အနီရောင် ဗုဒ္ဓဟူးနေ့

#RedWednesday
အနီရောင် ဗုဒ္ဓဟူးနေ့
နိုဝင်ဘာလ ၂၈၊ ၂၁၈

ယုံကြည်ခြင်းအတွက် ခွဲခြားဆက်ဆံခံရသူ လူနည်းစု ခရစ်ယာန်များ၊ ဘာသာတရားကြောင့် ညှင့်ပန်းနှိပ်စက် သတ်ဖြတ်ခံရသော ခရစ်ယာန်များနှင့်အတူရှိကြောင်းပြသသော အမှတ်လက္ခဏာ အဖြစ် သတ်မှတ်ထားသော ဘုရားကျောင်းများ၊ ကာသီဒရယ် ကျောင်းတော်ကြီးမှားတွင် အနီရောင်မီးများထွန်းလင်းခြင်းကို နိုဝင်ဘာလ ၂၈ ရက် ဗုဒ္ဓဟူးတွင် ပြုလုပ်ခဲ့ကြပါသည်။

 
လိုအပ်သူများကိုကူညီသော ကက်သလစ်အသင်းတော် ကရုနာရေး အဖွဲ့အစည်း မှဦးဆောင်ပြီး၊ ခရစ်ယာန်များတလုံးတဝတည်းရှိရေးလုပ်ဆောင်သော အဖွဲ့အစည်း၊ ACN သတင်းပြန်ကြားရေးဌာနတို့ပူပေါင်းပြီး တမ္ဘာလုံးရှိ မိမိ၏ယုံကြည်ခြင်းအတွက် ညှင်းပန်းနှိပ်စက်ခံရသော ခရစ်ယာန်များအတွက် အတူတကွ မျှဝေခံစားခြင်းအထိမ်းအမှတ်ကို ဖော်ပြရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဦးဆောင်သူ John Pontifex မှ ရှင်းပြခဲ့ပါသည်။
 
အနီရောင်ကိုရွေးချယ်ရခြင်းသည် အသင်းတော်အတွက် ယုံကြည်ခြင်းအတွက် အသက်ပေးသွားကြသူများအတွက် အသုံးပြုလေ့ရှိသောအရောင်ဖြစ်ခြင်း၊ ဒုက္ခအခက်ခဲရောက်နေခြင်းအတွက် လက်ဝါးကားတိုင်ကို သယ်ဆောင်ခြင်း အဓိပ္ပါယ် ကိုဖော်ဆောင်လို၍ ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် ဘာသာတရားယုံကြည်မှုအတွက် ညှင်းပန်းနှိပ်စက်ခြင်း၊ ဖိနှိပ်ချုပ်ခြယ်ခြင်းများပြုလုပ်ခံနေရသော ပါကစ်စ်တန်နိုင်ငံ၊ အီရတ်နိုင်ငံ၊ စီရီးယားနိုင်ငံ နှင့် တရုတ် နိုင်ငံများနှင့် အာဖရိက နိုင်ငံများမှ ခရစ်ယာန်များအတွက် အထူးရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါသည်။
 

ဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီးကူညီနေသော လိုအပ်သူများကိုကူညီရေးအသင်း၏ အစီရင်ခံစာအရ ကမ္ဘာလူဦးရေ၏ ၆၁ ရာခိုင်နုန်းသည် ဘာသာရေးလွတ်လပ်ခွင့်ကို အလေးမထား၊ ရိုသေလေးစားမှုမရှိသော နိုင်ငံများတွင်နေထိုင်နေရကြောင်း၊  ခရစ်ယာန် သန်း ၃၀၀၊ လူခုနှစ်ဦးတွင် တစ်ဦးနုန်းသည် လူအခွင့်အရေးချိုးဖောက်ခံရခြင်း၊ အကြမ်းဖက်တိုက်ခံနေရခြင်း၊ နှင့် သတ်ဖြတ်ခံရသော အခြေအနေတွင် နေထိုင်နေရကြောင်း ဖော်ပြထားပါသည်။

 
UK တွင်ရှိသော သတ်မှတ်ထားသည့်၊ ဘုရားကျောင်းများ သာမက လူနေအိမ်များကိုလည်း အနီရောင်မီးအလင်းရောင်များဖြင်ထွန်းလင်းဖုံးအုပ်နေစေရန် အားပေးခဲ့ကြကြောင်း၊ အနီရောင်အဝတ်အစား၊ အနီရောင်လည်စီးများဝတ်ဆင်ခြင်း၊ အနီရောင် ဖိနပ်များစီခြင်းဖြင့် အနီရောင်ဗုဒ္ဓဟူးနေ့ကို ပါဝင်လှုပ်ရှားစေခဲ့ကြောင်း၊ မိမိတို့အသုံးပြုနေသော လူမူကွန်ယှက် များတွင်လည်း အနီရောင်အမှတ်အသားများဖော်ပြစေခဲ့ကြောင်း၊ ဘာသာတရားအတွက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသူများနှင့်အတူရှိကြောင်း သူတို့အတွက်ဝမ်းနည်းကြေကွဲးကြောင်း၊ ဆုတောင်းမေတ္တာ ပိုသခြင်း၊ လုပ်ရှားမူများကိုလည်းဆောင်ရွက်ခဲ့ကြကြောင်း ဖော်ပြထားပါသည်။
 
ဗာတီကန်သတင်းဌာနမှ ကောက်န်ုတ်ဖော်ပြလိုက်ပါသည်။

https://www.vaticannews.va/en/church/news/2018-11/speaking-up-for-faith-and-freedom-on-redwednesday.html

#persecuted, #christians, #religiousfreedom, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 2 =