"အန်ဂျေလူးစ်မေတ္တာဆိုသည့်နေရာမှ ပုပ်ရဟန်းမင်းကြီး" "ကိုယ်တော်မြတ်စက္ကရမင်တူးသည် အခြားသူများကိုဂရုစိုက်ရန် ကျွန်ုပ်တို့ ခွန်အားပေးသည်"

"အန်ဂျေလူးစ်မေတ္တာဆိုသည့်နေရာမှ ပုပ်ရဟန်းမင်းကြီး" "ကိုယ်တော်မြတ်စက္ကရမင်တူးသည် အခြားသူများကိုဂရုစိုက်ရန် ကျွန်ုပ်တို့ ခွန်အားပေးသည်"

"အန်ဂျေလူးစ်မေတ္တာဆိုသည့်နေရာမှ ပုပ်ရဟန်းမင်းကြီး" "ကိုယ်တော်မြတ်စက္ကရမင်တူးသည် အခြားသူများကိုဂရုစိုက်ရန် ကျွန်ုပ်တို့ ခွန်အားပေးသည်"

တနင်္ဂနွေနေ့တွင် အန်ဂျေလူးစ် ဆုတောင်းမေတ္တာ မဆိုခင်အချိန်တွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ယုံကြည်သူဘာသာတူများအား ကိုယ်တော်မြတ်စက္ကရမင်တူးထံမှ ခွန်အားရယူကြရန်နှင့် အကူ အညီလိုအပ်နေသူများကို သနားကြင်နာမှုပြရန် တိုက်တွန်းခဲ့သည်။

သတင်းပေးသူအားဖြင့် ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က တနင်္ဂနွေအန်ဂျေလူးစ်မေတ္တာဆိုသည့် နေရာမှ သခင်ခရစ်တော်၏ ပေါင်မုန့်နှင့် ငါးနှစ်ကောင်ပွားများစေခြင်း အံ့ဖွယ်အမှု (မဿဲ ၁၄: ၁၃-၂၁) ကို ထောက်ရှုခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်မှ "သခင်ခရစ်တော်၏ နှုတ်တော်ထွက်စကား‌များနှင့် ကိုယ်ဟန်အမူအရာများသည် မျှော်လင့်ခြင်းကိုပြန်လည်ယူဆောင်လာပေးသောကြောင့် လူများတို့သည် သဲကန္တာရ၌ သခင်ယေဇူး၏ နှုတ်တော်ထွက်စကားကို နားထောင်ရန်သွားကြသည်” ဟု မိန့်ဆိုခဲ့ပါသည်။

"နေဝင်၍ စားသောသူတို့သည် အစာကိုရှာခြင်းငှါ လာကြသောအခါ တပည့်တော်တို့အား စားစရာ တစ်စုံတစ်ခုကို မိန့်တော်မူခဲ့သည်။"

ယေဇူးသခင်သည် ဤအခြေအနေကို သူ့မိတ်ဆွေများအား အခြားသူများအတွက် တာဝန်ယူဆောင်ရွက်ပေးသော ဘုရားသခင်၏ အကြံအစည်တော်ကို သင်ကြားရန်အတွက် အသုံးပြုခဲ့သည်။

ချစ်ခြင်းမေတ္တာကို အင်အားတစ်ခုအဖြစ် အမှတ်အသားဖြစ်စေခြင်း

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ဆက်လက်၍ မိန့်ကြားထားသည်မှာ "ယေဇူးသည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာရှိသည်ဟု ပြောသောအခါ သူ၏တပည့်တော်များကို ချန်မထားခဲ့။ မုန့်ကိုယူ၍ ချိုးဖဲ့ပြီးလျှင်၊ လူများတို့အား ဝေငှရန် တပည့်တော်တို့အား ပေးတော်မူခဲ့သည်။"

“ယေဇူးသည် သူ၏ ပင်ပန်းပြီး ငတ်မွတ်သော ကလေးများအပေါ် ခမည်းတော်၏ ရက်ရောမှုကို ခမ်းခမ်းနားနားမဟုတ်ဘဲ ချစ်ခြင်းမေတ္တာ၏ အမှတ်လက္ခဏာအဖြစ် တန်ခိုးတော်ကို ဖော်ပြခဲ့သည်။"

"ယေဇူးသခင်သည် လူသားများ၏ဘဝတွင် နှစ်မြှုပ်နေပြီး၊ ​​ကျွန်ုပ်တို့၏ အားနည်းချက်များနဲ့ ကန့်သတ်ချက်များကို နားလည်ပေးသည်။ သူ၏ နှုတ်ကပတ်တော်အားဖြင့် အာဟာရဖြည့်ဆည်းပေးသည်။"

