အန်ဂျေလူးစ် မေတ္တာဆိုသည့်နေရာမှ ပုပ်ရဟန်းမင်းကြီး : အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော်သခင်မ၏ပွဲတော်သည် ကျွန်ုပ်တို့အားပြောင်းလဲခြင်း၏လမ်းစဉ်ကို လျှောက်လှမ်းကြရန် နှိုးဆော်နေသည်။

အန်ဂျေလူးစ် မေတ္တာဆိုသည့်နေရာမှ ပုပ်ရဟန်းမင်းကြီး : အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော်သခင်မ၏ပွဲတော်သည် ကျွန်ုပ်တို့အားပြောင်းလဲခြင်း၏လမ်းစဉ်ကို လျှောက်လှမ်းကြရန် နှိုးဆော်နေသည်။

အသင်းတော်မှ ကျင်းပပြုလုပ်သော အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော်သခင်မ၏ ပွဲ တော်‌နေ့၊ အင်္ဂါနေ့တွင် အန်ဂျေလူးစ် မေတ္တာဆိုသည့်နေရာမှ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် ယုံကြည်သူခရစ် ယာန်များအား ဘုရားရှင်ထံမှ မယ်တော်ရရှိခဲ့သော အထူးကျေးဇူးတော်များကို မျှော်လင့်ခြင်းဖြင့် ရရှိကြသည့်အတိုင်း ပြောင်းလဲခြင်းလမ်းစဉ်ကို လိုက်လျှောက်ကြရန် တိုက် တွန်းနှိုးဆော်ခဲ့ပါသည်။

မယ်တော်သခင်မထံ ဆုလတောင်း မပြုမီ တရားတော်ကို ဟောကြားရာ၌ ပုပ်ရဟန်း မင်းကြီး အရှင်သူမြတ်က မယ် တော်သည် ထာဝရအသက်တာ၏ ကောင်းချီးမင်္ဂလာအ ကြောင်း ကျွန်ုပ်တို့အား မည်သို့ကမ်းလှမ်းသည်ကို ပြန် လည်သုံးသပ်၍ ဟောကြားသည်မှာ - “အပျိုကညာ 'မယ်ရီ' သည် သားတော် 'ယေဇူး' နှင့် ပြည့်ဝစွာပေါင်းစပ်ခြင်း၌ အစဉ်မပြတ်တည်မြဲရန် သန့် ရှင်းသောဝိညာဉ်တော်၏ တစ်ခုတည်းသော လုပ်ဆောင်မှုကြောင့် သူမ၏ ဘဝတစ် လျှောက်တွင် အပြစ်နှင့် ကင်းရှင်းနေသည်” ဟူ၍ မြွက် ကြားခဲ့သည်။

“ကျေးဇူးတော်နှင့် ပြည့်ဝခြင်း”

ပုပ်ရဟန်းမင်းကြီး 'ဖရန့်စစ်' က “(ဧဖက် ၁:၃-၆၊ ၁၁-၁၂)တွင် 'စိန့် ပေါလ်' ၏ ရေးသားချက်အတိုင်း၊ လူ သားတိုင်းသည် စုံလင်သော သန့်ရှင်းခြင်းအတွက် ဘုရား သခင်က ဖန်ဆင်းခြင်းဖြစ် သည်။ အစအဦး၌ မယ်တော်ပိုင်သည့် အရာသည်၊ ဘုရား ရှင်ကျေးဇူးတော်အားဖြင့် သန့် ရှင်းစင်ကြယ်ခြင်းကို ကျော်ဖြတ်ပြီးမှ နောက်ဆုံးအချိန်၌ ကျွန်ုပ်တို့ ပိုင်ကြရမည်” ဟု မြွက်ကြားခဲ့သည်။

“သခင်ဘုရားသည် သင်နှင့် အတူရှိတော်မူသည်”

