အန်ဂျေလူးမေတ္တာဆိုသည့်နေရာမှ ပုပ်ရဟန်းမင်းကြီးသည် လက်ဘနွန်၌ စည်းလုံးညီညွတ်မှုရှိရန် တောင်းဆို

အန်ဂျေလူးမေတ္တာဆိုသည့်နေရာမှ ပုပ်ရဟန်းမင်းကြီးသည် လက်ဘနွန်၌ စည်းလုံးညီညွတ်မှုရှိရန် တောင်းဆို

ပုပ်ရဟန်းမင်းကြီးဖရန့်စစ် သည် တနင်္ဂနွေနေ့ အန်ဂျေလူးမေတ္တာဆိုသည့်နေရာမှ လက်ဘနွန်၌ရှိသော အသင်းတော်အား သူတို့၏လူများနဲ့ နီးကပ်စွာနေကြရန် တောင်းဆိုခဲ့ပါသည်။

အရှင်သူမြတ်က“ယခုအတော အတွင်းတွင် ကျွန်ုပ်၏ စိတ်နှင့်အတွေးသည် လက်ဘနွန်ကို မကြာခဏစဉ်းစားနေကြောင်း" မိန့်ကြားခဲ့ပါသည်။

ပြီးခဲ့သည့်အပတ်က ဘေရွတ် ၌ ရုတ်တရက် ဖြစ်ပွားမှုကြောင့် အကြီးအကျယ်ပေါက် ကွဲမှု အပြီးတွင် ပုပ်ရဟန်း မင်းကြီးအရှင်သူမြတ်က“ပြီးခဲ့တဲ့အင်္ဂါနေ့ရဲ့ ဘေးအန္တရာယ်သည် လက်ဘနွန်လူမျိုးများနှင့်စတင်ပြီး မိမိတို့တိုင်းပြည်အတွက် လူတိုင်း၏ ဘုံအကျိုးအတွက် အတူတကွလုပ် ဆောင်ကြရန် တောင်းဆိုခဲ့သည်။”

အတူတူနေထိုင်နေတဲ့စံပြနမူနာ ပုပ်ရဟန်းမင်းကြီးက လက်ဘ နွန်၏ "ထူးခြားသော ဖြစ်စဉ်"

ဖြစ်သော ၎င်း၏ အချိန်ကာလတစ်ခုအတွင်း အတူတကွနေ ထိုင်ခြင်း ပုံစံတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ကြောင်းကို မှတ်ချက်ပြုခဲ့သည်။ ဤအချိန်တွင် တိုင်းပြည်တွင် အတူ တကွနေထိုင်ခြင်း၏ မခိုင်မာမှုကိုအသိအမှတ်ပြုရင်း ပုပ်ရဟန်း မင်းကြီးဖရန်စစ်က တိုင်း၏ စစ်မှန်သောပါ၀င်မှုနှင့် ဘုရားသခင်၏ ကူညီစောင်မခြင်းသည် လက်ဘနွန်သည် လွတ်လပ်၍ ခိုင်မာစွာ ပြန် လည်မွေးဖွားလာရန် ဆုတောင်းမေတ္တာပြုခဲ့သည်။

ပွင့်နေသော စိတ်နှလုံးသားများနှင့် လက်များ

အထူးသဖြင့် ပုပ်ရဟန်းမင်း ကြီး အရှင်သူမြတ်သည် လက်ဘနွန်ရှိ အသင်းတော်အား "လူအများနှင့် နီးကပ်စွာရှိနေပေးရန် သူတို့၏ ကာလ်ဝါရီ တောင်ခရီးလမ်းစဉ်တွင် ယ ခင်က အတူရှိနေပေးသကဲ့သို့ ယခုတွင်လည်း စည်းလုံးခြင်းနှင့် ဂရုဏာမေတ္တာစိတ်ထားကာ ကမ်းလင့်နေသော နှလုံး သားများနှင့် လက်များကို ဆန့်လျက်ရှိနေသင့်‌ ကြောင်း" မိန့်ကြားခဲ့ပါသည်။

ဆက်လက်၍ ပုပ်ရဟန်းမင်း ကြီးဖရန့်စစ်သည် သူ၏ ခံစားချက်များကို ထုတ်ဖော်ပြရာ တွင် “သုံးပါးသစ္စာခံ ဘုန်းတော်ကြီးများ၊ သူ တော်စင်များ၊ ဘုန်းတော်ကြီးများနှင့် လက်ဘနွန်ဘာသာရေးခေါင်း ဆောင်များသည် ပြည်သူများ ဒုက္ခဆင်းရဲခြင်းဆိုက်ရောက်နေသောအချိန်တွင် ဇိမ်ခံမနေပဲ လူများနှင့် နီးနီးကပ်ကပ်နေရန်နှင့် ဧဝံဂေလိတရား‌တော်နှင့်ဆိုင်သော ဆင်းရဲသည့်ဘဝပုံစံကိုနေထိုင်ရန်၊ ထပ်မံ၍ မေတ္တာရပ်ခံခဲ့သည်။

ဘာသာပြန်- စစ္စတာရ်လူစီ လားလ်နိုင်ကြိုင်း၊ SJA

https://bit.ly/30OiZV5

Add new comment

1 + 1 =