ကိုယ်တော်မြတ်မုန့်တော်နှင့် နေ့စဉ်အစားအစာ

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် ဆက်လက်၍ မိန့်ကြားထားသည်မှာ "မုန့်များပွားခြင်းသည် ကိုယ်တော်မြတ်စက္ကရမင်တူးအား ပိုမိုသိသာမြင်သာစေသည်။

အရေးကြီးသည့် လိုအပ်ချက်တစ်ခုမှာ ထာဝရအသက်အတွက် မုန့်အာဟာရ (ကိုယ်တော်မြတ်မုန့်) နှင့် ကျွန်ုပ်တို့ရှင်သန်ရန်လိုအပ်သော နေ့စဉ်အစားအစာအကြား ဆက်နွယ်မှုဖြစ်သည်။

ခမည်းတော်ကို မိမိကိုယ်ကို ကယ်တင်ခြင်းမုန့်အဖြစ် ပူဇော်ခြင်းမပြုမီ သခင်ယေဇူးသည် သူနှင့်အတူနေဖို့ရန်အတွက် သူ၏ နောက်တော်သို့ လိုက်သောသူများနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက်လျစ်လျူရှုခံထားရသောသူများအတွက်လုံလောက်သော အစားအစာရှိစေလိုသည်။”

ပုပ်ရဟန်းမင်းကြီးသည် ဤသို့ပြောကြားရာတွင် ဝိညာဉ်ရေးရာနှင့် ပစ္စည်းအကြား ဆန့်ကျင်မှုမရှိကြောင်း ပြသခဲ့သည်။

ကြင်နာသနားခြင်း၊ ယုံကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်း

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် သခင်ခရစ်တော်၏ လူပရိသတ်အပေါ် သနားကြင်နာမှုနှင့် နူးညံ့သိမ်မွေ့မှုသည် “လူတို့၏လိုအပ်ချက်များကို ဂရုစိုက်သော ချစ်ခြင်းမေတ္တာကို ခိုင်လုံ‌ စွာ ထင်ရှားပြသခြင်းဖြစ်သည်။”

သန့်ရှင်းသောခမည်းတော်သည် သခင်ယေဇူး၏ စိတ်‌နေသဘောထားဖြစ်‌သော သနားကြင်နာခြင်းကို တုပခြင်းအားဖြင့် ကိုယ်တော်မြတ်၏ စားပွဲ‌တော်သို့ ချဉ်းကပ်ကြရန် လူတိုင်းအားတိုက်တွန်းခဲ့သည်။

"သနားကြင်နာခြင်းသည် အပြင်ပန်း စိတ်ကူးယဉ်ခြင်း သက်သက်မဟုတ်။ စစ်မှန်သော သနားခြင်းကရုဏာသည် အခြားသူများ၏ ခံစားချက်ကို ကိုယ်နှင့်အတူခံစားနေပြီး သူတစ်ပါး၏နာကျင်မှုကို မျှ‌ဝေခံယူနေခြင်းဖြစ်သည်။ ”
သနားကြင်နာခြင်းသည် အဖခမည်းတော်၏ စီမံထားသော ချစ်ခြင်းမေတ္တာတော်၌ ယုံကြည်ခြင်းနှင့် သတ္တိရှိရှိ ရဲရင့်စွာမျှဝေခြင်းကို ဆိုလိုသည်။

ညီအစ်ကိုများ၏ အသက်တာလမ်းခရီး

နိဂုံးချုပ်အနေနှင့် ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် "ခရစ်ယာန်အသက်တာခရီးစဉ်တွင် မယ်တော်သည် ကျွန်ုပ်တို့အား ကူညီပေးပါရန်ဆုတောင်းခဲ့သည်။ အထူးသဖြင့် ဤခက်ခဲ‌သော အခိုက်အတန့်လေးမှာ ဤကမ္ဘာကြီး၏ ဆင်းရဲနွမ်းပါးမှုနှင့် ဆင်းရဲဒုက္ခများကို ရင်ဆိုင်ဖို့ရန်အတွက်နှင့် ကမ္ဘာကြီးကိုကျော်လွန်၍ ကျွန်ုပ်တို့အား စီမံကိန်းချထားသည့်အတွက်ကြောင့် ဘုရားသခင်ထံမှ အစပျိုး၍ ဘုရားသခင်ထံသို့ ပြန်လာရမည့် အသက်တာလမ်းခရီးဖြစ်သည့်အတွက် ညီအစ်ကိုများ၏ အသက်တာလမ်းခရီးသည် မရှိမဖြစ်လိုအပ်သည်။" ဟူ၍ ဆုတောင်းမေတ္တာပို့သကာ ဩဝါဒတရားတော်ကို အဆုံးသတ်ခဲ့ပါသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/30mKPaA

Add new comment

17 + 1 =