုပ်တို့၏ တွေး တောပုံကို ပြောင်းလဲရန်အတွက် တည်နေရာနှင့် ဦး တည်ချက်တို့ကို ပထမဦးစွာ ပြောင်းလဲခြင်းဖြစ်ကြောင်း၊ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးရာအသက်တာ၌ မကောင်း မှုမှ ကောင်းမှုသို့ပြောင်းလဲခြင်း၊ အပြစ်မှ ဘုရားသခင်ကို ချစ်ခြင်းသို့ ပြောင်းလဲခြင်း” ကိုဆိုလိုကြောင်း ပုပ်ရဟန်း မင်းကြီးက ရှင်းပြခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးက ပြောကြားသည်မှာ “အပြစ်များခွင့်လွှတ်ခြင်းအတွက် နောင် တရယူခြင်းတရားကို ဟော ကြားခြင်းအားဖြင့် ဆေးကြောခြင်းကိုပေးသော 'ယောဟန်' သည် ယုဒပြည်၊ သဲကန္တာရ၌ တရားတော်ကို သင်ကြားပေးခဲ့သည်။”

ဆေးကြောခြင်းခံယူခြင်းဆိုသည်မှာ - “ယောဟန်၏ တရားတော်ကို နားထောင်ပြီး နောင်တယူဖို့ ဆုံးဖြတ်သောသူများ၏ ပြောင်းလဲခြင်းကို မြင်နိုင်သော အမှတ်အသားတစ်ခု ဖြစ်သည်။ သို့သော် နောင်တသံဝေဂရပြီး ပြောင်း လဲခြင်းမရှိပါက တန်ဖိုးမရှိပေ။ ပြောင်းလဲခြင်းတွင် ပြုမိသောအပြစ်အတွက် နာကျင်ခြင်း၊ စွဲခြင်း ၎င်းတို့မှ လွတ် မြောက်၍ မိမိဘဝမှ ထာဝရပထုတ်ခြင်းတို့ ပါဝင်သည်။ အပြစ်ကို ရှောင်ကြဉ်ရာတွင် ၎င်းနှင့် ချိတ်ဆက်သော အရာများဖြစ်သည့် လောကစိတ် ဓာတ်၊ ပျော်မွေ့မှုအတွက်၊ စည်းစိမ်ဥစ္စာအတွက် ဇိမ်ခံ ပစ္စည်း အလွန်အမင်း မက် မောခြင်းတို့မှ ကြဉ်ရှောင်ခြင်း ဖြစ်သည်။”

“အပြစ်နှင့်လောကီမှ အစွဲကင်းခြင်း”

တစ်ဖန် သူကပြောကြားခဲ့သည်မှာ ဤဥပမာ၏ ပုံသက် သေသည် ယနေ့ ဧဝံဂေလိကျမ်းမှ ဆေးကြောခြင်းပေးသော 'ယောဟန်' ၏ “ပိုလျှံသည့်အရာကို စွန့်လွှတ်ပြီး လို အပ်ချက်ကို ရှာဖွေသော ပုံပန်း သဏ္ဍာန်မှ ပေါ်ထွက်လာခြင်းဖြစ်သည်။”

ပုပ်ရဟန်းမင်းကြီးက “အပြစ်နှင့်လောကီမှ အစွဲကင်းခြင်းသည် ပြောင်းလဲခြင်း၏ ပထမဦးဆုံး အသွင်အပြင် ဖြစ်ပါ သည်။ ပြောင်းလဲခြင်း၏ အခြား အသွင်အပြင်မှာ ဘုရား သခင်နှင့် သူ၏ နိုင်ငံတော်ကို ရှာဖွေခြင်းဖြစ်သည်။”

လောကစည်းစိမ်နှင့် လောကီစိတ်ဓာတ်ကိုစွန့်လွှတ်လိုက်ခြင်းနှင့်ပင် အဆုံးမသတ်ဘဲ ၎င်းထက်ကြီးမြတ်သည့် “ဘုရားသခင့်နိုင်ငံတော်၊ ဘုရားသခင်နှင့် တလုံးတဝတည်းဖြစ်ခြင်း၊ ဘုရားရှင်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းကို ရရှိရန် ရည်ရွယ်ချက်ထားရပါမည်။”

“ပြောင်းလဲခြင်းသည် ကျေးဇူးတော်ဖြစ်၏။”

ထို့ကြောင့် ပုပ်ရဟန်းမင်းကြီးက ပြောကြားရာတွင် “စုံစမ်းနှောင့်ယှက်ခြင်းထဲမှာ လဲကျဖို့ လွယ်ကူလှပါတယ်။ အမှန်တကယ် ပြောင်းလဲခြင်းဆိုတာ မဖြစ်နိုင်ပါဘူး၊ လောကီမှ ဘုရားသခင်ထံသို့ ပြောင်းလဲခြင်းအစား ကျွန်ုပ်တို့ဟာ သာ မန်ဖြစ်တည်မှု နွံထဲကနေ ရုန်း ကန်ကြိုးစားကြရတယ်။ ဒီကိစ္စ တွေမှာ ကျွန်ုပ်တို့ ဘာတွေလုပ်နိုင်မှာလဲ? ဦးဆုံးအနေနှင့် ပြောင်းလဲခြင်းဆိုတာ ဘုရားသခင်အား ရဲရင့်စွာတောင်းခံခြင်းအတွက် ကျေး ဇူးတော်ဖြစ်ကြောင်း သတိရကြပါ။ လှပတဲ့အရာတွေဖြစ်တဲ့ ကောင်းမြတ်ခြင်း၊ ဘုရားသခင်၏ နူးညံ့သိမ်မွေ့ခြင်း၊ မကောင်းမှုကို ချန်လှပ်ထား၍ စစ်မှန်သော၊ လှပ သော၊ အစဉ်အမြဲတည်သော၊ အရာတည်းဟူသော အရာတို့ ရှိရာဆီသို့ပြေးရန် မိမိတို့ဘဝကို ဖွင့်ထားရမည်။” ဟူ၍ ယုံကြည်သူများအား ဖိတ်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" သည် နိဂုံးချုပ်အနေဖြင့် “ကျွန်ုပ်တို့သည် အင်္ဂါနေ့တွင် အပြစ်မဲ့သန္ဓေယူသော "မယ် တော်သခင်မပွဲနေ့ကြီး" ကို ကျင်းပကြမည်ဖြစ်သည်။ မယ်တော်သည် ကျွန်ုပ်တို့အား အပြစ်နှင့် လောကီအရာများမှ ကင်းဝေးနိုင်ကြရန် ကူညီစောင် မ၍ ကျွန်ုပ်တို့သည် ဘုရားရှင်ထံသို့ လှည့်၍ ဘုရား၏ နှုတ်တော်ထွက်စကားနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအားဖြင့် ကယ် တင်ခြင်းရရန် ကူညီစောင်မပါမည့်အကြောင်း ဆုတောင်းကြပါ။” ဟူ၍ သတိပေးနှိုးဆော်လျက် နိဂုံးချုပ်ခဲ့ပါသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/370MupP

Add new comment

6 + 13 =