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က “အပြစ်ကင်းသော ကလေးသူငယ်များပင်လျှင် မူရင်းအပြစ်တရား၏ အမှတ် အသားပြုခြင်းကို ခံကြရဖြစ်ပြီး ၎င်း၏ အကျိုးဆက်များကို တတ်အားမျှ ဆန့်ကျင်ခဲ့ကြရသည်။ 'ပရာဒီဇူးဘုံ' သို့ ပထမဆုံး၀င်ရောက်သူမှာ 'ယေဇူး' နှင့်အတူလက်ဝါး ကပ်တိုင်မှာ အသတ်ခံခဲ့သော သူနှစ်ဦးအနက်မှ တစ်ယောက်ဖြစ်သည်ကို ကျွန်ုပ်တို့ သိမှတ်ကြသည်။ ၎င်းသည် လူသားတိုင်းအတွက် ဘုရားရှင်ပေးသော ဘုရားကျေးဇူးတော် လက္ခဏာတစ်ခုဖြစ်သည်” ဟူ၍ မိန့်ကြားခဲ့သည်။

“သင်သည် မင်္ဂလာရှိ၏”

ပုပ်ရဟန်းမင်းကြီး 'ဖရန့်စစ်' က ယုံကြည်သူ ခရစ်ယာန်များ သတိရှိကြရန် သတိပေးခဲ့သည်။

“၎င်းသည် မိမိဘဝအသက်တာ၏ လေးလေးနက်နက် သုံးသပ်ခြင်းကို ရွေ့ဆိုင်းရန် လိမ္မာပါးနပ်ရန် မလိုအပ်ပေ။ သို့သော် သခင်ဘုရား၏ စိတ် ရှည်သည်းခံခြင်းကို အကျိုးရှိစွာ အသုံးပြုတတ်ရန် လိုအပ်သည်။ ယခု ပစ္စုပ္ပန်ကဲ့သို့ ဤနေ့ရက်ကို ဆုပ်ကိုင်နိုင်ရန် အ ကောင်းဆုံးအချိန်သည် မရှိပေ။” ဟူ၍ မိန့်ကြားခဲ့ပါသည်။

“အပြစ်သားများအတွက် ဆုတောင်းပေးပါ”

“လောကဓံကို ဖြတ်သန်းသွားတဲ့ အချိန်လေး‌တွေကို လော ကဆန်ဆန် ပျော်မွေ့နေတာမျိုးမဟုတ်ဘဲ ခရစ်ယာန်သ ဘောအရပဲ ဖြတ်သန်းပျော်မွေ့သင့်တယ်။ မကောင်းမှုကိုငြင်းဆိုပြီး၊ ဘုရားသခင်အား နား ထောင်ခြင်း၊ ဘုရားသခင်နှင့် အိမ်နီးချင်းများအား ကျွန်ုပ်တို့ ချစ်သင့်သည်အတိုင်း မချစ်သေးကြောင်း အသိအမှတ်ပြုပြီး မိမိကိုယ်ကို လက်ခံတတ်ရမည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အားနည်းချက်များကို အသိအမှတ်ပြုသည့်နှင့်တပြိုင် နက် ကျွန်ုပ်တို့သည် အာပါတ်ဖြေခြင်း စက္ကရမင်တူးမင်္ဂလာ ခံယူသင့်သည်။ ထို့နောက် ကျွန်ုပ်တို့ ပြစ်မှားသည့်အရာများကို ပြန်လည်ပြုပြင်သင့်သည်။”

“ယခုမှစ၍ ကျွန်ုပ်တို့ သေခါ နီးအချိန်တွင်”

ပုပ်ရဟန်းမင်းကြီး 'ဖရန့်စစ်' သည် နိဂုံးချုပ်အနေဖြင့် မှာ ကြားထားသည်မှာ - “ဤခက်ခဲသော ပြောင်းလဲခြင်းခရီးစဉ်သည် ကျွန်ုပ်တို့၏ "သန့်ရှင်းခြင်း" နှင့် "စင်ကြယ်ခြင်း" ဖြစ်လာစေ သော လမ်းကြောင်းဖြစ်သည်။ အမေ၏ သန့်ရှင်းသော အလှ အပသည် နှိုင်းယှဉ်၍ မရ‌ပေ။ သို့သော် တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့ကို ဆွဲဆောင်နေ သည်။ ကျွန်ုပ်တို့ကိုယ်ကို မယ်တော့်ထံအပ်နှံပြီး "အပြစ်ကို ငြင်းပယ်ရန်" နှင့် "ကျေးဇူးတော်ကို လက်ခံရန်" မိမိကိုယ်ကို အခွင့်ပြုကြပါစို့” ဟူ၍ မိန့်ကြားခဲ့ပါသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/375Id49

Add new comment

3 + 11 =